28
ဥပုသ်နေ့ သန်းလွဲ ခုနစ်ရက်တွင် ပဌမနေ့ အရုဏ်တက်ချိန် မာဂဒလမာရိနှင့် အခြားသောမာရိတို့သည် သင်္ချၖိုင်းတော်ကိုကြည့်ရှုရန် လာကြရာ ပြင်းထန်စွာငလျင်လှုပ်သည့်ပြင် 2-3 ထာဝရဘုရား၏စေတမန်တစ်ပါးသည် လျှပ်စစ်ပမာအဆင်း မိုးပွင့်ပမာ ဖွဲ့ဖြူနှင့် ကောင်းကင်မှဆင်းလာ၍ ကျောက်လုံးကိုလှိမ့်ဖယ်ပြီးလျှင် ထိုကျောက်ပေါ်တွင်ထိုင်နေသည့်အလျောက် အစောင့်အကြပ်တို့သည် ကြောက်ရွံ့တုန်လှုပ်လျက် သေငယ်သေကြ၏။ ထိုမိန်းမတို့အား စေတမန်တော်က မကြောက်ကြနှင့်။ ကားတင်ကြသောယေရှုကို သင်တို့ရှာကြောင်းငါသိ၏။ ကိုယ်တော်သည် ဤတွင်မရှိ။ မိန့်တော်မူခဲ့သည့်အတိုင်း ရှင်ပြန်ထမြောက်တော်မူပြီ။ စက်တော်မူနေသောနေရာကိုလာကြည့်ကြ။ သေသူတို့အထဲမှ ရှင်ပြန်ထမြောက်တော်မူကြောင်းကိုလည်းေကာင်း၊ ယခုပင်သင်တို့အရင် ဂါလိလဲနယ်သို့ကြွနှင့်ေတာ်မူမည့်အေလျာက်ထိုနယ်တွင်ဖူးတွေ့ကြရမည့်အကြောင်းကိုလည်းေကာင်း၊ တပည့်တော်တို့ထံအမြန်သွား၍ ပြန်ကြားကြလော့။ သင်တို့အား ငါကြားပြောပြီဟုဆို၏။ ထိုမိန်းမတို့သည် ကြောက်ရွံ့လျက် အလွန်ရွှင်လန်းလျက် သင်္ချၖိုင်းဂူတော်မှ အသော့ထွက်သွား၍ တပည့်တော်တို့ထံပြန်ကြားရန် ပြေးကြရာ ယေရှုသည်ဆီး၍ ကျန်းခံကြစေသောဟု မိန့်တော်မူသော် သူတို့ချဉ်းကပ်လျက် ခြေတော်ကိုဖက်၍ရှိခိုးကြ၏။ 10 ယေရှုကလည်း မကြောက်ကြနှင့်။ ဂါလိလဲနယ်သို့ငါ့ညီများ ထွက်သွားကြရမည့်အကြောင်းကိုလည်းေကာင်း၊ ထိုနယ်တွင် ငါ့ကိုဖူးတွေးရမည့်အကြောင်းကိုလည်းေကာင်း သွား၍ပြန်ကြားကြလော့ဟု မိန့်တော်မူ၏။
11 ထိုမိန်မတို့သွားကြသည့်ကာလ အစောင့်အကြပ်အချို့သည် မြို့တွင်းသိုဝင်၍ ဖြစ်ပျက်သမျှကိုပရောဟိတ်ကြီးတိုးအားကြားပြောကြသဖြင့် 12 ပရောဟိတ်ကြီးတို့ သည် လူကြီးတို့နှင့်စုရုံးတိုင်ပင်ပြီးလျှင် စစ်သည်တို့အား ငွေများစွာပေးလျက် 13 ညဉ့်အခါ အကျွန်ုပ်တို့ အိပ်ပျော်ခိုက် သူ့တပည့်များလာ၍ အလောင်းကိုခိုးသွားပါသည်ဟု သင်တို့ဆိုကြ၊ 14 ဘုရင်ခံမင်းကြားသိလျှင် သင်တို့၌ အမှုမရောက်စေခြင်းငှာ ငါတို့ဖြောင်းဖြမည်ဟုဆိုကြသည့်အတိုင်း 15 စစ်သည်တို့သည် ထိုငွေကိုယူပြီးလျှင် နှုတ်ပေးသွန်သင်ချက်ကိုလိုက်နာကြ၏။ ထိုစကားလည်း ယုဒလူမျိုးတွင် ယနေ့တိုင်နှံ့ပြားလျက်ရှိသတည်း။
16 ဆယ့်တစ်ပါးသော တပည့်တော်တို့မူကား ယေရှုမှာတော်မူရာ ဂါလိလဲနယ်ရှိတောင်ပေါ်သို့သွား၍ ကိုယ်တော်ကိုတွေ့မြင်သော် ရှိခိုးကြ၏။ 17 အချို့ကား ထင်ယောင်ထင်မှားရှိသေး၏။ 18 ထိုအခါယေရှုသည် သူတို့ထံချဉ်းလာတော်မူလျက် မိုးမြေတွင် အခွင့်အာဏာခပ်သိမ်းကို ငါအားအပ်နှင်းတော်မူပြီ။ 19 ထိုကြောင့် သွား၍လူမျိုးတကာကို ငါ့တပည့်များဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်၌ ဗတ္တိဇံမင်္ဂလာပေးလျက်၊ 20 သင်တို့အား ငါပညတ်သမျှကို စောင့်ရှောက်စေရန် သွန်သင်ကြလော့။ ယခုခတ်ကာလအဆုံးတိုင်အောင် သင်တို့နှင့်အတူနေ့စဉ်မပြတ် ငါရှိသည်ဟု မိန့်တော်မူ၏။