25
ထိုအခါ ကောင်းကင်နိုင်ငံတော်သည် မင်္ဂလာဆောင်သတို့သားကို ကြိုဆိုရန် မီးခွက်ကိုယ်စီဆောင်၍ ထွက်သွားသော အပျိုရံဆယ်ယောက်နှင့်တူလိမ့်မည်။ ငါးယောက်မိုက်၍ ငါးယောက်မှာသတိပညာရှိ၏။ မိုက်သူတို့သည် မီးခွက်ယူသည့်အခါတွင် ဆီမယူခဲ့ကြ။ သတိပညာရှိသူတို့မူကား မီးခွက်နှင့်တကွဘူးတွင်ဆီထည့်၍ ယူခဲ့ကြ၏။ မင်္ဂလာဆောင်သတို့သားကြန့်ကြာခိုက် အပျိုရံရှိသမျှသည် ငိုက်၍အိပ်ပျော်ကြစဉ်၊ သန်းခေါင်ယံ၌ကြည့်ကြ။ မင်္ဂလာဆောင်သတို့သားလာပြီ၊ ထွက်၍ကြိုကြဟူသောကြွေးကြော်သံကြားသော် ရှိသမျှတို့ထ၍မီးခွက်ပြင်ကြ၏။ 7-8 ထိုအခါ မိုက်သူတို့က ငါတို့မီးငြိမ်းတော့မည်။ သင်တို့ဆီအနည်းငယ်ပေးကြပါဟု သတိပညာရှိသူတို့အားဆိုသော် ငါတို့နှင့်သင်တို့ပါလောက်မည်မထင်။ ရောင်းသူတို့ထံသွား၍ ကိုယ့်အဖို့ဝယ်ယူကြပါဟု ပြန်ဆိုကြသည့်အတိုင်း၊ 10 ဆီဝယ်သွားခိုက် မင်္ဂလာသတို့သားရောက်လာသဖြင့် အသင့်ရှိနေသူတို့သည် မင်္ဂလာဆောင်ပွဲသို့လိုက်ပါဝင်သွားကြပြီးမှ တံခါးပိတ်ထားလေ၏။ 11 ထိုနောက်ကျန်ရစ်သောအပျိုရံတို့သည်လာ၍ အရှင်ဘုရား၊ အရှင်ဘုရား၊ ကျွန်မတို့အားဖွင့်ပေးပါဟု တောင်းကြသော် 12 မင်္ဂလာဆောင်သတို့သားက သင်တို့ကိုမသိ ငါအမှန်ဆိုသည်ဟု ပြန်ဆို၏။ 13 ထိုကြောင့်စောင့်နေကြလော့။ ထိုနေ့ရက် အချိန်နာရီကို သင်တို့မသိကြချေ။
14 တစ်နည်း၊ တစ်ခြားပြည်သို့သွားမည့်ဆဲဆဲတွင် ကျွန်များကိုခေါ်၍ ပစ္စည်းအပ်သောအရှင်နှင့်တူ၏။ 15 ထိုကျွန်တို့အရည်အခြင်းအေလျာက် တစ်ယောက်ကိုရွှေချိန်ငါးပိဿာ၊ တစ်ယောက်ကိုနှစ်ပိဿာ၊ တစ်ယောက်ကိုတစ်ပိဿာအပ်ပြီးလျှင် ခရီးသွားလေ၏။ 16 ငါးပိဿာရသူသည် ချက်ခြင်းသွား၍ ကုန်သွယ်သဖြင့် ငါးပိဿာအမြတ်ရ၏။ 17 နှစ်ပိဿာရသူလည်း နှစ်ပိဿာအမြတ်ရ၏။ 18 တစ်ပိဿာရသူကား သွား၍ အရှင့်ရွှေကိုမြေ၌ တူးမြှုပ်၏။ 19 ကာလရှည်ကြာပြီးနောက်အရှင်လာ၍ ကျွန်တို့နှင့်စရင်းရှင်းရာ 20 ငါးပိဿာရသူသည် အမြတ်ငါးပိဿာပါယူခဲ့၍ အရှင် ကြည့်တော်မူပါ။ အပ်ထားတော်မူသောငါးပိဿာဖြင့် အမြတ်ငါးပိဿရပါသည်ဟုလျှောက်သော် 21 အရှင်ကတော်လှပေပြီ။ သစ္စာရှိသောငါ့ကျွန်ကောင်း၊ နည်းပါးရာအပေါ်၌ သင်သစ္စာရှိသည်ဖြစ်၍ များပြားရာအပေါ်တွင်ငါခန့်ထားမည်။ သင့်အရှင်၏ရွှင်လန်းခြင်းကိုဝင်စားလော့ဟု ပြန်ဆို၏။ 22 နှစ်ပိဿာရသူလည်းလာ၍ အရှင် ကြည့်တော်မူပါ။ အပ်ထားတော်မူသောနှစ်ပိဿာဖြင့် အမြတ်နှစ်ပိဿာရပါသည်ဟုလျှောက်သော် 23 အရှင်ကတော်လှပြီ။ သစ္စာရှိသောငါ့ကျွန်ကောင်း၊ နည်းပါးရာအပေါ်၌ သင်သစ္စာရှိသည်ဖြစ်၍ များပြားရာအပေါ်တွင်ငါခန့်ထားမည်။ သင့်အရှင်၏ရွှင်လန်းခြင်းကိုဝင်စားလော့ဟု ပြန်ဆို၏။ 24 တစ်ပိဿာရသူကားလာလျက် အရှင် ကိုယ်တော်သည် ခဲ့ယဉ်းသောအရှင်ဖြစ်၍ ကိုယ်မစိုက်ဘဲလျက်ရိတ်ဖြတ်၊ ကိုယ်မလှေ့ ဘဲလျက်ကျီသွင်းတတ်သည်ကို သိသည့်အတိုင်း 25 ကျွန်တော်ကြောက်ရွံ့စွာသွား၍ အရှင့်ရွှေကိုမြေ၌မြှုပ်ထားပါသည်။ ကြည့်တော်မူပါ။ အရှင့်ရွှေရှိပါသည်ဟု လျှောက်သော် 26 အရှင်ကအချင်းကျွန်ဆိုး၊ ကျွန်ပျင်း၊ ငါသည်ကိုယ်မစိုက်ဘဲလျက်ရိတ်ဖြတ်၊ ကိုယ်မလှေ့ဘဲလျက်ကျီသွင်းတတ်သည်ကို သင်သိလျှင် ငါ့ရွှေကို ရွှေပွဲစားတို့ထံအပ်သင့်သည်။ 27 အပ်လျှင်အတိုးနှင့်တကွ ငါပြန်လာ၍ရလေပြီဟု မိန့်ဆိုပြီးနောက် 28 ထိုရွှေတစ်ပိဿာကိုနုတ်ယူ၍ ခွက်တစ်ဆယ်ရှိသူ့အား လွှဲအပ်ကြလော့။ 29 အသို့ဆိုသော် ရရှိသူတိုင်းအား ထပ်ပေးသဖြင့် ကြွယ်ဝလိမ့်မည်။ မရမရှိသူမှမူကား ရရှိသမျှကိုပင်နုတ်ယူလိမ့်မည်။ 30 အသုံးမရသောထိုကျွန်ကို ပြင်ပမှောင်ထဲသို့ပစ်ချလော့။ ထိုအရပ်၌ ငိုကြွေးခြင်း၊ အံကြိတ်ခြင်းရှိရလတ္တံ့ဟု အမိန့်ရှိ၏။
31 လူ့သားသည် ဘုန်းတော်ကိုဆောင်လျက် စေတမန်တော်အပေါင်းတို့နှင့်တကွကြွလာသော် 32 ဘုန်းတော်ဆိုင်ရာ ပလ္လင်ပေါ်တွင် စံ၍ လူမျိုးခပ်သိမ်းကို ရှေ့တော်တွင် စုရုံးေစပြီးလျှင် သိုးနှင့်ဆိတ်များကိုထိန်းေကျာင်းသူခဲွခြားသည့်နည်းတူခဲွခြားလျက်၊ 33 သိုးများကို ယာဘက်၊ ဆိတ်များကိုဝဲဘက်တော်တွင်ထားတော်မူလိမ့်မည်။ 34 ယာဘက်တော်တွင်ရှိနေသူတို့အား၊ ထိုဘုရင်မင်းက ငါ့ခမည်းတော်၏ ကောင်းကြီးမင်္ဂလာကို ခံရသူတို့၊ ဤလောကတည်သည့်ကာလက သင်တို့အဖို့ပြင်ဆင်ထားသောနိုင်ငံတော်ကိုလာ၍ပိုင်ယူကြ။ 35 အသို့ဆိုလျှင် ငါဆာမွတ်သော်ကျွေးမွေးခြင်း၊ ရေငတ်သော်တိုက်ခြင်း၊ အာဂန္တုဖြစ်သော် ဧည့်ခံခြင်း၊ 36 အဝတ်မဲ့သော်ဝတ်ခြုံခြင်း၊ နာသော်ပြုစုခြင်း၊ ထောင်ကျသော်ပြုစုခြင်းများကို သင်တို့ပြုကြသည်ဟု မိန့်ဆိုသည့်ကာလ။ 37 ထိုသူတော်ကောင်းတို့က အရှင်ဘုရားကိုယ်တော်ဆာမွတ်တော်မူရာ ကျွေးမွေးခြင်း၊ 38 ရေငတ်တော်မူရာတိုက်ခြင်း၊ အာဂန္တုဖြစ်တော်မူရာဧည့်ခံခြင်း၊ 39 အဝတ်မဲ့တော်မူရာ ဝတ်ခြုံခြင်း၊ နာတော်မူရာ ထောင်ကျတော်မူရာကြည့်ရှုခြင်းများမှာ မည်သည့်အခါအကျွန်ုပ်တို့တွေ့မြင်၍ ပြုကြရပါသနည်းဟုမေးလျှောက်လျှင် 40 ဘုရင်မင်းက ဤညီတော်တို့အနက် သိမ်ငယ်သူတစ်ယောက်ယောက်ကို သင်တို့ပြုသမျှပင် ငါ့ကိုပြုကြောင်းငါအမှန်ဆိုသည်ဟု အမိန့်ရှိတော်မူလိမ့်မည်။ 41 ထိုနောက် ဝဲဘက်တော်တွင်ရှိနေသူတို့အား ကိုယ်တော်က အမင်္ဂလာခံရသူတို့ ငါ့ထံမှခွာ၍ မာရ်နတ်နှင့် ၄င်း၏စေတမန်တို့အဖို့ပြင်ဆင်ထားသော ထာဝရမီးထဲသို့သွားကြ။ 42 အသို့ဆိုလျှင် ငါဆာမွတ်သော်ကျွေးမွေးခြင်း၊ ရေငတ်သော်တိုက်ခြင်း၊ 43 အာဂန္တုဖြစ်သော် ဧည့်ခံခြင်း၊ အဝတ်မဲ့သော်ဝတ်ခြုံခြင်း၊ နာသော် ထောင်ကျသော် ပြုစုခြင်းများကို သင်တို့မပြုကြဟု မိန့်ဆိုသည့်ကာလ။ 44 အရှင်ဘုရား ကိုယ်တော်ဆာမွတ်ခြင်း၊ ရေငတ်ခြင်း၊ အာဂန္တုဖြစ်ခြင်း၊ အဝတ်မဲ့ခြင်း၊ နာခြင်း၊ ထောင်ကျခြင်းများကိုအကျွန်ုပ်တို့တွေ့မြင်၍ လုပ်ကျွေးသမှုမပြုဘဲနေသည်မှာ မည်သည့်အခါပါနည်းဟုမေးလျှောက်ကြလျှင် 45 ဘုရင်မင်းက ဤသိမ်ငယ်သူတစ်ယောက်ယောက်ကို သင်တို့မပြုကြသည်မှာ ငါ့ကိုမပြုကြောင်းငါအမှန်ဆိုသည်ဟု အမိန့်ရှိတော်မူမည့်အတိုင်း 46 ထိုသူတို့ကား ထာဝရပြစ်ဒဏ်ခံရာသို့လည်းေကာင်း၊ သူတော်ကောင်းတို့ကား ထာဝရအသက်ရှင်ရာသို့လည်းေကာင်း သွားရကြလတ္တံ့ဟုမိန့်တော်မူ၏။