24
ထိုနောက်ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူစဉ် ဗိမာန်တော်အဆောင်ဆောင်များကို ညွန်ပြရန် တပည့်တော်တို့ချဉ်းကပ်ကြရာ။ ကိုယ်တော်က ဤအရာခပ်သိမ်းကို သင်တို့မြင်ကြသည်မဟုတ်လော။ ဤနေရာတွင် မဖြိုချဘဲ ကျောက်တစ်ချပ်ပေါ်မှာတစ်ချပ်တင်လျက် ကျန်ကြွင်းရမည်မဟုတ် ငါအမှန်ဆိုသည်ဟုမိန့်တော်မူ၏။
သံလွင်တောင်ပေါ်တွင် ထိုင်နေတော်မူသော် တပည့်တော်တို့သည် အသီးအခြားချဉ်းကပ်၍ မည်သည့်အခါတွင် ထိုသို့ဖြစ်ပျက်မည်ကိုလည်းေကာင်း၊ ကိုယ်တော်ကြွလာတော်မူခြင်းနှင့် ယခုေခတ်ကာလကုန်ဆုံးခြင်းဆိုင်ရာ နိမိတ်လက္ခဏာများကိုလည်းေကာင်း၊ မိန့်တော်မူပါဟုလျှောက်ကြရာ။ ယေရှုက မည်သူမျှသင်တို့ကိုမဖြားယောင်းစေရန် သတိမူကြလော့။ များစွာသောသူတို့က ငါသည်ခရစ်တော်ဖြစ်သည်ဟုဆိုလျက် ငါ့နာမနှင့်ရောက်လာပြီးလျှင် အများကိုဖြားယောင်းကြလိမ့်မည်။ စစ်ဖြစ်ဆဲသတင်း စစ်ဖြစ်မည့်သတင်းများကို ကြားရသည်နှင့် မကြောင့်ကြရန်သတိမူကြလော့။ ထိုသို့ဖြစ်ပျက်သော်လည်း အဆုံးမတိုင်သေး။ 7-8 လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုသည့်ပြင် အစာခေါင်းပါးခြင်း၊ ငလျင်လှုပ်ခြင်းများသည် အရပ်ရပ်ဖြစ်လျက်ပင် ဒုက္ခဦးသာတည်း။ ထိုအခါသင်တို့သည် ပို့အပ်ညှဉ်းပန်းခြင်း၊ အသေသတ်ခြင်းခံရလျက် ငါ့နာမအတွက်ကြောင့် လူအမျိုးမျိုးတို့ မုန်းထားခြင်းကိုခံရသဖြင့်။ 10 အများတို့တိုက်လဲ၍ တစ်ယောက်ကိုတစ်ယောက် မုန်းထားပို့အပ်ကြလိမ့်မည်။ 11 မိစ္ဆာပရောဖက် များလည်းပေါ်လာ၍ အများကိုဖြားယောင်းသည့်ပြင် 12 အဓမ္မမှုထူထပ်သည်ဖြစ်၍ အများတို့၌ မေတ္တာပြယ်လိမ့်မည်။ 13 အဆုံးတိုင်အောင်တည်ကြည်သူကား ကယ်တင်ခြင်းသို့ရောက်လတ္တံ။ 14 နိုင်ငံတော်၏ သတင်းတော်မြတ်ကို လူအမျိုးမျိုးတို့အားသက်သေအဖြစ် မြေတစ်ပြင်လုံးနှံ့ ကြားပြောပြီးမှ အဆုံးတိုင်လိမ့်သတည်း။
15 ကျမ်းစာဖတ်သူနားလည်ရမည်မှာ ပရောဖက်ဒံယေလဖြင့် ဗျာဒိတ်တော်ရောက်သည့်အတိုင်း ဆိတ်ညံရာဖြစ်စေသော ရွံ့ရှာဖွယ်သည် သန့်ရှင်းရာဌာနတော်တွင် တည်ရှိသည်ကိုသင်တို့မြင်ကြသော်။ 16 ယုဒပြည်တွင်နေထိုင်သူတို့သည် တောင်တန်းသို့ပြေးကြစေ။ 17 အိမ်မိုးပေါ်တွင်ရှိနေသူသည် အိမ်တွင်းရှိပစ္စည်းကိုယူရန် ဆင်းသက်ခြင်း၊ 18 လယ်တွင် ရှိနေသူသည် အဝတ်ယူရန်ပြန်ဝင်ခြင်း ကိုမပြုစေလင့်။ 19 ထိုနေ့ရက်ကာလတွင် ကိုယ်ဝန်ဆောင်မိန်းမနှင့် နို့ငင်မိန်းမတို့အကျိုးနည်းလေစွ။
20-21 ဤလောကတည်သည်ကစ၍ ယခုတိုင်မဖြစ်စဘူး နောင်၌လည်း မဖြစ်လတ္တံသော ဆင်းရဲဒုက္ခကြီး ရောက်အံ့သောကြောင့် ဆောင်းရာသီတွင်သော်လည်းေကာင်း၊ ဥပုသ်နေ့တွင်သော်လည်းေကာင်း၊ သင်တို့မပြေးရစေခြင်းငှာတောင်းလျှောက်ကြလော့။ 22 ထိုရက်တာကို ကျုံ့စေတော်မမူလျှင် မည်သူမျှဘေးလွတ်မည်မဟုတ်။ သို့ေသာ်လည်းရွေးကောက်တော်မူသောသူတို့အတွက် ကျုံ့စေတော်မူလိမ့်မည်။ ထိုကာလကြည့်လော့။ 23 ခရစ်တော်သည် ဤတွင် ထိုတွင်ရှိသည်ဟု တစ်စုံတစ်ယောက်ဆိုလျှင်မယုံကြနှင့်။ 24 မိစ္ဆာခရစ်၊ မိစ္ဆာပရောဖက် များသည်ပေါ်လာ၍ ရွေးကောက်တော်မူသောသူတို့ကိုပင် ဖြားယောင်း၍ ရနိုင်လျှင် ရလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ရာများကိုပြကြလိမ့်မည်။ 25 ငါတင်ကူးသတိပေးသည်နှင့်အညီ။ 26 ကိုယ်တော်သည် တောအရပ်တွင်ရှိသည်ဟု သူတို့ဆိုလျှင် မထွက်မသွားကြနှင့်။ အတွင်းခန်းတွင်ရှိသည်ဟုဆိုလျှင်လည်း မယုံကြနှင့်။ 27 လျှပ်စစ်သည် အရှေ့ကပြက်လျှင် အနောက်တိုင်လင်းသည့်နည်းတူ လူ့သားကြွလာခြင်းဖြစ်လိမ့်မည်။ 28 အသေကောင်ရှိရာအရပ်တွင် ရွှေလင်းတတို့စုရုံးကြလိမ့်မည်။
29 ထိုဒုက္ခကုန်လျှင်ကုန်ခြင်း၊ နေမိုက်၍လရောင်မထွန်း မိုးကောင်းကင်မှကြယ်များကျလျက် ကမ္ဘာ့တန်ဆာများလည်းတုန်လှုပ်ရလိမ့်မည်။ 30 ထိုအခါ မိုးကောင်းကင်တွင် လူ့သား၏နိမိတ်လက္ခဏာထင်ရှားသဖြင့် မဟာဘုန်းတော်တန်ခိုးတော်ကိုဆောင်လျက်မိုးတိမ်ပေါ်တွင် စကြာဖြန့်လာသောလူ့သားကို မြေပေါ်ရှိလူအမျိုးမျိုး တို့မြင်၍ မြည်တမ်းကြရာ။ 31 လူ့သားသည်ရွေးကောက်တော်မူသောသူတို့ကို ကောင်ကင်တစ်စွန်ကတစ်စွန်တိုင် လေးမျက်နှာစုရုံးစေရန် တံပိုးသံကျယ်စွာမှုတ်သောစေတမန်တော်တို့ကို လွှတ်တော်မူလိမ့်မည်။
32 သဖန်းပင်ဆိုင်ရာဥပမာကို သင်ကြားကြဦးလော့။ အခက်အလက်နု၍ အရွက်ထွက်သည့်ကာလ နွေရာသီနီးကြောင်းကို သင်တို့သိကြသည့်နည်းတူ 33 ဆိုခဲ့သောအခြင်းအရာအလုံးစုံကို မြင်ကြသော်လူ့သားသည် နီးလှ၍ တံခါးဝတိုင်ရောက်ကြောင်းသိမှတ်ကြလော့။ 34 ထိုအခြင်းအရာအလုံးစုံမဖြစ်မီ ယခုလူမျိုးမကွယ်မလွန်ရ ငါအမှန်ဆို၏။ 35 ကောင်းကင်နှင့် မြေကြီးပျောက်ပျက်ရမည်။ ငါ့ဟောချက်မူကားပျောက်ပျက်မည်မဟုတ်။ 36 သို့ရာတွင် ထိုနေ့ရက်နာရီကို မည်သူမျှမသိ ကောင်းကင်ဘုံရှိ စေတမန်တော်များမသိ၊ သားတော်လည်းမသိ၊ ခမည်းတော်သာသိတော်မူ၏။ 37 လူ့သားကြွလာခြင်းသည် နောဧလက်ထက်ကဲ့သို့ဖြစ်လိမ့်မည်။ 38 ရေဘေးသင့်၍ သင်္ဘောထဲသို့ နောဧဝင်သည့်နေ့မတိုင်မချင်း စားသောက်လျက်၊ အိမ်ထောင်လျက်၊ ပေးစားလျက်ရှိနေကြရာ၊ 39 ဘေးရောက်၍အကုန်မပါမသွားမီ အလျှင်းသတိမရကြသည့်နည်းတူ လူ့သားကြွလာခြင်းဖြစ်လိမ့်မည်။ 40 ထိုအခါလယ်ယာ၌ လူနှစ်ဦးရှိရာ တစ်ဦးကိုသိမ်းယူ၍ တစ်ဦးကျန်ရစ်လတ္တံ။ 41 ကြိတ်ဆုံကြိတ်လျက်မိန်းမနှစ်ဦးရှိရာ တစ်ဦးကိုသိမ်းယူ၍ တစ်ဦးကျန်ရစ်လတ္တံ။ 42 ထိုကြောင့်စောင့်နေကြလော့။ အရှင်ကြွလာမည့်နေ့ရက်ကို သင်တို့မသိကြ။ 43 သူခိုးလာမည့်အချိန်ကိုအိမ့်ရှင်သိနှင့်လျှင် စောင့်နေလျက်အိမ်ကို ဖောက်ထွင်းခွင့် မပြုကြောင်းသိမှတ်ကြရသည့်နည်းတူ၊ 44 မထင်သောအချိန်နာရီ၌လူ့သားကြွလာမည်ဖြစ်၍ ကိုယ်တိုင်အသင့်ရှိနေကြလော့။ 45 အိမ်သူအိမ်သားတို့အပေါ်တွင် ထိုက်သင့်ရာအခါ စားနပ်ရိက္ခာကိုဝေပေးရန် အရှင်ခန့်ထား၍ သစ္စာနှင့်သတိပညာရှိသော ကျွန်ကားမည်သူနည်း။ 46 ထိုသို့ပြုလျက်နေသည်ကို အရှင်လာရောက်တွေ့မြင်သော် ထိုကျွန်၌မင်္ဂလာရှိ၏။ 47 အရှင်သည် ပိုင်ထိုက်သမျှအပေါ်တွင်ခန့်ထားမည်။ ငါအမှန်ဆို၏။ 48 အကယ်၍ ဆိုးသွမ်းသောထိုထိုကျွန်က ငါ့အရှင်ကြန့်ကြာသည်ဟု အောက်မေ့လျက် 49 ကျွန်ချင်းတို့ကိုရိုက်ပုတ်၍ သောက်ကြူးသောသူတို့နှင့် စားသောက်ရှိနေလျှင် 50 ထိုကျွန်မေမျှာ်သောနေ့၊ မသိသောအချိန်နာရီတွင် အရှင်ရောက်လာပြီးနောက်။ 51 ပြင်းစွာရိုက်ဒဏ်ခတ်၍ သီလကြောင်တို့နှင့်အတူ ဝေပုံချထားသဖြင့် ငိုကြွေးခြင်း၊ အံကြိတ်ခြင်းရှိရလတ္တံ။