6
သင်တို့ကြားနာရသောထာဝရဘုရား၏အမိန့်တော်ကား၊ ထ၍တောင်များရှေ့ဘက်ပြိုင်လျက်၊ ဘက်ပြိုင်ချက်ကိုကုန်းများကြားကြစေ။ အိုတောင်တို့၊ အိုတည်မြဲသောမြေပထဝီအခြေအမြစ်တို့၊ ငါထာဝရဘုရား၏ ဘက်ပြိုင်ချက်ကိုနာခံကြလော့။ ငါထာဝရဘုရားသည်၊ လူမျိုးတော်နှင့် ဘက်ပြိုင်ရန် အကြောင်းရှိလျက်၊ ဣသရေလလူမျိုးနှင့် ဆင်ခြေတက်လိမ့်မည်။ အိုငါ့လူမျိုး၊ ငါသည် သင်၌စီရင်၍မည်သို့ညီးငွေ့စေမိသနည်း။ လဲေလှျာက်ပါလော့။ ငါသည် သင့်ကိုကျွန်ခံနေရာအိဂျစ်ပြည်မှရွေးနုတ်ခေါ်ဆောင်လျက်၊ မောရှေ၊ အာရုန်၊ မိရိအံတို့ကိုရှေ့တည်၍သွားစေခဲ့ပြီ။ အိုငါ့လူမျိုး၊ ငါထာဝရဘုရား၏တရားမှုများကို သိမှတ်ရအံ့သောငှာ၊ မောဘဘုရင် ဗာလက်မင်းကြံစည်ချက်နှင့်၊ ဗောရသားဗာလံ၏တုံ့ပြန်ချက်ကိုလည်းေကာင်း၊ ရှိတ္တိမ်မြို့မှ ဂိလဂါလမြို့ခရီးအကြားတွင် အဖြစ်အပျက်များကိုလည်းေကာင်း၊ သတိရလော့ဟူ၍တည်း။
ငါသည်၊ ထာဝရဘုရားထံတိုးဝင်လျက်၊ ကောင်းကင်ဘဝဂ်စံဘုရားသခင်ရှေ့မည်သို့ဦးညွတ်ထိုက်သနည်း။ မီးရှို့ရာ သက္ကာများကိုသော်လည်းေကာင်း၊ အခါလည်သော နွားသားငယ်များကိုသော်လည်းေကာင်း၊ တင်သွင်း၍ တိုးဝင်အပ်သလော။ ထာဝရဘုရားသည်၊ သိုးထီးအထောင်ထောင်၊ ဆီမြစ်အသောင်းသောင်းကို လက်ခံတော်မူမည်လော။ လွန်ကျူးပြစ်အတွက် သားဦး၊ မနောပြစ်အတွက် ရင်သွေးကို၊ ငါဆက်သရမည်လောဟုမေးသော်၊ အချင်းလူ၊ ပြုထိုက်သောကောင်းမှုကို၊ ထာဝရဘုရားဖော်ပြတော်မူခဲ့ပြီ။ တရားစောင့်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကိုယ့်ဘုရားသခင်နှင့်အတူ စိတ်နှိမ့်ချစွာ သွားလာခြင်း များမှတစ်ပါး၊ မည်သို့အလိုရှိတော်မူသေးသနည်း။
နားထောင်ကြဦး။ ထာဝရဘုရားသည်၊ မြို့တော်အား ခေါ်တော်မူသည့်အတိုင်း၊ နာမတော်ကိုခန့်ညားရာ၌ ပညာရှိသည့်အလျောက်၊ ရိုက်ဒဏ်နှင့်စီရင်တော်မူသော အရှင်ကိုသတိမူကြလော့။ 10 မတရားသဖြင့်ရသောဘဏ္ဍာနှင့်၊ အမျက်တော်တိုက်တင်းငယ်သည်၊ လူဆိုးတို့အိမ် ၌ရှိသေးသလော။ 11 စဉ်းလဲသောချိန်ခွင်၊ မမှန်သောအေလးအိတ်ရှိေစလျှင်၊ ငါသည် သန့်ရှင်းလျက်နေမည်လော။ 12 သူကြွယ်တို့သည်၊ အဓမ္မမှုနှင့်ပြည့်လျက်၊ မြို့သူမြို့သားတို့လည်း၊ လှည့်စားတတ်သောလျှာဖြင့် မုသာဆိုလျက်နေကြသည်တကား။ 13 သို့ဖြစ်၍၊ ငါသည် သင့်ကိုအနာတရပြုလျက်၊ ပြစ်မှုများအတွက် ဆိတ်ညံရာရောက်စေသည့်အလျောက်၊ 14-15 ချင်ရဲမပြေဘဲ စားသောက်၍၊ ဆာလောင်လျက်နေရခြင်း၊ ကယ်လွှတ်မည့်သူတို့ကိုဓားဘေးသို့ငါလွှဲအပ်သဖြင့်၊ မလွတ်မြောက်စေဘဲနေရခြင်း၊ မျိုးကြဲသော်လည်း၊ မရိတ်သိမ်းဘဲနေရခြင်း၊ သံလွင်စပျစ်သီးကိုဖိနင်းသော်လည်း၊ မလိမ်းမကျံ၊ မသုံးသောက်ဘဲ နေရခြင်းများကို သင်ခံရလတ္တံ့။ 16 မြို့တော်ကိုဆိတ်ညံရာ၊ မြို့သူမြို့သားတို့ကိုပြက်ရယ်ပြုရာ၊ ပြည်သူပြည်သားတို့ကို လူမျိုးတော်ခံရသောကဲ့ရဲ့ရာ၊ ငါရောက်စေအံ့သောငှာ၊ သင်တို့သည်၊ ဩမရိ မင်း၏ အထုံးအဖွဲ့များ၊ အာဟပ်မင်းမျိုး၏ အပြုအမူများကိုလိုက်ကျင့်၍၊ ၎င်းတို့အကြံအစည်များအတိုင်းလိုက်လျှောက်ကြသည်တကား။