5
အိုတပ်များပိုင်သတို့သမီး၊ ထိုတပ်များကို ယခုပင်ခင်းကျင်းလော့။ ငါတို့ကို ဝိုင်းထားသောရန်သူသည်၊ ဣသရေလတရားမင်း၏ ပါးကိုကြိမ်နှင့်ရိုက်ပြီတကား။
အိုဧဖရတ် ခရိုင်ဗက်လင်မြို့၊ သင်သည် ယုဒတိုက်နယ်များတွင် သိမ်ငယ်သော်လည်း၊ ရှေးမဆွမူလရင်းမပျက်၊ ဣသရေလလူမျိုးကိုအုပ်စိုးမည့်မင်းသည်၊ ငါ့အကျိုး အလို့ငှာ၊ သင်မှပေါ်ထွန်းလိမ့်မည်။ သို့ဖြစ်၍၊ သားဖွားသောမိန်းမသည် မဖွားမချင်း၊ ထိုသူတို့ကိုအပ်နှင်းတော်မူသော်လည်း၊ ဆွေတော်မျိုးတော်အကြွင်းအကျန်တို့သည်၊ ဣသရေလအမျိုးသားတို့ပါ၊ ပြန်လာကြမည့်အလျောက်၊ ငါတို့ရန်ငြိမ်းရာရန်ငြိမ်းကြောင်းဖြစ်သောထိုမင်းသည်၊ ထာဝရဘုရား၏တန်ခိုးတော်ကိုလည်းေကာင်း၊ ကိုယ့်ဘုရားသခင်ထာဝရဘုရား၏ ဘုန်းကြီးသောနာမတော်ကိုလည်းေကာင်း အမှီပြုလျက်၊ တည်နေထိန်းကျောင်း၍၊ မြေပထဝီအစွန်းတိုင်အောင်ကြီးမြင့်သောကြောင့်၊ သူတို့နေထိုင်ရကြလတ္တံ့။ ငါတို့ပြည်သို့အာရှုရိမင်းချီဝင်၍၊ ဘုံဗိမာန်များကိုကျော်နင်းသောအခါ၊ ငါတို့မြှောက်တင်မည့်အထိန်းအကျောင်းအကြီးအကဲခုနစ်ပါးမက ရှစ်ပါးတို့သည် ဆီးဆို့လျက်၊ 5-6 အာရှုရိ၊ နိမ်ရောဓပြည်ဝင်ပေါက်များကိုဓားဖြင့် သုတ်သင်ကြသည်နှင့်၊ ငါတို့ပြည်သို့ချီဝင်၍နယ်နိမိတ်အတွင်းကျော်နင်းသောအာရှုရိလူမျိုးလက်တွင်းမှ၊ ထိုမင်း ကယ်ဆယ်တော်မူလိမ့်မည်။ ယာကုပ်အကြွင်းအကျန်တို့သည်၊ လူတို့အမိန့်ကိုမဆိုင်း၊ လူ့သားတို့အမိန့်ကိုမလင့်ဘဲ၊ ထာဝရဘုရားထံမှ ကျသောနှင်း၊ မြက်ပင်ပေါ်၌ရွာသောမိုးသဖွယ်၊ လူမျိုး ခြားအမြောက်အမြားတို့ဘောင်တွင် ဖြစ်နေကြလိမ့်မည်။ ယာကုပ်အကြွင်းအကျန်တို့သည်၊ တောတိရစ္ဆာန်များဘောင်တွင်၊ ကယ်လွှတ်သူမဲ့အောင်၊ သွားလာဖိနင်းကိုက်စားသော ခြင်္သေ့အိုသဖွယ်၊ သိုးအုပ်များဘောင် တွင် ခြင်္သေ့ပျိုသဖွယ်၊ နိုင်ငံခြား၊ လူမျိုးခြားအမြောက်အမြားဘောင်တွင် ဖြစ်နေကြလိမ့်မည်။ သင့်လက်ရုံးကိုရန်သူတို့အပေါ်တွင်မြှောက်ချီလျက်၊ ရန်ဘက်ဟူသမျှပယ်ရှားခံကြစေသော။
10 ထာဝရဘုရားမိန့်တော်မူသည်မှာ၊ ထိုနေ့ရက်ကာလ၌ ငါသည် သင့်ဘောင်တွင်ရှိသောမြင်းတပ်ကိုပယ်ရှား၍၊ ရထားတပ်ကို ဖျက်ဆီးခြင်း၊ 11 နေပြည်ရှိခံမြို့များကိုပယ်ရှား၍၊ ခံတပ်ဟူသမျှကို ဖြိုလှဲခြင်း၊ 12 လက်ဝယ်ရှိ ယတြာများကိုပယ်ရှား၍၊ ဗေဒင်တတ်တို့ကိုပစေခြင်း၊ 13 လက်ဖြစ်ဘုရားရှေ့ရှိမခိုးရစေခြင်းငှာ၊ သင့်ဘောင်တွင်ရှိသောရုပ်ပွားဆင်းတုနှင့်၊ ကျောက်တိုင်များကိုပယ်ရှားခြင်း၊ 14 သင့်ဘောင်တွင် ရှိသောတံခွန်တိုင်များကိုဆွဲနုတ်၍၊ မြို့ရွာများကိုသုတ်သင်ခြင်းပြုသည့်ပြင်၊ 15 မလိုက်မနာသောလူမျိုးခြားတို့အပေါ်၌ကား၊ ဒေါသအမျက်တော်ထား၍၊ လက်စားချေမည်ဟု မိန့်တော်မူ၏။