16
1 ရေမလိသား ပေကာမင်းနန်းစံဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်ယောသံမင်းသားတော် အာခတ်မင်း သည် အိမ်နိမ့်နှစ်ဆယ်ရှိသော်၊ နန်းတက်၍
2 ယေရုရှလင်မြို့၌ ဆယ့်ခြောက်နှစ်စိုးစံရ၏။ ဘေးတော်ဒါဝိဒ်မင်းကဲ့သို့၊ ကိုယ့်ဘုရားသခင် ထာဝရဘုရားမျက်မှောက်တော်တွင် ဖြောင့်မှန်စွာမပြုကျင့်ဘဲ
3 ဣသရေလဘုရင်တို့ နည်းလမ်းအတိုင်းလိုက်ေလျှာက်လျက် ဣသရေလအမျိုးသားတို့ရှေ့ ထာဝရ ဘုရားနှင်ထုတ်တော်မူခဲ့သော လူမျိုးခြားတို့ရွှံရာဖွယ်ဓလေ့အလိုက်သားတော်ကိုမီးဖြင့်ဆက်ကပ် သည့်ပြင်၊
4 မြင့်ရာဌာနများ၌လည်းေကာင်း၊ ကုန်းများပေါ်၌လည်းေကာင်း၊ အရပ်ရပ်ရှိစိမ်းလန်းသောသစ်ပင်များအောက်၌လည်းေကာင်း၊ ပူဇော်၍မီးဖြင့်ဆက်ကပ်လေ့ရှိ၏။
5 ထိုမင်းလက်ထက်ရှုရိဘုရင်ရေဇိန်မင်းနှင့် ရေမလိသား၊ ဣသရေလဘုရင်ပေကာမင်းတို့သည်၊ ယေရုရှလင်မြို့သို့ချီတက်ဝိုင်းဝန်းကြရာ အာခတ်မင်းကို မအောင်နိုင်သော်လည်း၊ ဧလတ်မြို့ကိုရှုရိ ဘုရင်သိမ်းယူလျက်
6 ကိုယ့်နိုင်ငံအဝင်ဖြစ်ပြန်စေပြီးလျှင် ယုဒလူမျိုးတို့ကိုမောင်းနှင်၍ ယနေ့တိုင်အောင် ရှုရိလူမျိုးတို့ ဝင်ရောက်နေထိုင်ကြကုန်၏။
7 ထိုကြောင့် အာခတ်မင်းသည် အာရှုရိဘုရင်တိဂလတ်ပိလေသာမင်းထံ ရာဇသံတို့ကို စေလွှတ်သည်မှာ အကြည်တော်၏သား၊ အကြည်တော်၏လက်အောက်ခံကျွန်ုပ်ဖြစ်ပါ၏။ ရန်မူသူရှုရိဘုရင်နှင့်ဣသရေလဘုရင်တို့လက်မှ ကျွန်ုပ်ကိုကယ်ဆယ်ရန် ချီတော်မူခဲ့ပါဟူသောအမှာတော်နှင့်
8 ဗိမာန်တော်၊ နန်းတော်၊ ဘဏ္ဍာတိုက်ရှိ ရွှေငွေများကို အာရှုရိဘုရင့်ထံ ပဏ္ဏာတော်ဆက်သွင်းသည့်အတိုင်း၊ အာရှုရိဘုရင်လိုက်နာ၍
9 ဒမာသက်မြို့သို့ချီတက်သိမ်းယူပြီးလျှင် ရေဇိန်မင်းကိုကွပ်မျက်လျက်၊ မြို့သူမြို့သားတို့ကိုလည်း ကိရမြို့သို့သုံ့ဘမ်းဆောင်သွားလေ၏။
10 အာခတ်မင်းသည် အာရှုရိဘုရင်သည် တိဂလတ်ပိလေသာမင်းကို တွေ့ဆုံရာ ဒမာသက်မြို့သို့ ရောက်သောအခါ ထိုမြို့ရှိပူဇော်ရာပလ္လင်ကိုမြင်လျှင် တည်လုပ်နည်းနှင့်ပုံစံပါ ပရောဟိတ်ဥရိယထံပို့လိုက်သော်၊
11 ဒမာသက်မြို့မှ အာခတ်မင်းပို့လိုက်သည့်နည်းအတိုင်း အာခတ်မင်းမပြန်မီ ပရောဟိတ်ဥရိယ တည်လုပ်နှင့်သတည်း။
12 ဒမာသက်မြို့မှ အာခတ်မင်းပြန်ရောက်၍ ထိုပလ္လင်ကိုမြင်လျှင် ချဉ်းကပ်တက်သွားလျက်
13 ထိုပလ္လင်ပေါ်တွင်မီးရှို့ရာသက္ကာနှင့်ဘောဇဉ်သက္ကာပူဇော်ခြင်း၊ သွန်းလောင်းရာသက္ကာ ဆက်ကပ်ခြင်း၊ မိတ်သဟာယသက္ကာ၏ အသွေးသွန်းပက်ခြင်းများကိုပြုပြီးမှ
14 ကိုယ့်ပလ္လင်နှင့်ဗိမာန်တော်ဦးစပ်ကြား၊ ထာဝရဘုရားရှေ့၊ ရှိရင်းကြေးပလ္လင်တော်ကို ကိုယ့် ပလ္လင်မြောက်ဘက်၌ ရွှေ့ထားလေ၏။
15 ပရောဟိတ်ဥရိယအားမှာထားသည်ကား၊ နံနက်မီးရှို့ရာသက္ကာ၊ ညဉ့်ဦးဘောဇဉ်သက္ကာကိုလည်းေကာင်း၊ အကျွန်ုပ်၏မီးရှို့ရာသက္ကာနှင့်ဘောဇဉ်သက္ကာကိုလည်းေကာင်း၊ ပြည်သူတို့၏မီးရှို့ရာသက္ကာ၊ ဘောဇဉ်သက္ကာနှင့် သွန်းလောင်းရာသက္ကာများကိုလည်းေကာင်း၊ ပလ္လင်တော်ကြီးပေါ်တွင်ပူဇော်၍ မီးရှို့ရာသက္ကာမှစသော သက္ကာ အမျိုးမျိုး၏အသွေးကိုလည်း သွန်းပက်လော့။ ကြေးပလ္လင်တော်မှာ အကျွန်ုပ်မေးလျှောက်ရာ ဖြစ်ရ မည်ဟူ၍ အာခတ်မင်းမှာထားသမျှအတိုင်း
16 ပရောဟိတ်ဥရိယပြုလေ၏။
17 အာခတ်မင်းသည် အောက်ခံများရှိခါးထောက်ကိုချွတ်ပြီးလျှင် အင်တုံတော်ကိုရွှေ့လျက် ကြေးနွားရုပ်ပေါ်မှ ရေကန်တော်ကိုလည်းချ၍ ကျောက်ချင်းထက်ထား၏။
18 နန်းတော်ရှိဥပုသ်တော်ဆောင်နှင့် ဘုရင်မင်းထွက်ဝင်ရာအပြင်စမုတ်ကို အာရှုရိဘုရင်အားငဲ့၍ ဗိမာန်တော်သို့ရွှေ့ပြောင်း၏။
19 အာခတ်မင်းပြုမူစီရင်သော အကြွင်းအကျန်သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။
20 အာခတ်မင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျက် ဒါဝိဒ်မြို့တော်ရှိသင်္ချၖိုင်းတော်တွင် စျာပနပြုခြင်းကိုခံရလျှင် သားတော်ဟေဇကိသည် အရိုက်အရာ၌ နန်းစံလေ၏။