15
ဣသရေလဘုရင်ယေရောဗောင်မင်း နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်အာမဇိမင်းသား တော်သြဇိမင်းသည် အိမ်နိမ့်ဆယ့်ခြောက်နှစ်ရှိသော်၊ နန်းတက်၍ ယေရုရှလင်မြို့၌ ငါးဆယ့်နှစ်နှစ်စိုးစံလေ၏။ မယ်တော့်အမည်ကား ယေရုရှလင်မြို့သူယေခေါလိတည်း။ ထိုမင်းသည် ခမည်းတော်အာမဇိမင်းပြုသမျှအတိုင်း ထာဝရဘုရားမျက်မှောက်တော်တွင် ဖြောင့်မှန်စွာပြုကျင့်သော်လည်း မြင့်ရာဌာနများကိုမစွန့်မပယ်၊ ထိုဌာနများ၌ လူပရိသတ်တို့သည်ပူဇော်၍မီးဖြင့်ဆက်ကပ်ကြသေး၏။ ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် ဘုရင်မင်းသည် အသက်ထက်ဆုံး၊ နူနာစွဲသည့်အတွက် စံနန်းဆောင်တွင်သီးခြားစံနေရလျှင် သားတော်ယောသံသည် နန်းတော်၊ နိုင်ငံတော်ကို အုပ်စိုးစီရင်ရ၏။
15.6 ပါဠိ-အာဇရိ။သြဇိမင်းပြုမူစီရင်သမျှ အကြွင်းအကျန်သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။ သြဇိမင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ၊ ကျိန်းစက်လျက် ဒါဝိဒ်မြို့တော်ရှိသင်္ချၖိုင်းတော်တွင် စျာပနပြုခြင်းကိုခံရလျှင် သားတော်ယောသံသည် အရိုက်အရာ၌နန်းစံလေ၏။
ယုဒဘုရင်သြဇိမင်းနန်းစံသုံးဆယ့်ရှစ်နှစ်တွင် ယေရောဗောင်မင်းသားတော် ဇာခရိမင်းသည် ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ခြောက်လသာစိုးစံရရာ၊ ဘေးတော်ဘိုးတော်တို့အလိုက် ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်လျက် ဣသရေလအမျိုးအား ပြစ်မှားစေသောနေဗတ်သားယေရောဗောင်မင်း၏ ပြစ်မှုများကိုမစွန့်ချေ။ 10 ယာဗက်သားရှလ္လုံသည် အတွင်းမီးထလျက် လူပရိသတ်ရှေ့၊ ထိုမင်းကိုလုပ်ကြံကွပ်မျက်၍ အရိုက်အရာ၌ နန်းတက်လေ၏။ 11 ဇာခရိမင်းစီရင်သောအကြွင်းအကျန်သည် ဣသရေလရာဇဝင်ရေးထားလျက်ရှိ၏။ 12 ထိုအခြင်းအရာကား၊ ဣသရေလရာဇပလ္လင်ထက်၊ သင့်သားမြေးလေးဆက်မြောက်၊ စိုးစံခွင့်ရလိမ့်မည်ဟူ၍ ယေဟုအား ထာဝရဘုရားထားတော်မူခဲ့သော ဗျာဒိတ်တော်အတိုင်း ဖြစ်သတည်း။
13 ယုဒဘုရင်သြဇိမင်းနန်းစံသုံးဆယ့်ကိုးနှစ်တွင် ယာဗက်သားရှလ္လုံမင်းနန်းတက်၍ ရှမာရိမြို့၌ တစ်လသာစိုးစံမိလျှင် ဂါဒိသားမေနဟင်သည် 14 တိရဇာမြို့မှ ရှမာရိမြို့သို့ချီလျက် ယာဗက်သားရှလ္လုံမင်းကို ၄င်းမြို့တွင် လုပ်ကြံကွပ်မျက်၍ အရိုက်အရာ၌ နန်းတက်လေ၏။ 15 ရှလ္လုံမင်းစီရင်သောအကြွင်းအကျန်နှင့် အတွင်းမီးထခြင်းပါ ဣသရေလရာဇဝင်တွင် ရေးထားလျက်ရှိ၏။ 16 တိရဇာမြို့မှ ချီလာသောမေနဟင်မင်းသည် ဖွင့်မပေးသောတိဖသမြို့နှင့် ဆင်ခြေဖုံးများကို နေသူတို့ပါလုပ်ကြံလျက် ကိုယ်ဝန်ဆောင်မိန်းမတို့ကို ခွဲဖောက်လေ၏။
17 ယုဒဘုရင်သြဇိမင်းနန်းစံသုံးဆယ့်ကိုးနှစ်တွင် ဂါဒိသားမေနဟင်မင်းနန်းတက်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ဆယ်နှစ်စိုးစံရာ 18 ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်လျက် ဣသရေအမျိုးအား ပြစ်မှား စေသောနေဗတ်သားယေရောဗောင်မင်း၏ပြစ်မှုများကို တစ်သက်ပတ်လုံးမစွန့်ချေ။ 19 ပြည်တော်ကိုအာရှုရိဘုရင်ပုလမင်းတိုက်လာသော်၊ မေနဟင်မင်းက ပုလမင်း၏လက်ရုံးရည် ဖြင့် ကိုယ့်အာဏာခိုင်ခံ့စေခြင်းငှာ၊ ငွေချိန်ခွက်သုံးသောင်းကို ဆက်သွင်းသဖြင့်၊ 20 အာရှုရိဘုရင်သည် မရပ်တန့်ဘဲ ကိုယ့်ပြည်သို့ဆုတ်ပြန်လေ၏။ အာရှုရိမင်းထံဆက်သွင်းသော ပဏ္ဏာငွေမှာ ဣသရေလသူဌေးသူကြွယ်အသီးအသီးတို့မှ ငွေအကျပ်ငါးဆယ်စီ၊ မေနဟင်မင်းကောက်ခံသတည်း။ 21 မေနဟင်မင်းပြုမူစီရင်သမျှအကြွင်းအကျန်သည် ဣသရေလရာဇဝင်တွင်ရေးထားလျက်ရှိ၏။ 22 မေနဟင်မင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျှင်သားတော်ပေကဟိသည် အရိုက်အရာ၌နန်းစံလေ၏။
23 ယုဒဘုရင်သြဇိမင်းနန်းစံငါးဆယ်တွင် မေနဟင်မင်းသားတော်ပေကတိမင်းနန်းတက်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကိုနှစ်နှစ်စိုးစံရာ 24 ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်လျက် ဣသရေလအမျိုးအား ပြစ်မှားစေသောနေဗတ်သား ယေရောဗောင်မင်း၏ ပြစ်မှုများကို မစွန့်ချေ။ 25 စစ်ကဲဖြစ်သူ၊ ရေမလိသားပေကာသည် အာဂေါဘ၊ အရေဟမှစ၍ ဂိလဒ်နယ်သားငါးကျိပ်ပါ အတွင်းမီးထလျက်၊ ရှမာရိမြို့ရှိ မြေနန်းဆောင်တွင် ထိုမင်းကိုလုပ်ကြံကွပ်မျက်ပြီးလျှင် အရိုက်အရာ ဤနန်းတက်လေ၏။ 26 ပေကတိမင်းပြုမူစီရင်သမျှအကြွင်းအကျန်သည် ဣသရေလရာဇဝင်တွင် ရေးထားလျက်ရှိ၏။
27 ယုဒဘုရင် 15.6 ပါဠိ-အာဇရိ။သြဇိမင်းနန်းစံငါးဆယ့်နှစ်နှစ်တွင် ရေမလိသားပေကာမင်းနန်းတက်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို နှစ်ပေါင်းနှစ်ဆယ်စိုးစံရရာ 28 ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကို ပြုကျင့်လျက် ဣသရေလအမျိုးအား ပြစ် မှားစေသော နေဗတ်သားယေရောဗောင်မင်း၏ပြစ်မှုများကို မစွန့်ချေ။ 29 ဣသရေလဘုရင်ပေကာမင်းလက်ထက်၊ အာရှုရိဘုရင် တိဂလတ်ပိလေသာမင်းချီလာ၍ ဣယုန်၊ အာဗေလဗက်မာခါ၊ ယာနော၊ ကေဒေရှ၊ ဟာဇော်မြို့များနှင့်တကွ ဂိလဒ်၊ ဂါလိလဲ၊ နဿလိနယ်များကို သိမ်းယူလျက် ပြည်သူပြည်သားတို့ကို အာရှုရိပြည်သို့သုံ့ဘမ်းသိမ်းသွားလေ၏။ 30 သြဇိမင်းသားတော်ယောသံမင်းနန်းစံနှစ်ဆယ်တွင် ဧလာ့သားဟောရှေသည် အတွင်းမီးထလျက် ရေမလိသားပေကာမင်းကို လုပ်ကြံကွပ်မျက်၍ အရိုက်အရာ၌ နန်းတက်လေ၏။ 31 ပေကာမင်းပြုမူစီရင်သမျှအကြွင်းအကျန်သည် ဣသရေလရာဇဝင်တွင် ရေးထားလျက်ရှိ၏။
32 ရေမလိသား၊ ဣသရေလဘုရင်ပေကာမင်းနန်းစံနှစ်နှစ်တွင် ယုဒဘုရင်သြဇိမင်းသားတော် ယောသံမင်းသည် 33 အိမ်နိမ့်နှစ်ဆယ်ငါးနှစ်ရှိသော်၊ နန်းတက်၍ ယေရုရှလင်မြို့၌ ဆယ့်ခြောက်နှစ်စိုးစံလေ၏။ မယ်တော့်အမည်ကား ဇာဒတ်သမီးယေရုရှာတည်း။ 34 ထိုမင်းသည် ခမည်းတော်သြဇိမင်းပြုသမျှအတိုင်း ထာဝရဘုရားမျက်မှောက်တော်တွင် ဖြောင့်မှန်စွာပြုသော်လည်း၊ 35 မြင့်ရာဌာနများကို မစွန့်မပယ်။ ထိုဌာနများ၌ လူပရိသတ်တို့သည် ပူဇော်၍မီးဖြင့်ဆက်ကပ် ကြသေး၏။ ဗိမာန်တော်တံတိုင်းအထက်တံခါးကိုလည်း ထိုမင်းပြင်ဆင်လေ၏။ 36 ယောသံမင်းပြုမူစီရင်သမျှ အကြွင်းအကျန်သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။ 37 လက်ထက်တော်တွင် ရှုရိဘုရင် ရေဇိန်မင်းနှင့် ဣသရေလဘုရင်ရေမလိသားပေကာမင်းတို့ကို၊ ယုဒပြည်သို့ထာဝရဘုရားရန်စချီစေတော်မူ၏။ 38 ယောသံမင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျက် ဘေးတော်ဒါဝိဒ်မြို့တော် ရှိသင်္ချၖိုင်းတော်တွင် စျာပနပြုခြင်းကို ခံရလျှင် သားတော်အာခတ်သည် အရိုက်အရာ၌ နန်းစံလေ၏။