14
1 ယောခတ်မင်းသားတော်၊ ဣသရေလဘုရင်ယဟောရှမင်း နန်းစံနှစ်နှစ်တွင်၊ ယုဒဘုရင်ယောရှမင်းသားတော်အာမဇိမင်းသည်
2 အိမ်နိမ့်နှစ်ဆယ့်ငါးနှစ်ရှိသော် နန်းတက်၍ ယေရုရှလင်မြို့၌ နှစ်ဆယ့်ကိုးနှစ်စိုးစံလေ၏။ မယ်တော့်အမည်ကား ယေရုရှလင်မြို့သူယုဒ္ဒန်တည်း။
3 ထိုမင်းသည် ထာဝရဘုရားမျက်မှောက်တော်တွင် ဖြောင့်မှန်စွာပြုကျင့်သော်လည်း၊ ဘေးတော်ဒါဝိဒ်မင်းကဲ့သို့မဟုတ်၊ ခမည်းတော်ယောရှမင်းပြုသမျှအတိုင်းပြုလျက်
4 မြင့်ရာဌာနများကို မစွန့်မပယ်။ ထိုဌာနများ၌လူပရိသတ်တို့သည် ပူဇော်၍မီးဖြင့်ဆက်ကပ်ကြသေး၏။
5 အာမဇိမင်းသည် အာဏာတော်ခိုင်ခံ့လျှင် ခိုင်ခံ့ချင်း၊ ခမည်းတော်အား လုပ်ကြံသူကျေးကျွန်တို့ ကိုကွပ်မျက်လေ၏။
6 ထာဝရဘုရား၏ပညတ်တော်အရ အဘသည်သား၏ပြစ်မှုကြောင့်လည်းေကာင်း၊ သားသည်အဘ၏ပြစ်မှု ကြောင့်လည်းေကာင်း၊ သေဒဏ်မခံရ။ မည်သူမဆို၊ ကိုယ့်ပြစ်မှုကြောင့်သာ သေဒဏ်ခံစေဟူ၍ မောရှေ၏ပညတ္တိကျမ်းတွင်ပါသည်နှင့်အညီ ချင်းတို့သားသမီးများကိုကား မကွပ်မျက်ချေ။
7 အာမဇိမင်းသည် ဧဒုံရဲမက်တစ်သောင်းကို ဆားချိုင့်တွင်လုပ်ကြံလျက် သေလမြို့ကိုတိုက်ယူပြီးလျှင် ယုဿေလဟူ၍ယနေ့တိုင်အောင်သမုတ်သတည်း။
8 ထိုနောက် ယေဟုမင်းမြေးတော်၊ ယောခတ်မင်းသားတော်၊ ဣသရေလဘုရင်ယဟောရှမင်းထံ ရာဇသံတို့ကိုစေလွှတ်၍ ကျွန်ုပ်တို့သည် မျက်နှာချင်းဆိုင်ကြကုန်အံ့ဟု အမှာတော်သလိုက်သော်၊
9 ဣသရေလဘုရင်ယဟောရှမင်းက၊ လေဗနုန်ဆူးပင်သည် လေဗနုန်သစ်ကတိုးပင်ထံစေလွှတ်၍ သင့်သမီးကိုငါ့သားနှင့် ထိမ်းမြားလော့ဟုဆိုခိုက်၊ လေဗနုန်သားရဲတစ်စီးေလျှာက်သွားရာ ဆူးပင်ကိုနင်း မိလေစွတကား။
10 အကြည်တော်သည် ဧဒုံပြည်ကိုအောင်ခဲ့သောကြောင့် စိတ်နေမြင့်လှ၏။ နန်းတော်တွင်စံလျက် ကိုယ်ကိုဂုဏ်တင်လော့။ အကြည်တော်မှစ၍ ယုဒအလုံးအရင်းပါကျဆုံးရန် အန္တရာယ်ကိုအဘယ် ကြောင့် ရှာသနည်းဟု ယုဒဘုရင်အာမဇိမင်းထံ ရာဇသံပြန်လိုက်သော်လည်း
11 အာမဇိမင်းမနာမယူသောကြောင့် ဣသရေလဘုရင် ယဟောရှမင်းစစ်ချီ၍ ယုဒပြည်၊ ဗက်ရှေ မက်မြို့အနီး၊ မင်းနှစ်ပါးမျက်နှာချင်းဆိုင်ကြသောအခါ
12 ယုဒအလုံးအရင်းတို့သည် ဣသရေလအလုံးအရင်းရှေ့၊ ရှုံးနိမ့်လျက်၊ ကိုယ့်အိမ်သို့အသီးအသီး ဆုတ်ပြေးကြ၏။
13 ဣသရေလဘုရင်ယဟောရှမင်းသည် အာခဇိမင်းမြေးတော်၊ ယောရှမင်းသားတော်၊ ယုဒဘုရင် အာမဇိမင်းကို ဗက်ရှေမက်မြို့တွင် ဖမ်းမိ၏။ ယေရုရှလင်မြို့သို့ချီသွားလျက် ဧဖရိမ်တံခါးမှ ထောင့် တံခါးတိုင်အောင် မြို့ရိုးအတောင်လေးရာကို ဖြိုဖျက်ပြီးလျှင်
14 ဗိမာန်တော်၊ နန်းတော်၊ ဘဏ္ဍာတိုက်ရှိရွှေငွေစသော အသုံးအဆောင်ရှိသမျှနှင့် ပြည်ရေးအတွက် အာမခံတို့ကိုယူပြီးမှ ရှမာရိမြို့သို့ပြန်ချီလေ၏။
15 ယဟောရှမင်းပြုမူစီရင်သော အကြွင်းအကျန်၊ ယုဒဘုရင်အာမဇိမင်းနှင့်ဖြစ်သော စစ်ရေး၊ လက်ရုံးရည်ပါ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
16 ယဟောရှမင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျက် ရှမာရိမြို့ရှိဣသရေလဘုရင်တို့ သင်္ချၖိုင်းတော်တွင် စျာပနပြုခြင်းကိုခံရလျှင် သားတော်ယေရောဗောင်သည် အရိုက်အရာ၌ နန်းစံလေ၏။
17 ယောခတ်မင်းသားတော်၊ ဣသရေလဘုရင်ယဟောရှမင်ကွယ်လွန်ပြီးနောက်၊ ယောရှမင်းသားတော်၊ ယုဒဘုရင်အာမဇိမင်းသည် စည်းစိမ်တော်ဆယ့်ငါးနှစ်ခံစားရသေး၏။
18 အာမဇိမင်းစီရင်သောအကြွင်းအကျန်သည် ယုဒရာဇဝင်တွင် ရေးထားလျက်ရှိ၏။
19 ယေရုရှလင်မြို့၌ အတွင်းမီးထကြသည့်အတွက် ပြေးခိုရာ၊ လာခိရှမြို့သို့စေလွှတ်လုပ်ကြံပြီးမှ အလောင်းတော်ကို
20 ယေရုရှလင်မြို့သို့ မြင်းနှင့်တင်ဆောင်လျက် ဒါဝိဒ်မြို့တော်ရှိဘေးတော်ဘိုးတော်တို့ သင်္ချၖိုင်းတော်တွင် စျာပနပြုကြပြီးလျှင်၊
21 ယုဒနိုင်ငံသားတို့သည် အိမ်နိမ့်ဆယ့်ခြောက်နှစ်ရှိသောသြဇိကို ခမည်းတော်အာမဇိမင်း အရိုက်အရာ၌မင်းမြှောက်ကြလေ၏။
22 ထိုမင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ အထက်ဘုရင်ကျိန်းစက်ပြီးနောက် ဧလတ်မြို့ကို ယုဒနိုင်ငံအဝင် ပြန်ဖြစ်စေလျက်ပြုစုလေ၏။
23 ယောရှမင်းသားတော် ယုဒဘုရင်အာမဇိမင်းနန်းစံဆယ့်ငါးနှစ်တွင် ဣသရေလဘုရင် ယဟောရှမင်းသားတော့် ယေရောဗောင်မင်းနန်းတက်၍ ရှမာရိမြို့၌၊ လေးဆယ့်တစ်နှစ်စိုးစံရာ
24 ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်လက် ဣသရေလအမျိုးအား ပြစ်မှား စေသော နေဗတ်သားယေရောဗောင်မင်း၏ပြစ်မှုဟူသမျှကို မစွန့်ချေ။
25 ဂါသေဖာမြို့နေ၊ အမိတ္တဲသား၊ ကျွန်တော်ရင်းပရောဖက်ယောနအားဖြင့် ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားထားတော်မူခဲ့သော ဗျာဒိတ်တော်အတိုင်း ဣသရေလနယ်နိမိတ်ကို ဟာမတ်မြို့လမ်းဝမှ စ၍ အရာဗာအိုင်တိုင်အောင် ယေရောဗောင်ပြန်သိမ်းရခြင်းကား၊
26 ဣသရေလနိုင်ငံတွင် အကျဉ်းသား၊ အလွတ်သားမကျန်၊ မစနိုင်သူတစ်ယောက်မျှမရှိဘဲ၊ ပြင်းပြစွာရှုတ်ချခံရသည်ကို ရှုမှတ်တော်မူသော ထာဝရဘုရားသည်
27 ဣသရေလအမျိုးကို ကောင်းကင်အောက်မှ အမည်ပါမကျေမပျောက်စေရန် ကြံရွယ်တော် မူလျက် ယဟောရှမင်းသားတော်ယေရောဗောင်မင်း လက်ရုံးရည်ဖြင့် ကယ်ဆယ်တော်မူသတည်း။
28 ယေရောဗောင်မင်းပြုမူစီရင်သမျှ အကြွင်းအကျန် လက်ရုံးရည်၊ စစ်ရေး၊ ယုဒနိုင်ငံအဝင် ဟာမတ်မြို့နှင့် ဒမာသက်မြို့ကို ဣသရေလအမျိုးအဖို့ ပြန်သိမ်းခြင်းများပါ ဣသရေလရာဇဝင်တွင် ရေးထားလျက်ရှိ၏။
29 ယေရောဗောင်မင်းသည် ဣသရေလဘုရင်ဖြစ်သော ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျှင် သားတော်ဇာခရိသည် အရိုက်အရာ၌နန်းစံလေ၏။