15
တစ်ဖန်ထာဝရဘုရားက၊ အပါးတော်တွင်မောရှေနှင့် ရှမွေလတို့ခစားကြသော်လည်း၊ ဤလူမျိုးကိုငါသဘောမရှိ။ ရှေ့မှောက်မှထွက်သွားစေရန် နှင်ထုတ်လော့။ မည်သည့်အရပ်သို့သွားကြရအံ့နည်းဟုမေးကြလျှင်၊ သင်က၊ သေဘေးခံသင့်သူတို့သည် သေခြင်းသို့လည်း‌ေကာင်း၊ ဓားဘေးခံသင့်သူတို့သည် လုပ်ကြံခြင်းသို့လည်း‌ေကာင်း၊ အစာခေါင်းပါးဘေးခံသင့်သူတို့သည် အစာခေါင်းပါးခြင်းသို့လည်း‌ေကာင်း၊ သုံ့ပန်းဘေးခံသင့်သူတို့သည် သုံ့ပန်းခြင်းသို့လည်း‌ေကာင်း၊ သွားကြစေဟု ထာဝရဘုရားမိန့်တော်မူကြောင်း၊ 3-4 ယေရုရှလင်မြို့၌ ဟေဇကိမင်း၏သား ယုဒဘုရင်မနာရှေပြုခဲ့သောပြစ်မှုအတွက်ကြောင့်၊ လုပ်ကြံရန်ဓား၊ ဆွဲငင်ရန်ခွေး၊ ကိုက်စားရန်လေသတ္တဝါ၊ သတ်ဖြတ်ရန်မြေသတ္တဝါ၊ ထိုဘေးလေးမျိုးကို၊ ချင်းတို့အဖို့ငါစီရင်လျက်၊ မြေပေါ်ရှိတိုင်းနိုင်ငံအရပ်ရပ်တွင်၊ ထိတ်လန့်ဖွယ်ထားမည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်း၊ အိုေယရုရှလင်မြို့၊ သင့်ကိုသနားမည့်သူ၊ စာနာမည့်သူ၊ အဖြစ်အနေကိုလှည့်ဝင်မေးမြန်းမည့်သူကား၊ အသူနည်း။ သင်သည်ငါ့ကိုစွန့်ပစ်လျက် ပြန်ဆုတ်လေပြီ။ ငါလည်းသဘောတော်ပြောင်း၍၊ ပန်းလှပြီဖြစ်သောကြောင့်၊ သင့်ကိုဆန့်တန်းသောလက်ရုံးတော်ဖြင့်၊ ဖျက်ဆီးလေပြီဟု ထာဝရဘုရားမိန့်တော်မူကြောင်း၊ အလေ့အလာများမှမပြန်လာသော၊ ငါ၏လူမျိုးတော်ကို၊ နေပြည်အတွင်းတွင် စံကောဖြင့်လှေ့ယပ်လျက်၊ အမျိုးပြတ်ဖျက်ဆီးလေပြီ။ ချင်းတို့မုဆိုးမများသည်၊ သမုဒ္ဒရာသဲလုံးထက်များရှာလေပြီ။ မွန်းတည့်အချိန်၌ပင်၊ သားလူပျိုတို့နှင့် အမိပါ၊ ဖျက်ဆီးအံ့သောရန်သူ့ကိုရောက်စေလျက်၊ ချောက်လှန့်သောဘေးဥပဒ်ကိုရှောင်တခင် ငါသင့်စေပြီ။ သားခုနစ်ယောက်တို့အမိသည် အကျိုးယုတ်ရှက်ကွဲလျက်၊ အားလျော့မူးမော်လေပြီ။ နေ့အချိန်ရှိသေးလျက်ပင်၊ ထိုအမိ၌နေဝင်ရှာ၏။ အကြွင်းအကျန်ကိုလည်း၊ ရန်သူတို့ဓားဘေးသို့ငါအပ်နှင်းမည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်းများကိုဆင့်ဆိုရန်၊ ငါ့အားမိန့်တော်မူ၏။
10 အိုမိခင်၊ ပြည်သူအပေါင်းတို့နှင့် ဘက်ပြိုင်ရန်တွေ့ရသောသားကိုဖွားမြင်သည့်အတွက်၊ ကျွန်တော်အကျိုးနည်းလေစွ။ ကျွန်တော်သည်အတိုးမချ၊ အကြွေးမယူသော်လည်း၊ ရှိသမျှတို့အဆဲအရေးခံရ၏။ 11 ထို့နောက် ထာဝရဘုရားက၊ ကောင်းစားအံ့သောငှာ၊ သင့်ကိုငါမုချအားပေးမည်။ ဘေးသင့်၍ ဒုက္ခရောက်သည့်ကာလ၌လည်း၊ သင့်ထံရန်သူတို့တောင်းပန်စေဦးမည်ဟု မိန့်တော်မူ၏။
12 မြောက်ပိုင်းမှထွက်ချီသော သံနှင့်ကြေးကို၊ ချိုးဖြတ်နိုင်သလော။ 13-14 သင်တို့ပြစ်မှုဟူသမျှအတွက်၊ သင်တို့ကိုကျွမ်းလောင်သော ဒေါသမီးထွက်သည့်အလျောက်၊ တစ်ပြည်လုံးရှိစည်းစိမ်ဘဏ္ဍာကို၊ အဖိုးမဲ့လုယက်ဥစ္စာအဖြစ်၊ ငါလွှဲအပ် သည့်ပြင်၊ မရောက်ဘူးသောပြည်တွင်၊ ရန်သူတို့အမှုကို ထမ်းစေမည်။
15 အကျွန်ုပ်ကိုသိကျွမ်းတော်မူသော အိုထာဝရဘုရား၊ သတိရလျက်ကြွလာ၍၊ ညှင်းပန်းသူတို့အားစိတ်ရှည်သောသဘောတော်ကြောင့်၊ အကျွန်ုပ်ကိုမပယ်ရှားဘဲ၊ ချင်းတို့အားလက်စားချေတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော့်အတွက်ကဲ့ရဲ့ခံခဲ့ကြောင်းကို၊ သိမှတ်တော်မူပါ။ 16 ဗိုလ်ခြေတို့အရှင် အိုထာဝရဘုရား၊ နာမတော်ဖြင့်သမုတ်ခံသည့်အလျောက်၊ အကျွန်ုပ်တွေ့၍သုံးဆောင်ရာဗျာဒိတ်တော်သည်၊ စိတ်အားရရွှင်လန်းရာအကြောင်း ဖြစ်လှပါ၏။ 17 ပွဲသဘင်ကျင်းပသူတို့အစည်းအဝေး၌၊ အကျွန်ုပ်ထိုင်၍ ရွှင်လန်းသည်မဟုတ်ပါ။ သည်းမခံနိုင်သောစိတ်နှင့်ပြည့်အောင်၊ လက်ရုံးတော်အုပ်မိသဖြင့်၊ တစ်ယောက်တည်း ထိုင်နေရပါ၏။ 18 အကျွန်ုပ်သည် မပြတ်ရသောအနာ၊ ကု၍မရသောဒဏ်ချက်ကို၊ အဘယ့်ကြောင့်ခံရပါ သနည်း။ ကိုယ်တော်သည် ရေမတင်သောချောင်းခြောက်ကဲ့သို့၊ အကျွန်ုပ်၌ဖြစ်တော်မူပါသလော။
19 သို့နှင့်အညီထာဝရဘုရားက၊ သင်ပြောင်းလဲလျှင်၊ ရှေ့တော်တွင်ခစားရအံ့သောငှာပြန်လာခွင့်ကိုလည်း‌ေကာင်း၊ ချော်ထဲမှဘော်စင်ကိုထုတ်လျှင်၊ ငါ၏သံတော်ဆင့်ဖြစ်ခွင့်ကိုလည်း‌ေကာင်း ငါပေးမည်။ ထိုလူမျိုးထံသင်ပြန်၍မသွားရ။ သင့်ထံလာကြလိမ့်မည်။ 20 သင့်ကိုကြေးခံမြို့ရိုးသဖွယ်၊ ချင်းတို့ရှေ့ငါဖြစ်စေသဖြင့်၊ ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ သင့်ကိုကယ်တင်၍ ဘေးလွတ်စေရန်၊ ငါပါရှိသောကြောင့်၊ ချင်းတို့တိုက်ခိုက်သော်လည်း၊ အောင်မြင်ကြရမည်မဟုတ်။ 21 ငါသည်လူဆိုးတို့လက်မှ၊ သင့်ကိုကယ်ဆယ်၍၊ ကြမ်းကြုတ်သူတို့လက်တွင်းမှလည်း၊ ရွေးနုတ်လိမ့်မည်ဟု မိန့်တော်မူ၏။