16
1 တစ်ဖန် ငါသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊
2 သင်သည်၊ ဤဒေသအရပ်၌ အိမ်ထောင်မပြုလင့်။ သားသမီးမရှိရာ။
3 အသို့ဆိုသော်၊ ဤပြည်၊ ဤဒေသတွင်၊ ဖွားသောသားသမီးမှစ၍မြင်သောမိဘတို့ကိုရည်လျက်၊ ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊
4 မြည်တမ်းမှု၊ မြှုပ်နှံမှုကင်းလျက်၊ ကာလရောဂါဖြင့်လည်းေကာင်း၊ ဓားဘေး၊ အစာခေါင်းပါးဘေးဖြင့်လည်းေကာင်း၊ သေဆုံးကုန်ခန်းရသော ထိုသူတို့အလောင်းများသည် မြေအပြင်တွင် မြေဩဇာနှင့်၊ လေသတ္တဝါ၊ မြေသတ္တဝါတို့အစာဖြစ်ရကြလိမ့်မည်။
5 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ငြိမ်သက်ချမ်းသာတည်းဟူသော မေတ္တာကျေးဇူးနှင့် ကရုဏာတော်ကို၊ ဤလူမျိုးမှငါရုတ်သိမ်းပြီဖြစ်သောကြောင့်၊ အသုဘအိမ်သို့မဝင်ရ။ စာနာ၍မြည်တမ်းခြင်းကိုလည်း၊ သင်မပြုရမည့်အကြောင်း၊ ငါထာဝရဘုရားမိန့်ဆို၏။
6 ဤပြည်တွင်လူကြီးလူငယ်တို့ပါ၊ မြှုပ်နှံမှုကင်းလျက် သေရကြမည့်အလျောက်၊ မြည်တမ်းခြင်း၊ ကိုယ်ကိုထိရှခြင်း၊ ဦးဆံပယ်ခြင်းများကိုလည်းေကာင်း၊
7 အသုဘပွဲလုပ်၍ အလွမ်းဆွတ်ပြေစေရန် မုန့်ကျွေးခြင်း၊ မိဘကွယ်လွန်သော်လည်း နှစ်သိမ့်စေသော အရည်တိုက်ခြင်းများကိုလည်းေကာင်း၊ သူသေတို့အတွက်မပြုရကြ။
8 ပွဲသဘင်အိမ်၌လည်း၊ ဝင်ရောက်စားသောက်ထိုင်နေရမည်မဟုတ်။
9 ဣသရေလလူမျိုး၏ဘုရားသခင်၊ ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ သင်တို့လက်ထက်၊ သင်တို့မျက်မှောက်တွင်ပင်၊ အားရရွှင်လန်းသံ၊ မင်္ဂလာဆောင်သတို့သား၊ သတို့သမီးတို့ကြွေးကြော်သံများကို၊ ဤအရပ်ဒေသ၌ ငါပြတ်စဲစေမည်။
10 ထိုဗျာဒိတ်တော်ချက်ဟူသမျှကို သင့်ထံကြားနာရသောဤလူမျိုးက၊ ထိုမျှလောက်ဆိုးသောဘေးအလုံးစုံကို၊ ထာဝရဘုရားသည် အဘယ့်ကြောင့် ပြဋ္ဌာန်းတော်မူသနည်း။ ငါတို့ဘုရားသခင်ထာဝရဘုရားအား၊ ပြစ်မှားမိသောဒုစရိုက်ပြစ်မှုကား၊ အဘယ်နည်းဟုမေးကြသည့်ကာလ၊
11 ငါ၏ပညတ်တရားကိုမစောင့်ရှောက်ဘဲ၊ ငါ့ကိုစွန့်ပစ်ပယ်ထားကြသည့်ပြင်၊ အခြားဘုရားများနောက်လိုက်လျှောက်ဝတ်ပြုရှိခိုးလျက်၊
12 ဗျာဒိတ်တော်ကိုမနာခံသည့်တိုင်အောင်၊ ခက်မာသောကိုယ့်သဘောအတိုင်း၊ အသီးအသီးတို့လိုက်လျှောက်ကြသည်မှာ၊ ဘိုးဘေးတို့ထက်ဆိုးသွမ်းသောကြောင့်တည်း။
13 သို့ဖြစ်၍ ငါသည်ကရုဏာကင်းလျက် ဘိုးဘေးများမှစ၍၊ သင်တို့ကိုယ်တိုင်မရောက်ဘူးသောပြည်သို့၊ အခြားဘုရားများရှေ့၊ နေ့ညဉ့်မဟူဝတ်ပြုကြစေခြင်းငှာ၊ ဤပြည်မှသင်တို့ကို၊ ငါထုတ်ပစ်မည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်း၊ သင်ပြန်ဆိုရမည်။
14-15 သို့ဖြစ်၍၊ ဘိုးဘေးတို့အားငါပေးခဲ့သောပြည်ရင်းသို့၊ ဤလူမျိုးကိုပြန်ခေါ်မည်ဖြစ်သောကြောင့်၊ အိဂျစ်ပြည်မှဣသရေလအမျိုးသားတို့ကို၊ ဆောင်ခဲ့သောထာဝရဘုရားအသက်တော်ဟူ၍ ဆက်လက်ဆိုလေ့မရှိဘဲ၊ နှင်ထုတ်တော်မူခဲ့ရာ မြောက်ပိုင်းပြည်နှင့် ပြည်တကာမှဆောင်ခဲ့သော ထာဝရဘုရားအသက်တော်ဟူ ၍ ဆိုရလတ္တံ့သောနေ့ရက်ကာလရောက်တော့မည်ဟု၊ ငါထာဝရဘုရားမိန့်ဆို၏။
16-17 ငါမျက်မှောက်ပြုရာ၊ ချင်းတို့အလေ့အလာများသည်၊ မျက်နှာတော်မှမပုန်း၊ ဒုစရိုက်လည်း၊ စက္ခုတော်မှမကွယ်သည့်အလျောက်၊ ငါသည်ချင်းတို့ကိုမျှားရန်တံငါအမြောက်အမြားစေလွှတ်ပြီးနောက်၊ တောင်၊ ကုန်း၊ ကျောက်ကြားဟူသမျှမှ၊ ချောက်ထုတ်ရန် မုဆိုးအများကိုလည်းစေလွှတ်သည့်ပြင်၊
18 စက်ဆုပ်ဖွယ်ရုပ်တုအသေကောင်များဖြင့်၊ ပြည်တော်ကိုညစ်ညူးစေလျက်၊ ရွံရှာဖွယ်ရာဘုရားများဖြင့်လည်း၊ ပိုင်တော်မူရာကိုပြည့်စေကြသော ဒုစရိုက်ပြစ်မှုအတွက်၊ နှစ်ဆတင်ရင်ဆပ်ပေးမည်ဟု၊ ငါထာဝရဘုရားမိန့်ဆိုသည်ဟူ၍တည်း။
19 အကျွန်ုပ်၏စွမ်းအား၊ အကျွန်ုပ်၏ရဲတိုက်၊ ဒုက္ခတွေ့သည့်ကာလ၊ အကျွန်ုပ်၏ခိုလှုံရာဖြစ်သော အိုထာဝရဘုရား၊ မြေကြီးအစွန်းအဖျားများမှ၊ လူမျိုးခြားတို့သည်၊ ကိုယ်တော့်ထံတိုးဝင်၍၊ မိရိုးဖလာဘုရားများသည် မုသာ၊ အနတ္တဖြစ်လျက်၊ ကျေးဇူးမပြုနိုင်သောဘုရားများသာဖြစ်လှပါသည်ဟု ဝန်ခံကြပါလိမ့်မည်။
20 လူသည်အတုမျှသာဖြစ်သောဘုရားများကို၊ ကိုးကွယ်ရန်လုပ်အပ်ပါသလော။
21 သို့ဖြစ်၍၊ ငါ့လက်ရုံးတော်၊ ငါ့ခွန်အားတော်ကို၊ ဤတစ်ကြိမ်တည်းငါဖော်ပြသည့်အလျောက်၊ နာမတော်ကား၊ ယေဟောဝါတည်းဟု၊ ချင်းတို့သိရကြလိမ့်မည်။