14
1 အခါတစ်ပါး၊ ရှံဆုန်သည် တိမနတ်မြို့သို့သွားရောက်ရာ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတစ်ယောက် ကိုမြင်လျှင်၊
2 မိဘထံပြန်လာ၍ တိမနတ်မြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတစ်ယောက်ကို မြင်ခဲ့ပါသည်။ ကျွန်တော့်ခင်ပွန်းဖြစ်စေခြင်းငှာ တောင်းဆိုပါဟုလျှောက်သော်၊
3 မိဘတို့က၊ လှီးဖြတ်ခြင်းမင်္ဂလာမဲ့သူ ဖိလိတ္တိအမျိုးတွင် ခင်ပွန်းပြုရန်ခေါ်ဆောင်ရမည့်အ ကြောင်းမှာ၊ သင့်ဆွေမျိုးသားချင်း၊ ငါတို့အမျိုးအနက် မိန်းမတစ်ယောက်မျှမရှိသလောဟု ပြောဆိုသော်လည်း၊ ရှံဆုန်က၊ ထိုမိန်းမကိုသာ တောင်းပေးပါ။ အလွန်ပင်မြတ်နိုးလှပါသည်ဟု အဘအားလျှောက်ဆိုလေ၏။
4 ထိုအခါ ဣသရေလလူမျိုးအပေါ်တွင် ဖိလိတ္တိလူမျိုးအစိုးရသည်ဖြစ်၍ ဖိလိတ္တိလူမျိုး၌ ရန်မူရန် အကြောင်း ထာဝရဘုရားပြုတော်မူသည့်အတိုင်း အထံတော်မှဖြစ်ပွားသည်ကို မိဘတို့မသိကြချေ။
5 ထိုနောက် ရှံဆုန်သည် မိဘတို့နှင့်အတူ၊ တိမနတ်မြို့ခရီးသွားရာ တိမနတ်မြို့ရှိ စပျစ်ခြံသို့ ရောက်သော်၊ ခြင်္သေ့ပျိုတစ်ကောင်ဟောက်လျှင်၊
6 ထာဝရဘုရား၏ဝိညာဉ်တော်အဆောတလျင်သက်ရောက်သဖြင့်၊ ရှံဆုန်လက်ချည်းဖြစ်သော် လည်း၊ ဆိတ်သားငယ်ကို ဆွဲဖဲ့နိုင်သကဲ့သို့ ဆွဲဖဲ့လေ၏။ ထိုအကြောင်းကို မိဘတို့အား မကြားမပြော ဘဲနေလေ၏။
7 ထိုမြို့သို့ရောက်ပြီးလျှင်၊ မိန်းမနှင့်စကားနှီးနှော၍ အလွန်ပင်မြတ်နိုးသည်နှင့်
8 နောက်မကြာမီ သိမ်းဆောင်ရန် ပြန်သွားစဉ်၊ ထိုခြင်္သေ့သေကို လှည့်ဝင်ရှုကြည့်ရာ ၎င်းအသေကောင်တွင် ပျားစွဲ၍ အရည်ရှိမှန်းသိလျင်
9 ဖွပ်ယူစားသောက်လျက်သွားလေသော်၊ မိဘတို့ထံလာရောက်ပေးကမ်းသည်နှင့် စားကြသော်လည်း ထိုပျားရည်ကိုခြင်္သေ့သေမှ ဖွပ်ခဲ့ကြောင်း မကြားမပြောနေလေ၏။
10 အဘလည်း ချွေးမရှိရာသို့ တစ်ဖန်သွားရောက်သတည်း။ ထိုအခါလူပျိုတို့ထုံးစံအတိုင်း စားသောက်ပွဲပြုလုပ်သော ရှံဆုန်ကိုမြင်ကြလျှင်၊
11 အပေါင်းအေဖာ်သုံးဆယ်တို့ကိုခေါ်၍ ထိုင်နေကြစဉ်
12 ရှံဆုန်က စကားထာဝှက်ပါမည်။ ပွဲခံသောခုနစ်ရက်အတွင်း ဘော်ဆိုနိုင်လျှင် ပိတ်တဘက် ထည်သုံးဆယ်နှင့်အဝတ်စုံသုံးဆယ်ပေးပါမည်။
13 မေဖာ်နိုင်မူ ငါ့အားသင့်တို့က ပိတ်တဘက်ထည်သုံးဆယ်နှင့်အဝတ်စုံသုံးဆယ်ပေးကြရ မည်ဟု ပြောလျှင် သူတို့က၊ စကားထာကိုဝှက်ပါ၊ ငါတို့နားထောင်ပါရစေဦးဟု ပြန်ဆိုကြ၏။
14 ထိုအခါ ရှံဆုန်က၊ စားဝါးသူ့အတွင်းမှအစာ၊ သန်စွမ်းသူ့အတွင်းမှအချို၊ ထွက်စတကားဟူ၍ ဝှက်လေရာ သုံးရက်မြောက်သော်လည်း မေဖာ်မဆိုနိုင်ကြ။
15 လေးရက်မြောက်သောနေ့တွင် ရှံဆုန်မယားအား သူတို့က၊ သင်နှင့်တကွ အဘအိမ်ထောင်ကို ငါတို့မီးမတိုက်စေရန် ထိုသို့သောစကားထာကို ဖော်ပြပါမည့်အကြောင်း၊ ကိုယ့်လင်ကိုဖြားယောင်း ပါ။ ငါတို့ဉစ္စာကို ရရန်သာခေါ်ဖိတ်သည်မဟုတ်တုံလောဟု ကြိမ်းမောင်းကြသည်နှင့်
16 မိန်းမသည် လင်ရှံဆုန်ထံတွင် ငိုကြွေးလျက် ကျွန်မအား အရှင်မေတ္တာမဲ့၍ ချစ်ခြင်းမရှိပါ။ ကျွန်မအားမေဖာ်မပြသေးဘဲ ဆွေမျိုးသားချင်းတို့ကို စကားထာဝှက်ထားလေပြီဟုဆိုသော် မိဘတို့ အားမေဖာ်မပြခဲ့သောစကားထာကို သင့်အားေဖာ်ပြရမည်လောဟု ပြန်ဆိုသော်လည်း
17 ထိုပွဲခံရာခုနစ်ရက်အတွင်း ငိုကြွေးသည့်ပြင် နောက်ဆုံးနေ့၌ ပူစာသဖြင့် မိန်းမအားေဖာ်ပြ ရာ မိန်းမလည်း ဆွေမျိုးသားချင်းတို့ကို ေဖာ်ပြောလေ၏။
18 မြို့သားတို့က၊ ပျားရည်ထက်မည်သည့်အရာချိုသနည်း။ ခြင်္သေ့ထက်မည်သည့်သတ္တဝါ သန်စွမ်းသနည်းဟု ခုနစ်ရက်မြောက်သောနေ့၊ နေမဝင်မီ၊ ေဖာ်ဆိုကြရာ ရှံဆုန်က၊ ငါ့နွားမနှင့်မထွန် လင့်မူ။ ဖြေဖွင့်နိုင်သူမရှိဟူ၍ဆိုပြီးလျှင်၊
19 ထာဝရဘုရား၏ဝိညာဉ်တော်အဆောတလျင်သက်ရောက်သည်နှင့် အာရှေကေလုန်မြို့သို့ဆင်း သွား၍ မြို့သားသုံးဆယ်ကိုသတ်ဖြတ်လုယက်သဖြင့် စကားထာဖော်သူတို့အား အဝတ်စုံများ ပေးအပ်ပြီးနောက် အမျက်ထွက်လျက် အဘအိမ်သို့ပြန်သွားလေ၏။
20 မယားကိုကား ရှံဆုန့်လူပျိုရံဖြစ်သူ မိတ်ဆွေတစ်ဦးယူလေ၏။