13
တစ်ဖန်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသွမ်းမှုကိုပြုကျင့် သောကြောင့် ဖိလိတ္တိလူမျိုးလက်တွင်းသို့ အနှစ်လေးဆယ်တိုင်တိုင် ထာဝရဘုရားအပ်နှင်းတော်မူ၏။
ထိုအခါ ဒန့်အနွယ်၊ ဇောရာမြို့သား၊ မာနော်အမည်တွင်သောသူတစ်ဦးရှိရာ ၎င်း၏မယားသည် သားမရ၊ မြုံ၍ ထာဝရဘုရား၏စေတမန်တော်ထင်ရှားလျက် သင်သားမရ၊ မြုံသော်လည်း သန္ဓေလွယ်၍ သားယောက်ျားကိုဖွားမြင်ခွင့်ရလိမ့်မည်။ 4-5 ထိုသို့သန္ဓေလွယ်၍ ဖွားမြင်ခွင့်ရမည်ကို ထောက်သဖြင့်၊ စပျစ်ရည်မှစ၍ သေရည်သေရက်နှင့် မသန့်သောအစာကိုမျှ မသုံးမိစေရန်သတိပြုပါလော့။ ထိုသားသည် အမိဝမ်းတွင်းမှစ၍ ဘုရားသခင့် မျက်မှောက်တော်တွင် ပရဗိုဇ်ဂိုဏ်းသားအဖြစ်နေရလတ္တံ့သောကြောင့် ဦးဆံပယ်ရန် သင်တုန်းထားမတင်ရ။ သူသည် ဖိလိတ္တိလူမျိုးလက်တွင်းမှ ဣသရေလလူမျိုးကို ကယ်ဆယ်စပြုလိမ့်မည်ဟု မိန့်ဆို၏။ ထိုမိန်းမသည် ခင်ပွန်းထံသွားရောက်၍ ဘုရားသခင့်စေတမန်တော့်သဏ္ဌာန်၊ ကြောက်မက်ဘွယ် ကောင်းသောသဏ္ဌာန်ရှိသူ ဘုရားသခင့်လူယုံတော်တစ်ပါးသည် ကျွန်မထံသို့ရောက်လာပြီးလျှင်၊ ဘယ်ကကြွလာသည်ဟု ကျွန်မမမေးမိ။ သူကလည်း အမည်ကိုမဖော်မပြဘဲ မိန့်ဆိုသည်မှာ၊ သင်သန္ဓေလွယ်၍ သားယောက်ျားကိုဖွားမြင်ခွင့်ရလိမ့်မည်။ ထိုသားသည် အမိဝမ်းတွင်းမှစ၍ သေလွန်သည့်နေ့တိုင်အောင် ဘုရားသခင့်မျက်မှောက်တော်တွင် ပရဗိုဇ်ဂိုဏ်းသားအဖြစ် နေရလတ္တံ့ သောကြောင့်၊ စပျစ်ရည်မှစ၍ သေရည်သေရက်နှင့် မသန့်သောအစာကိုမျှ မသုံးဆောင်ရဟူ၍ မိန့်ဆို သည်ဟု ပြန်ကြားလေ၏။ ထိုအခါ မာနော်က အိုအရှင်ဘုရား၊ ဘွားမြင်မည့်သား၌ ပြုရန်နည်းကို စေလွတ်တော်မူခဲ့သော လူယုံတော်တစ်ဖန်လာရောက်သွန်သင်ပါစေသောဟူ၍ တောင်းလျှောက်အသနားတော်ခံလျက်ကို ထာဝရဘုရားနားညောင်းတော်မူသဖြင့် ခင်ပွန်းဖြစ် သောမာနော်မရှိခိုက်၊ လယ်ယာတွင် ထိုင်နေသူမိန်းမထံဘုရားသခင့်စေတမန်တော်လာပြန်ရာ၊ 10 ထိုမိန်းမသည် အလျင်အမြန်ပြေးသွား၍ ဟိုနေ့လာရောက်သူသည် ကျွန်မရှေ့ဝယ်ထင်ရှားပြန် ပြီဟု ခင်ပွန်းအားပြောကြားသော်၊ 11 မာနော်ထ၍၊ ထိုသူရှိရာသို့ မိန်းမနောက်ကလိုက်သွားရာ၊ အရှင်သည် ဤမိန်းမအား ပြောဆိုသူ မှန်သလောဟုမေးလျှင် မှန်ကြောင်းဝန်ခံလေ၏။ 12 မာနော်က၊ အရှင့်စကားအတိုင်း တည်ပါလျှင် သူငယ့်အလေ့အလာအကျင့်အကြံကား၊ မည်သို့ ဖြစ်ပါမည်နည်းဟုမေးသော်၊ 13 ထာဝရဘုရား၏စေတမန်တော်က သင့်မိန်းမအား ငါသတိပေးခဲ့သမျှကို ကြဉ်ရှောင်ပါစေ။ 14 စပျစ်ပင်နှင့်စပ်လျဉ်းသမျှကို မစားစေဘဲ စပျစ်ရည်၊ သေရည်သေရက်၊ မသန့်သောအစာကိုမျှ မသုံးဆောင်စေနှင့်။ ငါမိန့်ခဲ့သမျှအတိုင်း စောင့်ရှောက်ပါစေဟု မာနော်အားမိန့်ဆိုလေ၏။ 15 မာနော်က၊ အရှင့်ရှေ့တွင် ဆိတ်သားငယ်တစ်ကောင်ကို ခင်းကျင်းခွင့်ရရုံမျှ တားပါရစေဟု လျှောက်သော်၊ 16 ထာဝရဘုရား၏စေတမန်တော်က၊ ငါ့ကိုတားသော်လည်း သင့်ဘောဇဉ်ကိုငါမသုံးမဆောင်။ မီးရှို့ရာသက္ကာပြုလုပ်လိုမှု၊ ထာဝရဘုရားအား ဆက်ကပ်လော့ဟုဆိုလေ၏။ ထာဝရဘုရား၏ စေတမန်တော်ဖြစ်ကြောင်း မာနော်မသိသေးချေ။ 17 မာနော်ကလည်း အရှင့်စကားအတိုင်းတည်ခဲ့သော် ထောမနာပြုရစေရန်၊ အရှင့်အမည်မှာ မည်သို့ ခေါ်ဝေါ်ပါသနည်းဟုမေးပြန်လျှင်၊ 18 ထာဝရဘုရား၏စေတမန်တော်က အံ့သြဖွယ်ကောင်းသော ငါ့နာမကို အဘယ်ကြောင့်မေး ပြန်သနည်းဟု ပြန်ဆိုရာ၊ 19 ဆိတ်သားငယ်နှင့်ဘောဇဉ်သက္ကာကို မာနော်ယူဆောင်လျက်၊ ကျောက်ဖျာပေါ်တွင် ထာဝရ ဘုရားအားဆက်ကပ်ပြီးနောက် မာနော်ဇနီးခင်ပွန်းတို့ ရှုကြည့်သည့်အခိုက် ထာဝရဘုရား၏ စေတမန်တော်သည် အံ့သြစွာပြုလုပ်သည်မှာ 20 ပူဇော်ရာပလ္လင်မှကောင်းကင်သို့တက်လွင့်သောမီးလျှံအတွင်း တက်ကြွသတည်း။ ထိုအခါ မာနော်ဇနီးခင်ပွန်းတို့ရှုကြည့်လျက် ပျပ်ဝပ်ရှိခိုးကြလေ၏။ 21 ထာဝရဘုရား၏စေတမန်တော်သည် မာနော်ဇနီးခင်ပွန်းတို့အား တစ်ဖန်မထင်ရှားချေ။ ထိုအခါ စေတမန်တော်ဖြစ်ကြောင်း မာနော်သိမြင်သဖြင့် 22 ငါတို့သည် ဘုရားသခင်ကိုဖူးမြင်ရသည့်အတွက် အမှန်သေရတော့မည်ဟု မိန်းမအားဆိုသော် 23 မိန်းမက၊ အကယ်၍ထာဝရဘုရားသည် သေစေတော်မူလိုလျှင် ကျွန်မတို့လက်တွင်းမှ မီးရှို့ရာသက္ကာနှင့် ဘောဇဉ်သက္ကာများကို ခံယူမည်မဟုတ်သည့်ပြင် ဤအချိန်အခါတွင် ထိုသို့သော အကြောင်းအရာအကုန်အစင်ကို ဖော်ပြကြားပြောတော်မူမည်မဟုတ်ဟု ပြန်ဆိုလေ၏။ 24 ထိုမိန်းမသည်သားယောက်ျားကို ဖွားမြင်၍ ရှံဆုန်အမည်ဖြင့် မှည့်လေ၏။ ထာဝရဘုရား သည်ကောင်းကြီးပေးတော်မူသည့်အတိုင်း 25 ထိုသူငယ်အရွယ်မြောက်လျှင် ဇောရာမြို့နှင့် ဧရှတောလ မြို့များစပ်ကြား၊ မဟာနေဒန်အရပ်၌ ထာဝရဘုရား၏ဝိညာဉ်တော်ဦးစွာနှိုးဆော်လေ၏။