15
1 နောက်မကြာမီ ဂျုံစပါးရိတ်ချိန်အခါ ရှံဆုန်သည် ဆိတ်သားငယ်တကောင်နှင့် မယားကိုအကြည့် အရှုသွား၍ မိန်းမအိပ်ခန်းထဲသို့ဝင်မည်ဟုခွင့်ပန်ရာ
2 ယောက္ခမကအခွင့်မပြုဘဲ ငါ့သမီးကိုသင်မေတ္တာမဲ့ကြောင်း ထင်မှတ်အောက်မေ့သဖြင့် သင့်မိတ် ဆွေအား ငါပေးစားလိုက်ပြီ။ သူ့ထက်သူ့ညီမသာ၍တင့်တယ်သည်မဟုတ်လော။ အစားယူပါလေဟု ဆိုသော်၊
3 ယခုတစ်ကြိမ်ဖိလိတ္တိလူမျိုးတို့၌ ဘေးသင့်စေသော်လည်း အပြစ်နှင့်ငါကင်းစင်လိမ့်မည်ဟု ပြန်ဆိုလျက်
4 ရှံဆုန်ထွက်သွားပြီးလျှင် မြေခွေးသုံးရာကို ဖမ်းဆီး၍ နှစ်ကောင်စီအမြီးချင်းဆက်သွယ်လျက် ကြား၌မီးထုတ်ချည်၍
5 ညှိပြီးလျှင် ဂျုံခင်းသို့လွှတ်လိုက်သဖြင့် ဖိလိတ္တိလူမျိုးတို့၏ ဂျုံပင်နှင့်ကောက်လှိုင်းပုံများမှစ၍ စပျစ်ခြံ၊ သံလွင်ခြံများကို စွဲလောင်လေ၏။
6 ဖိလိတ္တိလူမျိုးတို့က ဤအမှုကို မည်သူပြုသနည်းဟု မေးမြန်းကြသော်၊ တိမနတ်မြို့သားသည် သမက်ရှံဆုန်၏မယားကို ပြန်သိမ်း၍ ၎င်းမိတ်ဆွေအား ပေးစားသောကြောင့် ရှံဆုန်ပြုလုပ်လေပြီဟု ပြန်ဆိုကြလျှင် အဘနှင့်တကွ သမီးပါမီးတိုက်ကြကုန်၏။
7 ရှံဆုန်ကလည်း၊ ထိုသို့ပြုလုပ်ကြလျှင် ငါသည် သင်တို့အပေါ်တွင် အပြစ်ဆပ်ပေးပြီးမှ စိတ် ကျေနပ်လိမ့်မည်ဟုဆိုလျက်
8 ရှောင်တခင်အပြင်းအထန်သူတို့ကို သတ်ဖြတ်လုပ်ကြံပြီးနောက် ဧတံကျောက်ခွက်သို့ သွား ရောက်၍ အောင်းနေလေ၏။
9 ထိုနောက် ဖိလိတ္တိလူမျိုးတို့သည် ယုဒနယ်သို့ချီလာစွဲရပ်လျက် လေဟိရွာအနီးအနှံ့အပြားတပ်ချကြ သော်
10 ယုဒအနွယ်သားတို့က ငါတို့နှင့်စစ်ပြိုင်ရန် မည်သည့်အတွက်ချီလာကြသနည်းဟုမေးလျှင် ငါတို့အား ရှံဆုန်ပြုလုပ်သကဲ့သို့ သူ့ကိုချည်နှောင်ပြုလုပ်ရန် ချီလာကြသည်ဟုပြန်ဆိုရာ
11 ယုဒအနွယ်သားသုံးထောင်သည် ဧတံကျောက်ခွက်သို့ ဆင်းသက်၍ ငါတို့အပေါ်တွင် ဖိလိတ္တိလူမျိုးအစိုးရကြောင်း သင်မသိခဲ့လော။ ငါတို့၌သင်ပြုသောအရာကား မည်သို့နည်းဟုမေးဆိုကြ၏။
12 ငါ့ကိုပြုလုပ်ကြသကဲ့သို့ သူတို့အားလည်း ငါပြုလုပ်သည်ဟု ပြန်ဆိုရာ သင့်ကိုချည်နှောင်၍ ဖိလိတ္တိလက်တွင်းသို့ အပ်နှင်းရန် ငါတို့ဆင်းခဲ့သည်ဟု ဆိုကြလျှင်၊ ရှံဆုန်က သင်တို့ကိုယ်တိုင်မသတ် မဖြတ်ပါမည့်အကြောင်း သစ္စာဆိုကြလော့ဟု တောင်းပန်သော်၊
13 သူတို့က၊ ထိုသို့မပြုလုပ်ပါ။ တင်းတင်းချည်နှောင်၍သာ ဖိလိတ္တိလက်တွင်းသို့အပ်နှင်းရမည်။ ငါတို့ကား မသတ်မဖြတ်ပါဟု ပြောဆိုကြပြီးလျှင်၊ ကြိုးသစ်နှစ်ချောင်းနှင့် ချည်နှောင်လျက် ကျောက် ခွက်မှထုတ်ဆောင်ခဲ့လေ၏။
14 လေဟိရွာသို့ရောက်၍ ဖိလိတ္တိလူမျိုးတို့မြင်လျင်မြင်ချင်း ကြွေးကြော်ကြရာ ထာဝရဘုရား၏ ဝိညာဉ်တော်အဆောတလျင်သက်ရောက်သဖြင့် လက်ရုံးတွင် ချည်နှောင်သောကြိုးများသည် မီးလောင်သောကြိုးများကဲ့သို့ဖြစ်လျက် လက်ထိပ်ကြိုးများလည်း ပြတ်ကင်းလေ၏။
15 မြည်းမေးရိုးအစိုတစ်ချောင်းတွေ့၍ စွဲကိုင်လျက် လူပေါင်းတစ်ထောင်ကိုလုပ်ကြံပြီးလျှင် ရှံဆုန်က
16 မြည်းမေးရိုးဖြင့် အပုံပုံ၊ မြည်းမေးရိုးဖြင့် လူတစ်ထောင်ကိုငါလုပ်ကြံပြီဟု ကြွေးကြော်ပြီးနောက်
17 မေးရိုးကိုပစ်လိုက်သဖြင့် ထိုအရပ်ကို ၁ 15.17 အနက်ကား၊ ေမးရိုးကုန်း။ရာမတ်လေဟိဟုခေါ်ဝေါ်ကြသတည်း။
18 အလွန်ရေငတ်၍ ထာဝရဘုရားအား သူပဌနာပြုသည်မှာ ကိုယ်တော်သည် ဤကြီးစွာသော အောင်မြင်ခွင့်ကို ကျွန်တော်မျိုး၏လက်ရုံးအားဖြင့် ပေးတော်မူခဲ့ငြားသော်လည်း ယခုမှာအကျွန်ုပ် ရေငတ်သဖြင့် သေရမည့်ဆဲဆဲတွင် လှီးဖြတ်ခြင်းမင်္ဂလာမဲ့သူတို့ လက်တွင်းသို့ ရောက်ရတော့မည်ဟု တောင်းလျှောက်သော်
19 ဘုရားသခင်သည် လေဟိရွာတွင်ရှိရင်းကျောက်တွင်းကို ဖောက်ထွင်းတော်မူသဖြင့် ရေထွက်ရာ သောက်ရပြီးမှ အသက်အားတိုးသည်နှင့် ထိုတွင်းကို ၂ 15.19 အနက်ကား၊ ပဌနာပြုသူ့ေရထွက်။အင်္ဟက္ကောရဟုခေါ်ဝေါ်ကြ၍ ယနေ့တိုင်အောင် လေဟိရွာတွင်တည်ရှိသတည်း။
20 ရှံဆုန်သည် ဖိလိတ္တိလူမျိုးတို့လက်ထက် ဣသရေလူမျိုးကို နှစ်ပေါင်းနှစ်ဆယ်အုပ်စိုးစီရင်လေ၏။