2
တစ်နေ့သ၌ 2.1 ပါဠိၒ ၒ- ဘုရားသခင့်သားတို့။ကောင်းကင်သားတို့သည်၊ ထာဝရဘုရားထံဝင်ရောက်ခစားကြပြန်ရာ၊ စာတန်လည်းအထံတော်၌ခစားခြင်းငှာ၊ သူတို့နှင့်ပါလာသည်ဖြစ်၍၊ စာတန်အားအဘယ်ကလာသနည်းဟု၊ ထာဝရဘုရားမေးတော်မူသော်၊ စာတန်ကမြေကြီးတစ်လျှောက်ပေါ်တွင်လှည့်ပတ်သွားလာရာမှလာရောက်ပါသည်ဟုပြန် လျှောက်လေ၏။ ထာဝရဘုရားကလည်း၊ မြေကြီးပေါ်တွင်၊ စုံလင်ဖြောင့်မှန်၍၊ ငါဘုရားကိုခန့်ညားလျက် ဒုစရိုက်ကိုရှောင်ကြဉ်သူ၊ ငါ့ကျွန်ယောဘကဲ့သို့တစ်ယောက်မျှမရှိကြောင်း။သင် သိမှတ်ပြီလော။ သူသည် စုံလင်ခြင်းကို ကိုယ်၌မြဲစွဲလျက်နေ၏။ ဖျက်ဆီးစေရန်ငါ့အားသင်ပန်ထွာနှိုးဆော်ခြင်းသည်၊ အကြောင်းမဲ့ဖြစ်လေပြီတကားဟု မိန့်တော်မူရာ၊ စာတန်က၊ အရေအစားအရေ၊ အသက်အစားပိုင်သမျှနှင့် လဲလှယ်တတ်သည့်အတိုင်း၊ အရိုးအသားကိုလက်တော်ဖြင့်ဆန့်တန်း၍ထိခိုက်တော်မူပါက၊ မျက်မှောက်ထင်ထင်ငြင်းပယ်ခြင်းကို မုချပြုပါလိမ့်မည်ဟု ၊ ထာဝရဘုရားပြန်လျှောက်လျှင်၊ ထာဝရဘုရားက၊ သူသည်သင့်လက်ဝယ်ရှိ၏။ အသက်ကိုကားခြွင်းထားလော့ဟု မိန့်တော်မူသော်၊ စာတန်သည်အထံတော်မှထွက်သွားပြီးလျှင်၊ ယောဘ၌ခြေဖဝါးမှ ဦးထိပ်တိုင်အောင်၊ အနာဆိုးဘေးသင့်စေ၏။ ယောဘသည်ကိုယ်ကိုခြစ်ရန်အိုးခြမ်းကိုကိုင်ယူ၍၊ ပြာထဲတွင်ထိုင်နေရာ၊ မယားကအရှင်သည်၊ စုံလင်ခြင်းကိုကိုယ်၌မြဲစွဲသေးသလော။ ဘုရားသခင်ကိုငြင်းပယ်ပြီးလျှင် သေပေတော့ဟုဆိုသော်၊ 10 ယောဘက၊ မိန်းမယုတ်ပြောသကဲ့သို့၊ သင်ပြောလေစွတကား။ ဘုရားသခင်အထံတော်မှအကောင်းကိုခံလျှင်၊ အဆိုးကိုလည်းခံအပ်သည်မဟုတ်တုံလောဟုဆို၏။ ဤအမှုရှိသမျှနှင့်စပ်၍လည်း၊ ယောဘသည် ဝစီကံမျှမပြစ်မှားချေ။
11 ထိုအခါ။ ယောဘ၏အဆွေခင်ပွန်းသုံးဦးဖြစ်သော၊ တေမန့်အမျိုးသားဧလိဖတ်၊ ရှု့အာ့အမျိုးသားဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည်၊ ဘေးသင့်ရောက်သမျှကို ကြားသိကြသောကြောင့်၊ စာနာ၍ နှစ်သိမ့်စေခြင်းငှာ ခရီးချိန်းချက်လျက်၊ နေရာရင်းမှအသီးအသီးလာရောက်ကြပြီးလျှင်၊ 12 အဝေးကေမျှာ်ကြည့်ရာ၊ ယောဘမှန်းမသိသဖြင့်၊ အော်ဟစ်ငိုကြွေးခြင်း၊ အသီးအသီးဝတ်လုံဆုတ်ခြင်း၊ ဦးခေါင်းထက်မြေမုန့်ကျစေရန် ကောင်းကင်သို့မြှောက်ကြဲခြင်း များကိုပြုကြ၏။ 13 ခုနှစ်ရက်နေ့ညဉ့်ပတ်လုံး၊ ယောဘနှင့်အတူမြေပေါ်မှာထိုင်နေကြရာ၊ ကြီးစွာသောပူပန်ခြင်းဒုက္ခကို သိမြင်ကြသောကြောင့်၊ မည်သူမျှစကားမပြောမဆိုနိုင်ချေ။