3
1-2 ထို့နောက် ယောဘသည်၊ နှုတ်မြွက်၍ကိုယ်နေ့ရက်ကိုကျိန်ဆိုသည်ကား၊ ငါဖွားသောနေ့နှင့်၊ သားယောက်ျားသန္ဓေတည်ပြီဟု ကြားပြောသောညဉ့်သည်။ ပပျောက်ပါစေ။ ထိုနေ့ကိုဘဝဂ်ပေါ်မှာ၊ ဘုရားသခင်ထုတ်ခေါ်တော်မမူ။ အလင်းမသက်မရောက်၊ မှောင်လည်းမှောင်မိုက်ပါစေ။ မှောင်မိုက်နှင့်သေမင်းရိပ်ကား။ ထိုနေ့၏ဆွေမျိုးသားချင်းဖြစ်ပါစေ။ မိုးသားတိမ်တိုက်လွှမ်းအုပ်၍၊ နေ့အချိန်ကျသောမှောင်မိုက်အတိသည်၊ ထိုနေ့ကိုခြောက်လှန့် ပါစေ။ ထိုညဉ့်လည်း။ တခဲနက်မှောင်နှင့်မလွတ်၊ နှစ်စဉ်နေ့ရက်များတွင်ရွှင်လန်းခွင့်မပြု၊ လအရေအတွက်တွင်လည်းမပါမဝင်စေနှင့်။ ထိုညဉ့်သည်မြုံ၍၊ ကြွေးကြော်သံမရှိပါစေနှင့်။ 3.8 ပါဠိၒ ၒ- ေလ၀ိသံ။ရာဟုကိုနှိုးဆော်တတ်သူ၊ နေ့ရက်ကိုကျိန်ဆိုတတ်သူတို့ပင်၊​ ထိုညဉ့်ကိုအမင်္ဂလာပေးကြပါစေ။ ဆည်းဆာအချိန်ကြယ်ရောင်မိုက်ပါစေ။ ထိုညဉ့်သည်အလင်းကိုစောင့်စား၍မရ။ နေအရုဏ်စက္ခုကိုမျှမတွေ့ပါစေနှင့်။ 10 အသို့ဆိုသော်၊ ငါ့အမိ၏ဝမ်းကိုမပိတ်မပင်၊ ဒုက္ခဆင်းရဲကို ငါမျက်မှောက်မှ မဖုံးမကွယ်၍တည်း။ 11 ငါသည်ဖွားစကအဘယ့်ကြောင့်မသေ၊ အမိဝမ်းမှအဘယ်ကြောင့်မကွယ်လွန်ရသနည်း။ 12 ငါ့ကိုဒူးပေါ်မှာမသိပ်၊ ရင်ခွင်၌နို့မတိုက်ဘဲ အဘယ့်ကြောင့်မနေရသနည်း။ 13-15 ထိုသို့ဖြစ်လျှင်၊ ငါသည် အငြိမ်းအိပ်၍၊ ပျော်မွေ့လျက်နေခဲ့ရလေပြီ။ မြို့ပျက်များကိုတည်ထောင်ပြန်သောမြေကြီးဘုရင်၊ မင်းတိုင်ပင်များ။ ရွှေပေါများ၍။ ငွေကိုကိုယ့် အိမ်တွင် သိုထားသောမှူးမတ်များနှင့်အတူငြိမ်းအေးလျက်နေခဲ့ရလေပြီ။ 16 သို့တည်းမဟုတ်။ မြေမြှုပ်ရသော လျှော်မွေးကဲ့သို့လည်းေကာင်း၊ အလင်းကိုမမြင်ရသောသူငယ်ကဲ့သို့လည်းေကာင်း၊ ငါမဖြစ်ခဲ့ပါလေ။ 17 ထိုနေရာ၌မူကား။ လူဆိုးတို့သည် ထကြွဟုန်ပြတ်စဲလျက်၊ အားလျော့သူတို့သည် ငြိမ်းအေးလျက်၊ 18 ချုပ်နှောင်ခံရသူတို့သည်၊ ကြပ်ဆော်သံကိုမကြားရဘဲအတူတကွချမ်းသာရလျက်။ လူကြီးလူငယ်တို့ရှိကြရာ၊ 19 ကျွန်သည် သခင်နှင့်ကင်းလွတ်လျက်နေစွတကား။ 20 ဒုက္ခိတတို့သည် အလင်းကိုလည်းေကာင်း၊ စိတ်နစ်နာသူတို့သည် အသက်ကိုလည်းေကာင်း၊ အဘယ့်ကြောင့်ရကြသနည်း။ 21 ထိုသူတို့သည်၊ သေခြင်းကိုမကြုံရဘဲ၊ စောင့်စားလျက်၊ သိုက်တူးသည်ထက်၊ သေခြင်းကိုရှာဖွေလျက်၊ 22 သင်္ချၖိုင်းတွေ့လျှင် အားရရွှင်လန်းဝမ်းမြောက်လျက်နေကြ၏။ 23 ဘုရားသခင်ဆီးကာထားတော်မူသည့်အတိုင်း၊ မထင်ရှားရာလမ်းေလျှာက်သူလည်း၊ အဘယ့်ကြောင့်ရသနည်း။ 24 ငါ့အစားအသောက်ကား၊ ညဉ်းတွားရခြင်းဖြစ်၏။ ငါ၏ဟစ်အော်သံလည်း၊ စီးသောရေကဲ့သို့တည်း။ 25 ငါကြောက်မက်ဖွယ်ရာဘေးသင့်လျက်၊ ထိတ်လန့်ဖွယ်ရာဘေးရောက်လေပြီ။ 26 ငါသည် ချမ်းသာခြင်း၊ ငြိမ်သက်ခြင်း၊ အေးမြခြင်းမရှိ။ အနှောင့်အရှက်ကိုသာခံရသည်ဟုမြွက်ဆိုလေ၏။