ယောဘဝတ္တု
1
1 ဥဇပြည်၌နေသောယောဘအမည်ရှိသူတစ်ဦးသည်၊ စုံလင်ဖြောင့်မတ်မှန်၍၊ ဘုရားသခင်ကိုခန့်ညားလျက် ဒုစရိုက်ကိုရှောင်ကြဉ်၏။
2 သားခုနစ်ယောက်၊ သမီးသုံးယောက်တို့ကိုရ၏။
3 သူပိုင်ဆိုင်ရာကား၊ သိုးဆိတ်ခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားရှဉ်းငါးရာ၊ မြည်းမငါးရာနှင့်အလွန်များပြားသောငယ်သားတို့တည်း။ ထို့ကြောင့်၊ အရှေ့ပြည်သား တို့တွင်၊ အကြီးမြတ်ဆုံးသောသူဖြစ်၏။
4 ယောဘ၏သားတို့သည်၊ အလှည့်ကျနေ့တိုင်း၊ အသီးအသီးအိမ်သို့သွား၍စားသောက်ပွဲကို ခင်းကျင်းသည်နှင့်၊အတူစားသောက်ရန်၊ နှမသုံးယောက်ကိုလည်းခေါ်ဖိတ်လေ့ရှိကြ၏။
5 စားသောက်ပွဲရက်တပတ်ကုန်လွန်သောအခါ။ ယောဘက၊ ငါ့သားတို့သည်ပြစ်မှား၍၊ ဘုရားသခင်အားစိတ်၌ငြင်းပယ်ခြင်းကိုပြုကောင်းပြုကြလေပြီဟု အောက်မေ့ လျက်။ သားတို့ကိုဆင့်ခေါ်သန့်စင်စေပြီးလျှင်။ နံနက်အချိန်ထ၍ရှိသမျှဦးရေအလိုက်၊ မီးရှို့ရာသက္ကာများကိုဆက်ကပ်လေ၏။ ယောဘသည် ထိုသို့အစဉ် ပြုမြဲဖြစ်သတည်း။
6 တစ်နေ့သ၌ ၁ 1.6 ပါဠိၒ ၒ- ဘုရားသခင့်သားတို့။ကောင်းကင်သားတို့သည်။ ထာဝရဘုရားထံတော်သို့ဝင်ရောက်ခစားကြရာ။ စာတန်လည်းသူတို့နှင့်အတူပါလာသည်ဖြစ်၍။
7 စာတန်အား။ အဘယ်ကလာသနည်းဟု၊ ထာဝရဘုရားမေးတော်မူသော်။ စာတန်က၊ မြေကြီးတစ်လျှောက်ပေါ်တွင်လှည့်ပတ်သွားလာရာမှလာရောက်ပါသည်ဟု ပြန် လျှောက်လေ၏။
8 ထာဝရဘုရားကလည်း။ မြေကြီးပေါ်တွင်စုံလင်ဖြောင့်မှန်၍၊ ငါဘုရားကိုခန့်ညားလျက် ဒုစရိုက်ကိုရှောင်ကြဉ်သူ၊ ငါ့ကျွန်ယောဘကဲ့သို့တစ်ယောက်မျှမရှိကြောင်း၊ သင်သိ မှတ်ပြီလောဟု မိန့်တော်မူရာ၊
9 စာတန်ကယောဘသည်၊ ဘုရားသခင်ကိုအကျိုးမဲ့ခန့်ညားပါသလော။
10 သူမှစ၍အိမ်သူအိမ်သားနှင့်ပိုင်သမျှကိုဝိုင်းရံကာကွယ်တော်မူပြီမဟုတ်တုံလော့။ သူ့လက်ဖြင့်ပြုသမျှကိုကောင်းကြီးပေးတော်မူ၍၊ ပိုင်ဆိုင်ရာများလည်းနေပြည်တွင် တိုးတက်ပွားများလေပြီ။
11 ထိုပိုင်သမျှကိုလက်တော်ဖြင့်ဆန့်တန်း၍၊ ထိခိုက်တော်မူပါက။ မျက်မှောက်ထင်ထင်ငြင်းပယ်ခြင်းကို မုချပြုပါလိမ့်မည်ဟု၊ ထာဝရဘုရားအားပြန်လျှောက်လျှင်၊
12 ထာဝရဘုရားက၊ သူပိုင်သမျှသည်၊ သင့်လက်ဝယ်ရှိ၏။ သူ့ကိုယ်ကား၊ မထိခိုက်လင့်ဟုမိန့်တော်မူသော်၊ အထံတော်မှစာတန်ထွက်သွားလေ၏။
13 တစ်နေ့သ၌ ယောဘ၏သားသမီးတို့သည်၊ အစ်ကိုအကြီးအိမ်တွင်ခဲဖွယ်စားလျက်၊ စပျစ်ရည်သောက်လျက်နေကြရာ၊
14 ယောဘထံ၂ 1.14 ပါဠိၒ ၒ- တမန်။လူတစ်ယောက်လာ၍၊ ထွန်နေသောနွားများနှင့်၊ အနီးတွင်ကျက်စားလျက်ရှိသောမြည်းမများကို၊
15 ရှေဘအမျိုးသားတို့တိုက်ခိုက်သိမ်းယူသွားကြပါပြီ။ ငယ်သားတို့ကိုလည်း ဓားဖြင့်သတ်ရာ၊ ကျွန်တော်တစ်ယောက်တည်းသာလွတ်၍၊ ကိုယ်တော်အားပြန်ကြားရပါသည် ဟုလျှောက်လေ၏။
16 ထိုသို့လျှောက်ဆဲတွင်၊ တစ်ယောက်လာပြန်ရာ၊ ဘုရားသခင်၏ လောင်မီးသည်မိုးမှကျ၍၊ သိုး၊ ဆိတ်နှင့်၊ ငယ်သားများကိုလောင်ကျွမ်းပါပြီ။ ကျွန်တော်တစ်ယောက်တည်းသာလွတ်၍၊ ကိုယ်တော်အားပြန်ကြားရပါသည်ဟု လျှောက်လေ၏။
17 ထိုသို့လျှောက်ဆဲတွင်တစ်ယောက်လာပြန်ရာ၊ ခါလဒဲလူမျိုးတို့သည်၊ တပ်သုံးတပ်ကိုဖွဲ့စည်း၍၊ ကုလားအုပ်များကို ရှောင်တခင်အတင်းသိမ်းသွားကြပါပြီ။ ငယ်သား တို့ကိုလည်း ထားဖြင့်သတ်ရာ၊ ကျွန်တော်တစ်ယောက်တည်းသာလွတ်၍၊ ကိုယ်တော်အားပြန်ကြားရပါသည်ဟုလျှောက်လေ၏။
18 ထိုသို့လျှောက်ဆဲတွင်၊ တစ်ယောက်လာပြန်၍ကိုယ်တော်၏သားသမီးတို့သည်၊ အစ်ကိုကြီးအိမ်တွင်ခဲဖွယ်စားလျက်၊ စပျစ်ရည်သောက်လျက်နေကြစဉ်၊
19 ကန္တာရမုန်တိုင်းကျ၍၊ အိမ်လေးထောင်ကိုတိုက်ဝှေ့သည့်အတွက်၊ ထိုပျိုရွယ်သူတို့အပေါ်သို့အိမ်ပြိုပိသဖြင့်သေကြပါပြီ။ ကျွန်တော်တစ်ယောက်တည်းသာလွတ်၍၊ ကိုယ်တော်အားပြန်ကြားရပါသည်ဟုလျှောက်လေ၏။
20 ထိုအခါယောဘသည် ထပြီးလျှင်၊ ဝတ်လုံဆုတ်ခြင်း၊ ဦးဆံပယ်ခြင်းကိုပြု၍၊ ပျပ်ဝတ်ရှိခိုးလျက်၊
21 ငါသည်၊ အချည်းစည်းအမိဝမ်းမှလာခဲ့ရသည့်အတိုင်း၊ အချည်းစည်းပင်ပြန်သွားရတော့မည်တကား။ ထာဝရဘုရားပေးသနားတော်မူ၏။ ထာဝရဘုရားပင်ရုတ်သိမ်း တော်မူ၏။ ထာဝရဘုရား၏နာမတော်သည်၊ မင်္ဂလာရှိပါစေသောဟုမြွက်ဆိုလေ၏။
22 ယောဘသည် ဤအမှုရှိသမျှနှင့်စပ်လျဉ်း၍မပြစ်မှားဘဲ၊ ဘုရားသခင်၌မသင့်မလျော်ဟုမမြွက်မဆိုချေ။