65
ငါ့ကိုမေမးမြန်းသူတို့အားရှာဖွေခွင့်ကိုလည်း‌ေကာင်း၊ မလိုက်မရှာသူတို့အားတွေ့ကြုံခွင့်ကိုလည်း‌ေကာင်း၊ ငါပေးသည့်ပြင်၊ ငါ့နာမကိုပဌနာမပြုသောလူမျိုးအားလည်း၊ ဖူးကြလော့၊ ဖူးကြလော့ဟု ငါအမိန့်ရှိခဲ့လေပြီ။ 2-5 ပုန်ကန်၍ ကိုယ့်အကြံအစည်အတိုင်းမကောင်းသောလမ်းကိုလိုက်သောသူ၊ မြိုင်များတွင် ပူဇော်လျက်၊ အုတ်ခင်းပေါ်တွင် နံ့သာပေါင်းကိုမီးရှို့လျက်၊ ငါ့မျက်မှောက်တွင်ပင် အစဉ်အမျက်တော်တိုက်သောသူ၊ သုသာန်များတွင်နေထိုင်၍၊ လျှို့ဝှက်ရာများ၌တည်းခိုသောသူ၊ ဝက်မှစ၍၊ ရွံရှာဖွယ်သောသားပြုတ်ရည်ကိုစားသောက်သောသူ၊ ကျွန်ုပ်ဖြင့်သီးသန့်ရာမရောက်ခြင်းငှာမချဉ်းကပ်ဘဲ၊ အသီးအခြားနေလော့ဟုဆိုလေ့ရှိသူတို့အား၊ ငါသည်နေ့ရှိသမျှလက်ကမ်းလျက်နေပြီ။ ထိုသူတို့သည်နေ့ရှိသမျှလောင်သော မီးခိုးသဖွယ်ငါ့နှာတွင်ထိခိုက်၏။ 6-7 ငါ့မျက်မှောက်တွင်စာရင်းသွင်းပြီးသောထိုအမှုများကိုမဆပ်မချင်း၊ ငြိမ်ဝပ်စွာနေမည်မဟုတ်။ ချင်းတို့ဒုစရိုက်များကိုလည်း‌ေကာင်း၊ ဘိုးဘေးတို့ဒုစရိုက်များကိုလည်း‌ေကာင်း၊ သူတို့ရင်ခွင်၌ တစ်ကြိမ်တည်းငါဆပ်ပေးမည်။ ချင်းတို့သည် တောင်များကုန်းများပေါ်တွင်၊ နံသာပေါင်းကိုမီးရှို့လျက်၊ ငါ့အားပြစ်မှားမှုကို ချင်းတို့ရင်ခွင်တွင် ငါချိန်တွယ်ပြီးမှဆပ်ပေးမည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
တစ်ဖန်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ စပျစ်သီးပြွတ်၌စပျစ်ရည်တွေ့လျှင် မဖျက်နှင့်။ မင်္ဂလာအရင်းခံပါရှိသည်ဟု၊ ဆိုရိုးရှိသည့်နည်းတူ၊ ငါလည်းကျွန်များကို ထောက်၍၊ ရှိသမျှကိုမဖျက်ဆီးဘဲနေလိမ့်မည်။ ယာကုပ်အမျိုးအတွင်းမှ အနွယ်ကိုလည်း‌ေကာင်း၊ ယုဒအမျိုးအတွင်းမှ ငါ့တောင်တန်းတော်ပိုင်သူ့ကိုလည်း‌ေကာင်း၊ ထုတ်ဖော်သည့်အလျောက်၊ ငါရွေးချယ်သူတို့သည်ပိုင်ရခွင့်၊ ငါ့ကျွန်တို့လည်းနေထိုင်ခွင့်ရကြလိမ့်မည်။ 10 ရှာရုန်လွင်ပြင်သည် သိုးအုပ်ကျက်စားရာအရပ်၊ အာခေါ်ချိုင့်လည်း နွားအုပ်ဝပ်နေရာအရပ်၊ ငါ့ကိုရှာဖွေသော လူမျိုးတော်အဖို့ဖြစ်လိမ့်မည်။ 11 ငါထာဝရဘုရားစွန့်ပယ်လျက်၊ သန့်ရှင်းသောတောင်တော်ကို သတိလစ်လျက်၊ ကံခေါ်ဘုရားရှေ့ စားပွဲခင်းကျင်းခြင်း၊ ကြမ္မာခေါ်ဘုရားရှေ့ ရောစပ်သောသေရည် ဆက်သွန်းခြင်းပြုတတ်သောသင်တို့ကိုကား၊ 12 ငါခေါ်သောအခါမထူး၊ မိန့်ဆိုသောအခါနားမထောင်ဘဲလျက်၊ မျက်မှောက်တော်တွင်မကောင်းသောအကျင့်ကိုကျင့်၍၊ ငါမနှစ်သက်ရာကိုသင်တို့ရွေးချယ်ကြသောကြောင့်၊ ငါသည်ကြမ္မာဓားဘေးသင့်စေသဖြင့်၊ ကွပ်မျက်ရာတွင် ရှိသမျှပြိုလဲကြကုန်လတ္တံ့ဟုမိန့်တော်မူ၏။
13 သို့ဖြစ်၍ အရှင်ထာဝရဘုရားမိန့်တော်မူသည်မှာ ငါ့ကျွန်တို့သည်စားသောက်ခွင့်ရကြလိမ့်မည်။ သင်တို့မူကား မွတ်သိပ်ရေငတ်ရကြလတ္တံ့။ ငါ့ကျွန်တို့သည်ရွှင်လန်းခွင့်ရကြလိမ့်မည်။ သင်တို့မူကား ရှက်ကွဲရကြလတ္တံ့။ 14 ငါ့ကျွန်တို့သည် နှလုံးကြည်လျက်၊ ကြွေးကြော်ကြလိမ့်မည်။ သင်တို့မူကား နှလုံးပူဆာလျက် အော်ဟစ်ခြင်း၊ စိတ်ပူဆွေးလျက်မြည်တမ်းခြင်းပြုရကြလတ္တံ့။ 15 ငါအရှင်ထာဝရဘုရားသည်သင်တို့ကိုကွပ်မျက်၍၊ ငါရွေးချယ်သူတို့ကျိန်ဆဲကြရာစကားအဖြစ်၊ သင်တို့အမည်ကျန်ကြွင်းသည်နှင့် ငါ့ကျွန်တို့ကိုအခြားသောအမည် မှည့်သည့်အလျောက်၊ 16 မြေကြီးပေါ်တွင်ကိုယ်ကိုကောင်းကြီးပေးလိုသောသူသည်၊ သစ္စာစောင့်တော်မူသောဘုရားသခင်ကို တိုင်တည်လျက်ပေးမည့်ပြင် မြေကြီးပေါ်တွင်ကျိန်ဆိုလိုသောသူလည်း၊ သစ္စာစောင့်တော်မူသောဘုရားသခင်ကို တိုင်တည်လျက်ကျိန်ဆိုလိမ့်မည်။ အသို့ဆိုသော် အထက်ဒုက္ခများသည်မေ့လျော့ရာ၊ ငါ့မျက်ကွယ်ရာဖြစ်သောကြောင့်တည်း။ 17 ကြည့်လော့။ မိုးမြေသစ်ကိုငါဖန်ဆင်း၍၊ အထက်အခြင်းအရာများကို နှလုံးသွင်းလျက် သတိရကြတော့မည်မဟုတ်။ 18 ယေရုရှလင်မြို့ကို ဝမ်းမြောက်ဖွယ်အကြောင်း၊ မြို့သူမြို့သားတို့ကို ရွှင်လန်းဖွယ်အကြောင်း၊ ငါဖန်ဆင်းသဖြင့်၊ ထိုဖန်ဆင်းသောအကြောင်းကြောင့်၊ အစဉ်ရွှင်လန်း ဝမ်းမြောက်ကြလော့။ 19 ငါလည်းယေရုရှလင်မြို့ကြောင့်အားရလျက်၊ လူမျိုးတော်ကြောင့် ရွှင်လန်းလိမ့်မည်။ ထိုမြို့အတွင်းတွင်ငိုကြွေးသံ၊ အော်ဟစ်သံများကိုကြားရတော့မည်မဟုတ်။ 20 ရက်သားသူငယ်သည်လည်း‌ေကာင်း၊ အသက်တမ်းမစေ့သောလူအိုသည်လည်း‌ေကာင်း၊ မသေရ။ အသက်တစ်ရာအရွယ်သေသောသူကိုသူငယ်ဟူ၍လည်း‌ေကာင်း၊ အသက်တစ်ရာအရွယ် လူဆိုးသေ သော်ကား၊ အမင်္ဂလာခံသူဟူ၍လည်း‌ေကာင်း မှတ်ကြလိမ့်မည်။ 21 ထိုခေတ်သားတို့သည် ကိုယ်ဆောက်သောအိမ်၌နေထိုင်ခွင့်၊ ကိုယ်စိုက်သောခြံထွက်စပျစ်သီးကို သုံးဆောင်ခွင့်ရကြလိမ့်မည်။ 22 တစ်ဦးဆောက်၍တစ်ဦးနေထိုင်ခြင်း၊ တစ်ဦးစိုက်၍တစ်ဦးသုံးဆောင်ခြင်းကိုပြုကြမည်မဟုတ်။ လူမျိုးတော်တို့၏အသက်တာသည်၊ သစ်ပင်သက်နှင့်အမျှရှည်၍၊ ငါရွေးချယ် သူတို့သည်၊ ကိုယ့်လက်မှုအကျိုးကိုကြာမြင့်စွာခံစားရကြလတ္တံ့။ 23 သူတို့သည် သားမြေးတို့ပါ၊ ထာဝရဘုရားထံတော်မှ မင်္ဂလာခံရသော သူတို့အမျိုးအနွယ်ဖြစ်ကြသောကြောင့်၊ အကျိုးမဲ့လုပ်ဆောင်ခြင်း၊ ဘေးသင့်ရန်သားဖွားခြင်းမရှိချေ။ 24 သူတို့မခေါ်မီငါထူးမည်။ လျှောက်ကြစဉ်ပင်နားညောင်းမည်။ 25 ထိုအခါ ဝံပုလွေနှင့်သိုးသားငယ်တို့သည်အတူ ကျက်စားလျက်၊ ခြင်္သေ့သည်နွားကဲ့သို့ကောက်ရိုးကိုစားလတ္တံ့။ မြွေသည်မြေမုန့်ကိုသာစားလတ္တံ့။ သန့်ရှင်းသောတောင်တော်တစ်ပြင်လုံး၌ အဆိုးကိုမပြု၊ ဖျက်လည်းဖျက်ကြမည်မဟုတ်ဟု ထာဝရဘုရားမိန့်တော်မူ၏။