54
သားမဖွားသောအမြုံမ၊ ကြွေးကြော်လော့။ သားဖွားခြင်းဝေဒနာမခံရသောမိန်းမ၊ အသံလွှင့်၍ကြွေးကြော်လော့။ စွန့်ထားသောမိန်းမသည် လင်ရှိသောမိန်းမထက်၊ သားများစွာရှိသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ သင့်တဲရှင်စိုက်ရာအရပ်ကိုချဲ့လျက်၊ တည်းခိုရာတင်းတိမ်ဖြင့်၊ မတွန့်တိုဘဲကာရံပါစေ။ ကြိုးများကို ရှည်စေ၍ ကြက်ဆူးများကိုလည်းခိုင်ခံ့စေလော့။ အဘယ့်ကြောင့်ဆိုသော် သင်သည် ဝဲယာနှစ်ဖက်နှံ့ပြားသဖြင့်၊ အမျိုးအနွယ်လည်းလူမျိုးခြားတို့ကိုပိုင်လျက်၊ မြို့ဆိုးကုန်းများကိုစည်ပင်စေလိမ့်မည်။ မစိုးရိမ်နှင့်။ ရှက်ကြောက်ခြင်းမရှိရ။ မျက်နှာမပျက်နှင့်။ အရှက်မကွဲရ။ ငယ်ရွယ်စဉ်ကရှက်ကြောက်ရာကိုမေ့လျော့လိမ့်မည်။ မုဆိုးမဖြစ်စဉ်ကဲ့ရဲ့ရာကိုနောက်တစ်ဖန် သတိရမည်မဟုတ်။ သင့်ခင်ပွန်းကား ဗိုလ်ခြေတို့အရှင်ထာဝရဘုရားဟု နာမတော်ရှိလျက်၊ သင့်ကိုဖန်ဆင်းတော်မူသောအရှင်ပေတည်း။ သင့် 54.5 သို့မဟုတ်- ေရွးနှုတ်ပိုင်ရှင်။ရှေ့ဆောင်ကား တစ်လောကလုံး၏ဘုရားဟုအခေါ်ခံသော၊ ဣသရေလလူမျိုး၏သန့်ရှင်းသောအရှင်ပေတည်း။ စွန့်ခွာ၍နစ်နာသောမိန်းမသဖွယ်၊ သင့်ကိုထာဝရဘုရားခေါ်တော်မူခဲ့ပြီ။ ငယ်ပေါင်းကြီးဖော်ကိုစွန့်ခွာနိုင်သလောဟု၊ သင်၏ဘုရားသခင်မေးတော်မူ၏။ ခေတ္တခဏမျှသင့်ကိုငါစွန့်ခွာသော်လည်း၊ မဟာကရုဏာနှင့်သိမ်းပိုက်ဦးမည်။ လွှမ်းမိုးသောအမျက်တော်ကြောင့်၊ ခဏမျှမျက်နှာတော်လွှဲသော်လည်း ထာဝရမေတ္တာကျေးဇူးကြောင့်၊ ကရုဏာသက်ဦးမည်ဟု၊ သင့်ကိုရွေးနုတ်သောထာဝရဘုရား မိန့်တော်မူ၏။ နောဧရှိစဉ်ရေဘေးသည်နောက်တစ်ဖန်မလွှမ်းမိုးရဟု၊ ငါသစ္စာဆိုသည့်နည်းတူ၊ သင့်အားလည်းအမျက်ထား၍ဆုံးမမည်မဟုတ်ဟုသစ္စာဆိုသည်မှာ၊ နောဧလက်ထက်ကဲ့သို့ ငါ့ရှေ့တွင်တည်လိမ့်မည်။ 10 တောင်များရွှေ့၍၊ ကုန်းများလှုပ်ရှားရသော်လည်း၊ ငါ၏မေတ္တာကျေးဇူးသည်၊ သင်မှမရွှေ့။ မဟာမိတ်ပဋိညာဉ်တော်လည်း၊ မလှုပ်မရှားရဟု သင့်အားကရုဏာသက်တော်မူသော ထာဝရဘုရားမိန့်တော်မူ၏။
11 လှိုင်းပုတ်၍ချမ်းသာမရသော အချင်းဆင်းရဲသူ၊ သင့်တိုက်ကျောက်များကို ခနောက်စိမ်းသတ္တုနှင့်ချယ်သားလျက်၊ တိုက်မြစ်အဖြစ်၊ နီလာကိုချထားမည်။ 12 ပြအိုးများကိုပတ္တမြားဖြင့်လည်း‌ေကာင်း၊ မြို့တံခါးများကိုဥဿဘယားဖြင့်လည်း‌ေကာင်း၊ မြို့ရိုးကိုလည်း နဝရတ်ဖြင့်လည်း‌ေကာင်း၊ ပြီးစေလိမ့်မည်။ 13 သင့်သားသမီးအပေါင်းတို့သည်၊ ငါထာဝရဘုရား၏တပည့်သားဖြစ်လျက်၊ များပြားစွာချမ်းသာရကြလိမ့်မည်။ 14 သင်သည် ဖြောင့်မတ်ခြင်း၌တည်လျက်၊ ညှဉ်းပန်းခြင်းနှင့်ဝေးသည်ဖြစ်၍ မကြောက်ရ။ ဖျက်ဆီးခြင်းနှင့် ကင်းဝေးသည်ဖြစ်၍၊ မသင့်မရောက်ရ။ 15 သင်နှင့်ရန်ပြုသော်လည်း ငါ့အခွင့်ရကြမည်မဟုတ်။ ရန်ပြုသူတို့သည် သင့်အတွက်ကြောင့် ကျဆုံးကြလိမ့်မည်။ 16 မီးသွေးဖြင့်မီးမွှေး၍၊ အသုံးအလိုက်လက်နက်များကို လုပ်သောပန်းပဲကိုလည်း‌ေကာင်း၊ ဖျက်ဆီးစေခြင်းငှာတိုက်ဖျက်သူ့ကိုလည်း‌ေကာင်း၊ ဖန်ဆင်းသည်ကား ငါပင်တည်း။ 17 သို့ဖြစ်၍ သင့်တစ်ဘက်၌လုပ်သောလက်နက်အထမမြောက်၊ သင်နှင့်တရားဆိုင်၍ သက်သေခံသောလျှာတိုင်းကို၊ သင်သည်အပြစ်စီရင်ရလိမ့်မည်။ ထာဝရဘုရား၏ ကျွန်ရင်းတို့သည်၊ ထိုသို့သောအမွေကိုခံရသည့်အလျောက်၊ ငါ့ထံမှရသောအောင်မြင်ခွင့်လည်း၊ ထိုသို့ပင်တည်းဟုထာဝရဘုရားမိန့်တော်မူ၏။