55
အိုရေငတ်သူအပေါင်းတို့၊ ငွေမရှိသူတို့ပါ ရေရှိရာသို့လာကြလော့။ လာ၍ဝယ်ယူစားသောက်ကြလော့။ အဖိုးမဲ့ငွေကင်းလျက်၊ စပျစ်ရည်နှင့်နို့ရည်ကို လာ၍ဝယ်ကြလော့။ အစာမဟုတ်သောအရာအဖို့ငွေကိုလည်း‌ေကာင်း၊ အဆာမပြေသောအရာအဖို့သင်တို့ချွေးနဲစာကိုလည်း‌ေကာင်း၊ အဘယ့်ကြောင့်ချိန်စက်ကြသနည်း။ ငါစကားကို နာခံနားထောင်လျက် အကောင်းကိုစားရသဖြင့်၊ မြိန်ရှက်ဖွယ်ရာနှင့် အာရုံပြေကြလော့။ နားစိုက်လျက် တိုးဝင်ကြလော့။ နားထောင်လျှင် အသက်တည်ခွင့်ရကြလိမ့်မည်။ ငါသည် ဒါဝိဒ်နှင့်ဖွဲ့ခဲ့သော အမြဲမေတ္တာကျေးဇူးပဋိညာဉ်ကို၊ သင်တို့နှင့်ဖွဲ့ဦးမည်။ ထိုသူ့ကို လူအမျိုးမျိုးတို့ရှေ့သက်သေအဖြစ်၊ အုပ်စိုးမင်း၊ တရားမင်းအဖြစ် ငါခန့်ထားလေပြီ။ သင်လည်း မသိဘူးသောလူမျိုးခြားတို့ကိုခေါ်ဆောင်သည့်အလျောက်၊ သင့်ကိုမသိဘူးသောလူမျိုးခြားတို့သည်၊ ဂုဏ်ရောက်စေတော်မူသည်ကိုထောက်၍၊ သင်၏ဘုရား သခင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ သန့်ရှင်းသောအရှင်ကြောင့်၊ သင့်ထံသို့အသော့တိုးဝင်ကြလိမ့်မည်။
ထာဝရဘုရားကို တွေ့ကြုံခွင့်ရသည့်အခိုက်၊ ရှာဖွေကြလော့။ နီးစပ်တော်မူသည့်အခိုက်၊ ပဌနာပြုကြလော့။ လူဆိုးသည်ကိုယ့်နည်းလမ်းကိုလည်း‌ေကာင်း၊ မတရားသူလည်းကိုယ့်အကြံအစည်များကိုလည်း‌ေကာင်း၊ စွန့်ပယ်၍ ကရုဏာသက်လတ္တံ့သောထာဝရဘုရား၊ ကြွယ်ဝစွာချမ်းသာပေးလတ္တံ့သော ငါတို့ဘုရားသခင်ထံတော်သို့၊ ပြန်လာကြစေ။ အဘယ့်ကြောင့်ဆိုသော်၊ ထာဝရဘုရားက၊ ငါ့အကြံအစည်သည် သင်တို့အကြံအစည်နှင့်လည်း‌ေကာင်း၊ ငါ၏နည်းလမ်းလည်း သင်တို့နည်းလမ်းနှင့်လည်း‌ေကာင်း ထူးခြား၍၊ မြေကြီးထက်မိုးကောင်းကင်မြင့်သည်နှင့်အမျှ၊ ငါ၏နည်းလမ်းသည်သင်တို့နည်းလမ်းထက်လည်း‌ေကာင်း၊ ငါ၏အကြံအစည်သည် သင်တို့အကြံအစည်ထက်လည်း‌ေကာင်း၊ မြင့်မြတ်၏။ 10 မိုးရေနှင့်မိုးပွင့်များသည်၊ ကောင်းကင်မှဆင်းသက်ပြီးလျှင်၊ ကြဲလိုသူ့အားမျိုးကိုလည်း‌ေကာင်း၊ စားလိုသူ့အားအစာကိုလည်း‌ေကာင်း၊ ပေးရန်၊ လယ်မြေကိုစိုစွတ်လျက်အေညှာက်အဖူး မပေါ်စေဘဲ၊ မပြန်သည့်နည်းတူ၊ 11 နှုတ်တော်ထွက်ဗျာဒိတ်တော်လည်း အလိုတော်ရှိရာဖြစ်ထွန်းစေ၍၊ ခိုင်းစေသည့်အတိုင်း အထမမြောက်ဘဲ၊ ငါ့ထံသို့အကျိုးမဲ့မပြန်ရဟုမိန့်တော်မူ၏။ 12 သင်တို့သည် ရွှင်လန်းစွာချီထွက်လျက်၊ ချမ်းသာစွာပို့ဆောင်တော်မူရာခံရကြလိမ့်မည်။ တောင်ကြီးတောင်ငယ်များသည်၊ သင်တို့ရှေ့ကျူးဧကြွေးကြော်၍၊ တောရှိအ ပင်ဟူသမျှလည်း၊ လက်ခုတ်တီးကြလိမ့်မည်။ 13 ဆူးပင်အစား ထင်းရှူးပင်၊ ရှားစောင်းပင်အစား ကျောက်ပန်းပင်ပေါ်ထွက်၍၊ ထာဝရဘုရားရှေ့တော်၌ မပြတ်မစဲနိုင်သော၊ နိယမသညာအထိန်းအမှတ်ဖြစ်လိမ့်သ တည်း။