53
1 ငါတို့ကြားရသောသတင်းကိုယုံကြည်သူ၊ ထာဝရဘုရား၏လက်ရုံးတော်ကိုမြင်ရသူ မည်သူနည်း။
2 ကျွန်ရင်းသည်၊ ပင်ပွားကဲ့သို့လည်းေကာင်း၊ သွေ့ခြောက်သောမြေ၌ အမြစ်အညွန်ကဲ့သို့လည်းေကာင်း၊ ရှေ့တော်တွင်ပေါက်ထွက်ရာ၊ ရှုချင်ဖွယ်ရောင်ခြည်အဆင်း၊ နှစ်သက်ဖွယ်အသွင် မရှိချေ။
3 မထီမဲ့မြင်ပြုခြင်း၊ လူတို့စွန့်ပယ်ခြင်းကိုခံရလျက်၊ ရောဂါနှင့်ကျွမ်းဝင်၍၊ ဝေဒနာခံစားရသူဖြစ်၏။ မျက်နှာလွှဲချင်ဖွယ်နှင့်အမျှ မထီလေးစားခံရသဖြင့်၊ ငါတို့ပမာဏမပြု ကြ။
4 ကပ်ရောဂါမှစ၍ ဘုရားသခင်ဒဏ်ခတ်ခြင်းနှင့်ရှုတ်ချခြင်းကိုခံရသူဖြစ်သည်ဟု၊ ငါတို့ထင်မှတ်ကြရာ၊ ထိုသူသည်ငါတို့အနာရောဂါ၊ ငါတို့ဝေဒနာများကိုမုချထမ်းဆောင် သည်ပိုးသည်တကား။
5 ငါတို့လွန်ကျူးမှုများကြောင့် ထိရှခြင်း၊ ငါတို့ဒုစရိုက်များကြောင့်နှိပ်ကွပ်ခြင်းခံရ၍၊ ငါတို့ချမ်းသာရာချမ်းသာကြောင်းအဆုံးအမသင့်ရောက်သည်နှင့် သူဒဏ်ချက်များကြောင့် ငါတို့သက်သာရကြ၏။
6 ငါတို့ရှိသမျှသည် ကိုယ့်လမ်းသို့အသီးအသီးလှည့်၍၊ သိုးများကဲ့သို့လမ်းလွဲကြရာ၊ ငါတို့ရှိသမျှ၏ဒုစရိုက်ဒဏ်ကို၊ သူ့ပေါ်တွင်ထာဝရဘုရားသင့်ရောက်စေတော်မူခဲ့ပြီ။
7 ထိုသူသည် နှိပ်စက်ခံရသော်လည်း၊ နှုတ်မမြွက်ဘဲကိုယ်ကိုနှိမ့်ချ၍၊ သတ်ရန်ဆွဲငင်သောသိုးကဲ့သို့လည်းေကာင်း၊ အမွေးညှပ်သူတို့ရှေ့ဆိတ်ဆိတ်နေသောသိုးမကဲ့သို့လည်းေကာင်း နှုတ်မ မြွက်ဘဲနေ၏။
8 ညှဉ်းပန်းစွာစီရင်ခြင်းကြောင့် ရုပ်သိမ်းခံရသော်လည်း၊ ရုပ်သက်ရှင်သောလူ့ဘောင်နှင့် ကင်းပြတ်ကြောင်းကို၊ လူမျိုးသားချင်းတို့အနက်၊ မည်သူအောက်မေ့သနည်း။ လူမျိုးတော်၏လွန်ကျူးမှုများကြောင့် ဒဏ်ခံရလေစွ။
9 သူ့နှုတ်တွင်လှည့်စားခြင်းမတည့်၊ အဓမ္မမှုကိုမပြုသော်လည်း၊ လူဆိုးလူသွမ်းတို့နှင့်အတူ သင်္ချၖိုင်းကိုလည်းေကာင်း၊ သူဌေးသူကြွယ်တို့နှင့်အတူ အရိုးအိုးကိုလည်းေကာင်း၊ စီမံကြ၏။
10 ထာဝရဘုရားသည်၊ သူ့ကိုနှိပ်ကွပ်တော်မူလို၍၊ နာစေတော်မူလေစွတကား။ ပြစ်ဒဏ်ပြေရာသက္ကာအဖြစ်၊ ကိုယ့်အသက်ကိုဆက်သော်၊ ကိုယ့်အမျိုးအနွယ်ကိုမြင်ခွင့်၊ အသက်တာရှည်ခွင့်ရသည့်ပြင်၊ သူ့လက်ဖြင့် ထာဝရဘုရားကြံတိုင်းအောင်လိမ့်မည်။
11 ကိုယ့်စိတ်ပင်ပန်းခြင်းအကျိုးကိုမြင်ရသဖြင့်၊ ရောင့်ရဲလိမ့်မည်။ အသိပညာအားဖြင့်၊ ဖြောင့်မတ်သောငါ့ကျွန်ရင်းသည်၊ လူများတို့ဒုစရိုက်ဝန်ကိုထမ်းဆောင်လျက်၊ သူတို့ကိုဖြောင့်မတ်ရာရောက်စေလိမ့်မည်။
12 သို့နှင့်အညီ လူများစွာတို့အပြစ်ဝန်ကိုသည်ပိုးလျက်၊ လွန်ကျူးသူတို့အတွက်ဖျန်ဖြေ၍၊ ကိုယ့်အသက်ကိုသေသည့်တိုင်အောင်သွန်းလောင်းလျက်၊ လွန်ကျူးသူတို့ စာရင်းသွင်းသောကြောင့်၊ ငါသည် အလုံးအရင်းတို့နှင့်အတူ၊ သူ့အားဝေငှသည့်အလျောက်၊ သူလည်း သူရဲကောင်းတို့နှင့်တကွ၊ လက်ရဥစ္စာဝေစုရလိမ့်မည်။