50
1-2 ထာဝရဘုရားမိန့်တော်မူသည်မှာ သင်တို့အမိကို ငါကွာလိုက်သောဖြတ်စာအဘယ်မှာနည်း။ ငါ့မြီရှင်တို့အနက် မည်သူ့ထံသင်တို့ကိုရောင်းစားခဲ့သနည်း။ သင်တို့သည် ကိုယ့်ဒုစရိုက်များကြောင့်သာရောင်းချခြင်း၊ အမိလည်းသင်တို့လွန်ကျူးမှုများကြောင့်သာ စွန့်ခွာခြင်းကိုခံရကြပြီတကား။ ငါရောက်သောအခါ လူမရှိ၊ ခေါ်သောအခါမထူးသည်မှာ အသို့နည်း။ ငါမရွေးနုတ်နိုင်အောင်လက်ရုံးတိုသလော။ မကယ်လွှတ်နိုင်အောင်တန်ခိုးမဲ့သလော။ ကြည့်လော့၊ ငါဆုံးမသဖြင့်သမုဒ္ဒရာရေခန်းခြောက်၍၊ မြစ်များသောင်ဖြစ်လျက်၊ ရေမရှိသောကြောင့် ငါများလည်း ရေငတ်သေဆုံးညှီနံကုန်၏။
3 ငါသည် မိုးကောင်းကင်ကိုမှောင်မိုက်နှင့်ခြုံ၍၊ လျှော်တေဖြင့်လွှမ်းသည်ဟုမိန့်တော်မူ၏။
4 ပင်ပန်းသူတို့အား၊ စကားဖြင့်ထောက်ခံနိုင်စေရန်၊ အရှင်ထာဝရဘုရားသည် တပည့်ရင်းတို့၏ နှုတ်သတ္တိကို၊ ငါ့အားပေးတော်မူပြီ။ တပည့်ရင်းတို့ဘာဝနာခံစေခြင်းငှာ၊ နံနက်တိုင်း ငါ့နားကိုနှိုးဆော်တော်မူ၏။
5 အရှင်ထာဝရဘုရားသည် ငါ့နားကိုဖွင့်တော်မူ၍၊ ငါလည်းမငြင်းမဆန်၊ မဖောက်မပြန်ချေ။
6 ရိုက်နှက်သူတို့အားကျောကိုလည်းေကာင်း၊ ပါးမြိုင်ဆွဲသူတို့အားပါးကိုလည်းေကာင်း၊ ငါအပ်လျက်အရှက်ခွဲခြင်း၊ တံတွေးထွေးခြင်းမှ မျက်နှာကိုမကွယ်။
7 သို့ရာတွင်အရှင်ထာဝရဘုရားသည် ငါ့ကိုမစတော်မူသောကြောင့် အရှက်မကွဲချေ။ အကျိုးမယုတ်ကြောင်းငါသိ၍၊ မီးခတ်ကျောက်သဖွယ် မျက်နှာကိုထား၏။
8 ငါ့ကိုဖြောင့်မှန်သည်ဟုစီရင်သောအရှင်နီးသည့်အတွက်၊ ငါနှင့်ဘက်ပြိုင်ဝံ့သူကား မည်သူနည်း။ စုံညီရပ်ကြကုန်အံ့။ တရားဘက်ကား မည်သူနည်း။ ချဉ်းကပ်ပါစေ။
9 အရှင်ထာဝရဘုရားသည် ငါ့ကိုမစတော်မူသည်ဖြစ်၍ ဆိုးသည်ဟုမည်သူစီရင်ဝံ့သနည်း။ ထိုသို့သောသူအပေါင်းတို့သည် အဝတ်ကဲ့သို့နွမ်းရိလျက်၊ ပိုးစာဖြစ်ကြလိမ့်သတည်း။
10 သင်တို့အနက် ထာဝရဘုရားကိုခန့်ညားလျက်၊ ကျွန်တော်ရင်းစကားကိုနာခံသူ မည်သူနည်း။ အလင်းကင်းလျက်မှောင်မိုက်၌ သွားလာသူတိုင်း ထာဝရဘုရား၏ နာမတော်အားကိုးစား၍ ကိုယ့်ဘုရားသခင်ကိုတံကဲပြုပါစေ။
11 မီးကိုမွှေး၍ကိုယ်ကို မီးကျီးများနှင့်ဝန်းရံသောသူအပေါင်းတို့၊ ကိုယ့်မီးလျှံတွင်းသို့လည်းေကာင်း၊ ကိုယ်မွေးသောမီးကျီးတွင်းသို့လည်းေကာင်း၊ ဝင်သွားကြလော့။ ငါ့လက်မှခံရသော အကျိုး ဆက်ကား ဝေဒနာခံစားရာ၌ အိပ်လဲရခြင်းတည်း။