49
အချင်းကျွန်းကြီးကျွန်းငယ်တို့ ငါ့စကားကိုနာခံကြလော့။ အချင်းလူမျိုးတို့၊ ဝေးကွာရာအရပ်မှနားထောင်ကြလော့။ ထာဝရဘုရားသည် ငါ့ကိုဖွားစကပင်ခေါ်တော်မူ ပြီ။ အမိဝမ်းမှစ၍ငါ့အမည်ကိုမှတ်တော်မူပြီ။ ထက်သောဓားသဖွယ်ငါ့နှုတ်ကိုပြင်ဆင်လျက်၊ လက်တော်အရိပ်ဖြင့် ငါ့ကိုကွယ်ကာတော်မူပြီ။ ပြောင်လက်သောမြှားသဖွယ်ငါကိုပြင်ဆင်လျက်၊ ကျည်တောက်တော်တွင်းသိုဝှက်ပြီးလျှင်၊ သင်သည် ဘုန်းတော်ကိုထင်ရှားစေမည်။ ကျွန်တော်ရင်းဣသရေလဖြစ်သည်ဟု ငါ့အားမိန့်တော်မူ၏။ ငါကမူ အကျိုးမဲ့လုံ့လထုတ်ခဲ့ပြီ။ အလဟဿအားကုန်ခဲ့ပြီ။ သို့ရာတွင်ငါ့တရားမှုသည် ထာဝရဘုရားအပါးတော်ဝယ်၊ အကျိုးလည်း ငါ၏ဘုရားသခင် ရှေ့တော်ဝယ် ရှိသည်ဟု ဝန်ခံ၏။ ငါ၏ဘုရားသခင်သည် ငါသန်စွမ်းရာအကြောင်းဖြစ်တော်မူ၍၊ ထာဝရဘုရားမျက်မှောက်တော်တွင်၊ ငါအသရေရှိသည့်အလျောက်၊ အထံတော်သို့ယာကုပ်အမျိုးကို ပြန်ရောက်စေရန်လည်း‌ေကာင်း၊ ဣသရေလအနွယ်ကိုသိမ်းကျုံးစေရန်ကိုလည်း‌ေကာင်း၊ ကိုယ်တော်၏ကျွန်ရင်းအဖြစ်၊ ဝမ်းတွင်းကပင် ငါပြုပြင်တော်မူသောထာဝရဘုရားမိန့်တော်မူသည်မှာ၊ ငါ၏ကျွန်ရင်းဖြစ်သဖြင့်၊ ယာကုပ်အမျိုးအနွယ်များကိုထူမခွင့်၊ ဣသရေလလူအကျန်အကြွင်းတို့ကိုပြန်ဆောင်ခွင့်များသည်၊ သာမညဖြစ်သေးသည်နှင့် မြေကြီးအစွန်အဖျားတိုင်အောင်၊ ငါ့ကယ်တင်ရာကယ်တင်ကြောင်းအလို့ငှာ၊ လူမျိုးခြားတို့ရှေ့အလင်းသဖွယ်၊ သင့်ကိုငါခန့်ထားဦးမည်ဟု​မိန့်တော်မူ၏။
လူတို့မထီလေးစားပြုရာ အမျိုးမျိုးတို့ရွံရှာရာဖြစ်လျက်၊ အမင်းမင်းထံကျွန်ခံသူ့အား ဣသရေလလူမျိုးကိုရွေးနုတ်၍ သန့်ရှင်းသောအရှင်ထာဝရဘုရားမိန့်တော်မူသည်မှာ၊ သင့်ကိုရွေးချယ်သောအရှင်၊ ဣသရေလလူမျိုး၏ သန့်ရှင်းသောအရှင်၊ သစ္စာမပျက်သော ငါထာဝရဘုရားကြောင့် ဘုရင်တို့သည်ဖူးမြင်၍ ထရပ်ခြင်း၊ မှူးမတ်တို့လည်းရှိခိုး ခြင်းပြုကြလိမ့်မည်ဟုမိန့်တော်မူ၏။
8-9 တစ်ဖန်၊ ထာဝရဘုရားမိန့်တော်မူသည်မှာ၊ လက်ခံဖွယ်အချိန်ငါထူး၍၊ ကယ်တင်ရာနေ့ရက်၌ သင့်ကိုမစပြီ။ အကျဉ်းခံရသူတို့အား၊ ထွက်ခဲ့လော့ဟူ၍လည်း‌ေကာင်း၊ မှောင်တွင်ကျသူတို့အား၊ ပေါ်လာလော့ဟူ၍လည်း‌ေကာင်း၊ မိန့်ဆိုလျက်၊ နေပြည်ကိုပြုစု၍၊ စွန့်လွှတ်ရသောဘိုးဘပိုင်မြေရာများကိုပိုင်ရကြစေရန်၊ သင့်ကိုစောင့်ရှောက်လျက်၊ လူမျိုးတော်အားပဋိဉာဉ်အဖြစ်ခန့်ထားတော်မူလိမ့်မည်။ လမ်းများ၌ကျက်စားခွင့်ရ၍ တောင်ထိပ်ရှိသမျှအပေါ်တွင် စားကျက်ရကြလိမ့်မည်။ 10 ကရုဏာသက်သောအရှင်သည် စမ်းရေများအနီး၊ လမ်းပြပို့ဆောင်လတ္တံ့သောကြောင့် ရေငတ်ခြင်း၊ ဆာမွတ်ခြင်းကင်းလျက်၊ လေပူနေရှိန်မထိမခိုက်ရ။ 11 တောင်တော်ရှိသမျှကို ခရီးလမ်းခင်းလျက်၊ လမ်းမတော်များကိုလည်း ငါဖို့သည့်အလျောက်၊ ဤသူတို့သည် ဝေးသောအရပ်မှလည်း‌ေကာင်း၊ 12 ထိုသူတို့သည် မြောက်မျက်နှာ၊ အနောက်မျက်နှာမှလည်း‌ေကာင်း၊ အချို့လည်းသိနိမ်ပြည်မှလည်း‌ေကာင်း၊ လာရောက်ကြလိမ့်မည်ဟုမိန့်တော်မူ၏။ 13 အချင်းမိုးကောင်းကင်၊ ကျူးဧလော့။ အချင်းမြေပထဝီ၊ ရွှင်လန်းလော့။ အချင်းတောင်များတို့၊ ကျူးဧကြွေးကြော်ကြလော့။ ငါထာဝရဘုရားသည် လူမျိုးတော်ကိုနှစ်သိမ့်စေ၍၊ ဆင်းရဲခံရသောလူမျိုးတော်ကို ကရုဏာသက်တော်မူဦးမည်။ 14 ဇိအုန်မြို့ကမူ ထာဝရဘုရားသည် ငါ့ကိုစွန့်ပစ်တော်မူ၏။ အရှင်ဘုရားသည် ငါ့ကိုအမှတ်မရဟုဆိုရာ၌၊ 15 မိခင်သည် ရင်သွေးဖြစ်သောနို့စို့သူငယ်ကို၊ ကရုဏာကင်းသည့်တိုင်အောင်၊ အမှတ်မရဘဲနေနိုင်သလော။ အမှတ်မရဘဲနေနိုင်စေကာမူ၊ ငါကား သင့်ကိုအမှတ်မရဘဲ မနေနိုင်။ 16 ကိုယ့်လက်ဝါးပြင်ဝယ် မြို့ပုံကိုရေးသားလျက်၊ မြို့ရိုးကိုလည်းအစဉ်မျက်မှောက်ပြု၏။ 17-18 လုယက်ဖျက်ဆီးသူတို့သည်မြို့တော်မှထွက်သွားရကြရာ၊ သင့်သတို့သမီးအပေါင်းတို့ အလျင်အမြန်စုရုံးဝင်ရောက်ကြသည်ကို၊ ပတ်လည်မော်ကြည့်လော့။ အသက်တော်ကိုတိုင်တည်၍၊ ငါထာဝရဘုရားမိန့်တော်မူသည်မှာ၊ သင်သည် မင်္ဂလာဆောင်သတို့သမီးနည်းတူ၊ ထိုသူအပေါင်းတို့ကိုမာလိကတန်ဆာသဖွယ် ဝတ်ဆင်ပတ်စည်းခွင့်ရလိမ့်မည်ဟူ၍တည်း။ 19 သင့်ကိုမျိုစားခဲ့သူတို့ ကင်းဝေးကြရာ၊ သင့်မြို့ဆိုးကုန်းစွန့်လွှတ်ရာအရပ်နှင့်ပျက်ပြီး မြေရာများမူကား၊ နေအံ့သူတို့အဖို့ကျဉ်းမြောင်းသည့်အလျောက်၊ 20 ဆုံးပါးရာကာလရသောသားသမီးတို့က၊ အရပ်ဒေသကျဉ်းမြောင်း၏။ နေလောက်ရန်ပေးပါဟုတောင်းပန်ကြသော်၊ 21 သင်က ငါသည် သားဆုံးပါးခြင်းခံရ၍၊ အမြုံအဖြစ်နှင့်စွန့်ခွာနှင်ထုတ်ခံရလျက်၊ ဤသားတို့ကို ဖွားမြင်မွေးမြူသူကား မည်သူနည်း။ ငါသည်တစ်ဦးတည်းဖြစ်လျက်နှင့် ထိုသားသမီးတို့ကား အသို့နည်းဟု အောက်မေ့လိမ့်မည်။
22 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည်လူမျိုးခြားတို့အားလက်ချီခြင်း၊ ပြည်ထောင်သားတို့အားအလံထူခြင်းများကိုပြုသဖြင့်၊ သင့်သားများကိုပိုက်ပွေ့လျက်၊ သမီးများကိုထမ်းပိုးလျက်ဆောင်ခဲ့ကြလိမ့်မည်။ 23 ဘုရင်မင်းတို့လည်းအဘအဖြစ်၊ မိဖုရားတို့လည်းအမိအဖြစ်၊ မွေးမြူလျက်၊ သင့်ရှေ့တွင်ဦးညွှတ်ပြပ်ဝပ်၍ ခြေနင်းရာမြေမုန်ကိုပင်လျက်ကြရသဖြင့်၊ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကိုလည်း‌ေကာင်း၊ ငါ့ကိုစောင့်စားသူတို့အရှက်မကွဲကြောင်းကိုလည်း‌ေကာင်း၊ သင်သိလိမ့်မည်။ 24 လုရဥစ္စာသည် တန်ခိုးကြီးသူ၏၊ လက်တွင်းမှ လွတ်ခွင့်၊ သုံးပန်းလူတို့လည်း ကြမ်းကြုတ်သူ၏လက်တွင်းမှ ထွက်ခွင့်ရမည်လောဟုဆိုရာ၌၊
25 ငါထာဝရဘုရားအမိန့်တော်အတိုင်း၊ သုံ့ပန်းသူတို့သည် တန်ခိုးကြီးသူတို့၏လက်တွင်းမှလွတ်ခွင့်၊ လုရဥစ္စာလည်းကြမ်းကြုတ်သူ၏လက်တွင်းမှ ထွက်ခွင့်ရလိမ့်မည်။ သင့်ရန်ဘက်နှင့်ဘက်ပြိုင်သောအရှင်၊ သင့်သားသမီးတို့ကို ကယ်ဆယ်မည့်အရှင်ကား၊ ငါပင်တည်း။ 26 ငါသည်သင့်ကိုညှဉ်းပန်းသူတို့အား၊ ချင်းအသားနှင့်ကျွေးလျက်၊ ချင်းအသွေးနှင့်စပျစ်ရည်သဖွယ်မူးယစ်စေမည်။ သို့ဖြစ်၍ငါထာဝရဘုရားသည်၊ သင့်ကိုကယ်တင်ရွေးနုတ်သောအရှင်၊ ယာကုပ်၏ တန်ခိုးရှင်ဖြစ်ကြောင်းကို၊ လူအပေါင်းတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။