51
ဖြောင့်မတ်ခြင်းကိုလိုက်ေလှျာက်လျက်၊ ထာဝရဘုရားကိုရှာဖွေသောသူတို့ နာခံကြလော့။ သင်တို့ကို ရွေဖျင်းရာကျောက်တောင်၊ တူးယူရာတွင်းကျင်းကို၊ အာရုံပြုကြလော့။ သင်တို့ကိုဖွားမြင်ခဲ့သောအမိစာရာနှင့် အဘအာဗြဟံတို့ကိုအာရုံပြုကြလော့။ တစ်ဦးတည်းသောအာဗြဟံကိုခေါ်လျက် ကောင်းကြီးပေးသဖြင့်၊ တိုးပွားစေသည့်အလျောက်၊ ငါထာဝရဘုရားသည် ဇိအုန်မြို့ဆိုးကုန်းရှိသမျှကို ငြိမ်းချမ်းစေလျက်၊ ဆိုင်ရာသဲတောကို ဧဒင်ဥယျာဉ်ကဲ့သို့လည်း‌ေကာင်း၊ သဲကန္တာရကိုထာဝရဘုရား၏ ခြံတော်ကဲ့သို့လည်း‌ေကာင်း၊ ဖြစ်စေတော်မူပြီးဖြစ်၍၊ အားရရွှင်လန်းခြင်း၊ ကျေးဇူးတော်ကိုချီးမွမ်းခြင်း၊ ကျူးဧသီဆိုခြင်းများနှင့်ကြုံကြိုက်လိမ့်မည်။ အချင်းအမျိုးတော်၊ အချင်းအနွယ်တော်၊ ငါ့စကားကိုနားထောင်နာခံကြလော့။ တရားတော်သည်ငါ့ထံမှထွက်လျက်၊ ဥပဒေသတော်ကိုလူအမျိုးမျိုးတို့အဖို့အလင်းအ ဖြစ်တည်လိမ့်မည်။ အောင်မြင်တော်မူခြင်းနီးလုပြီ။ ကယ်တင်တော်မူခြင်းထွက်ခဲ့ပြီးဖြစ်၍ လူအမျိုးမျိုးတို့ကို၊ လက်ရုံးတော်ဖြင့်စီရင်တော်မူသည့်အလျောက် ကျွန်းကြီးကျွန်းငယ်တို့သည် ငါ့ကိုစောင့်စားလျက်၊ လက်ရုံးတော်ကို မြော်စောလျက်နေကြလိမ့်မည်။ မိုးကောင်းကင်ကိုမော်ကြည့်၍၊ အောက်ပထဝီကိုအာရုံပြုကြလော့။ မိုးကောင်းကင်သည်အခိုးအငွေ့ကဲ့သို့လွင့်ပျောက်ခြင်း၊ မြေပထဝီသည်အဝတ်ကဲ့သို့နွမ်းရိခြင်း၊ နေထိုင်သူအပေါင်းတို့သည် ခြင်ကောင်ကဲ့သို့သေဆုံးခြင်းခံရသော်လည်း၊ ကယ်တင်တော်မူခြင်းကား၊ အစဉ်အမြဲတည်လျက်၊ အောင်မြင်တော်မူခြင်းမပျောက်မပျက်နိုင်ရာ။ ဖြောင့်မတ်ခြင်းကိုသိကျွမ်းလျက်၊ တရားတော်ကိုနှလုံးသွင်းသောသင်တို့ နာခံကြလော့။ လူတို့ကဲ့ရဲ့ဆဲရဲခြင်းအတွက် ကြောက်ရွံ့စိတ်ပျက်ခြင်းမရှိကြလင့်။ ထိုသို့သောလူတို့ကို၊ ပိုးရွများသည်သိုးမွေးအဝတ်ကဲ့သို့လည်း‌ေကာင်း၊ ပိုးကောင်များသည်သိုးမွေးကဲ့သို့လည်း‌ေကာင်း၊ စားကြလိမ့်မည်။ အောင်မြင်တော်မူခြင်းကား၊ အစဉ်တည်လျက် ကယ်တင်တော်မူခြင်းလည်း၊ လူမျိုးအဆက်ဆက်မြဲလိမ့်မည်။
အိုထာဝရဘုရား၏လက်ရုံးတော်၊ နိုးထတော်မူပါ။ နိုးထ၍ခွန်အားကိုဆင်ယင်တော်မူပါ။ အတိတ်ကာလက၊ ရှေးသူဟောင်းတို့လက်ထက်ကဲ့သို့၊ နိုးထတော်မူပါ။ ရေနတ်နဂါးကိုဒဏ်ခတ်၍၊ မြွေနဂါးကိုထိုးဖောက်သည်ကား၊ ကိုယ်တော်ပင်မဟုတ်ပါလော။ 10 မဟာရေထုဖြစ်သောသမုဒ္ဒရာကိုခန်းခြောက်စေ၍၊ ပယ်လယ်နက်ရှိုင်းရာကို၊ ရွေးနုတ်ခံရသူတို့ကူးသွားလမ်းဖြစ်စေသည်ကား၊ ကိုယ်တော်ပင်မဟုတ်ပါလော။ 11 ထာဝရဘုရားရွေးနုတ်တော်မူသောသူတို့သည် ပြန်လာရာ၊ ရွှင်လန်းခြင်းသရဖူကိုအမြဲဆောင်း၍၊ ဇိအုန်မြို့သို့ကြွေးကြော်လျက်လာရောက်ကြလိမ့်မည်။ ဝမ်းမြောက် ခွင့်ရွှင်လန်းခွင့်ရသဖြင့် ပူဆွေးခြင်း၊ မြည်တမ်းခြင်းသည် ဆုတ်ပြေးရလတ္တံ့။ 12-13 ငါသာလျှင် သင်တို့ကိုနှစ်သိမ့်စေသောအရှင်ပေတည်း။ မိုးကောင်းကင်ကိုကြက်လျက်၊ မြေပထဝီကိုတည်ထောင်၍၊ သင့်ကိုဖန်ဆင်းတော်မူသောထာဝရဘုရားကို သတိမရဘဲ၊ သေတတ်သောလူ၊ မြက်ပင်အဖြစ် ရောက်တတ်သောလူ့သားတို့ကိုကြောက်ရွံ့ခြင်း၊ ဖျက်ဆီးရန်လေးတင်လျက် နှိပ်စက်သူတို့၏ဒေါသကြောင့်အစဉ်မပြတ်တုန်လှုပ် ခြင်းရှိသောသင်သည်၊ မည်သို့သောသူဖြစ်သနည်း။ နှိပ်စက်သူတို့ဒေါသအဘယ်မှာနည်း။ 14 ကုန်းဝပ်ရသူတို့သည်မသေ၊ သင်္ချၖိုင်းတွင်းသို့မဝင်ရ။ စားမြိန်စာမပြတ်ဘဲအဆောတလျင် လွတ်မြောက်ခွင့်ရကြလိမ့်မည်။ 15-16 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားဟုနာမတော်ရှိသောငါသည်၊ သမုဒ္ဒရာကိုထကြွစေ၍၊ လှိုင်းတံပိုးကိုဟုန်းစေသည့်ပြင်၊ မိုးကောင်းကင်ကိုစိုက်ပျိုး၍၊ မြေပထဝီကိုတည်ပြန်ခွင့်၊ ဇိအုန်မြို့အား လူမျိုးတော်ဖြစ်သည်ဟု ကြော်ငြာခွင့်ရအံ့သောငှာ၊ သင့်နှုတ်တွင်ဗျာဒိတ်တော်ကိုသွင်းလျက်၊ လက်တော်အရိပ်ဖြင့် သင့်ကိုကွယ်ကာခဲ့သောသင်၏ဘုရားသခင်ထာဝရဘုရားပေတည်း။
17 ထာဝရဘုရား၏လက်တော်ရှိအမျက်တော်ဖလားကိုသောက်၍၊ ယိမ်းယိုင်စေသောခွက်ဖလားကို အကုန်အစင်သုံးသောက်ခဲ့သော၊ အိုယေရုရှလင်မြို့၊ ကိုယ်ကိုနှိုးဆော်လော့။ နိုး၍ထရပ်လော့။ 18 ဖွားခဲ့သောသားအပေါင်းတို့အနက်၊ လမ်းပြသူမရှိ။ မွေးမြူခဲ့သောသားအပေါင်းတို့အနက်၊ လက်ဆွဲသူမရှိချေ။ 19 ဖျက်ဆီး၍ဖုန်းဆိုးကုန်းဖြစ်ခြင်းဘေး၊ ဓားသင့်၍အစာခေါင်းပါးခြင်းဘေးနှစ်မျိုးသည်၊ သင့်အပေါ်တွင်သင့်ရောက်ခဲ့ရာ၊ မြည်တမ်းမှုပြုသူ၊ မည်သူနည်း။ ငါကား မည်သို့နှစ်သိမ့်စေနိုင်သနည်း။ 20 သင့်သားတို့သည်ထာဝရဘုရားအမျက်တော်ဖြင့်လည်း‌ေကာင်း၊ သင့်ဘုရားသခင်အဆုံးအ မတော်ဖြင့်လည်း‌ေကာင်းပြည့်ဝလျက်၊ ခမ်းသိမ်းသောလမ်းဆုံတွင်ကျော့ကွင်းမိသောဒရယ်သဖွယ်၊ မူးမော်အိပ်လဲကြလေစွ။ 21 ယခုမှာမူ စပျစ်ရည်နှင့်မဟုတ်၊ မူးဝေ၍ ဆင်းရဲသောသင်သည်၊ ဤစကားကိုနားထောင်ဦးလော့။ 22-23 ယိမ်းယိုင်စေသောဖလားတည်းဟူသော၊ အမျက်တော်ခွက်ဖလားကို နောက်တစ်ဖန်မသောက်ရစေရန်၊ သင့်လက်မှငါယူပြီးနောက်၊ ကျော်နင်းမည့်သူတို့က၊ ငါတို့ကျော် နင်းခွင့်ရစေခြင်းငှာဝပ်လော့ဟုဆိုကြသည့်အလျောက်၊ မြေပြင်အဖြစ်၊ လမ်းအဖြစ်၊ သင့်ကျောကိုခင်းရသည့်တိုင်အောင်၊ ညှဉ်းပန်းသောသူတို့လက်သို့လွှဲအပ်မည့်အကြောင်း၊ ယေဟောဝါဟူသော သင့်အရှင်ဘုရား၊ လူမျိုးတော်ဘက်၌ ချေပတော်မူသောသင့်ဘုရားသခင်မိန့်တော်မူ၏။ ္