46
1 ဗေလဘုရားသည်ဦးညွှတ်ခြင်း၊ နေဗောဘုရားသည်ပျပ်ဝပ်ခြင်းပြုရ၏။ ၎င်းရုပ်တုများကိုသားယဉ်တိရစ္ဆာန်များပေါ်တွင်တင်ကြသည့်အလျောက်၊ သင်တို့ပင့်ဆောင် တတ်ကြသောအရာများကို ဝန်အဖြစ်မောဟိုက်စွာ ရုန်းသွားကြရ၏။
2 ထိုဝန်ကိုလွတ်မြောက်ခွင့်မပြုနိုင်ဘဲ၊ ဦးညွှတ်ပျပ်ဝပ်လျက်ပင်သုံ့ပန်းခံရလေစွတကား။
3 ဝမ်းတွင်းကပင် ရုန်းဆောင်တော်မူခြင်း၊ ဖွားစကပင် ချီဆောင်တော်မူခြင်းကိုခံခဲ့သူ ယာကုပ်အမျိုးသား၊ ဣသရေလအမျိုးသားအကြွင်းအကျန်တို့နာခံကြလော့။
4 ငါသာလျှင် ငါဖြစ်သည့်အလျောက်၊ သင်တို့အိုမင်း၍ဆံဖြူသည့်တိုင်အောင်၊ ထမ်းဆောင်မည်။ ငါဖန်ဆင်းခဲ့သည့်အလျောက် ချီဆောင်ဦးမည်။ ငါသည် ထမ်းဆောင်၍ လွှတ်မြောက်စေလိမ့်မည်။
5 ငါ့ကိုမည်သူနှင့်ထပ်တူပုံပြ၍ နှိုင်းယှဉ်တုဖက်ကြမည်နည်း။
6 အိတ်ထဲမှရွှေကိုထုတ်ခြင်း၊ ချိန်ခွင်နှင့်ငွေကိုစက်ခြင်းခြင်းပြုသောသူတို့သည် ပန်းထိမ်သည်ကိုငှား၍၊ ဘုရားရုပ်တုလုပ်စေပြီးလျှင်၊ ပျပ်ဝပ်ရှိခိုးတတ်ကြသည်တကား။
7 ထိုရုပ်တုသည် ထမ်းဆောင်ခြင်း၊ ချီဆောင်ခြင်းခံလျက် ချထားရာမှ မရွေ့နိုင်ဘဲ၊ တည်မြဲတည်ရ၏။ ခေါ်သော်လည်းမထူး။ ဒုက္ခရောက်သော်လည်းမကယ်နိုင်ချေ။
8 အချင်းလွန်ကျူးသူတို့၊ သတိရ၍ နှလုံးသွင်းပြီးလျှင်၊ တည်ကြည်စွာနေကြလော့။
9 အတိတ်ကာလဖြစ်ဖူးသောအရာများကို သတိရကြလော့။ ငါသာလျှင်ဘုရားသခင်ဖြစ်၏။ အတုမရှိသောဘုရားပေတည်း။
10 အစကပင်အဆုံးကိုလည်းေကာင်း၊ အတိတ်ကပင်အနာဂတ်အရာများကိုလည်းေကာင်း၊ ဖော်ပြခြင်း။ ငါ့အကြံတည်၍အလိုရှိသမျှကိုပြီးမြောက်စေမည်ဟု မိန့်မြွက်ခြင်း၊
11 အလိုတော်အတိုင်းပြီးမြောက်စေရန်၊ ဝေးကွာသောအရှေ့မျက်နှာမှ၊ ငှက်ရဲသဖွယ်ဖြစ်သူ့အား ခေါ်ခြင်းများကိုငါပြု၏။ မုချအားဖြင့်၊ ငါမိန့်ခဲ့သည့်အတိုင်းဖြစ်စေလိမ့်မည်။ ပြဌာန်းခဲ့သည့်အတိုင်းစီရင်လိမ့်မည်။
12 ဖြောင့်မတ်ခြင်းနှင့်ဝေးကွာလျက်၊ စိတ်ရဲဝံ့သူတို့၊ နာခံကြလော့။
13 အောင်မြင်တော်မူခြင်းကိုငါချဉ်းကပ်စေပြီ။ ဝေးကွာသည်မဟုတ်။ ကယ်တင်တော်မူခြင်းလည်းဆိုင်းလင့်မည်မဟုတ်။ ဇိအုန်တောင်၌ ကယ်တင်တော်မူခြင်းကိုလည်းေကာင်း၊ ဣသရေလလူမျိုးတို့၌ ဘုန်းတော်ကိုလည်းေကာင်း ငါတည်စေမည်။