45
1 လူမျိုးခြားတို့ကိုမျက်မှောက်တွင်နှိမ့်နင်း၍ ဘုရင်တို့၏ခါးစည်းကြိုးကိုလျော့ဟာစေရန်လည်းေကာင်း၊ နန်းမြို့တံခါး၊ မြို့ကြီးတံခါးများကိုပိတ်နိုင်ခွင့်မရကြအောင်ဖွင့်လှစ်ရန်လည်းေကာင်း ညာလက်ကို ငါကိုင်ဆွဲလျက်၊ ဘိသိက်တော်ခံကုရုမင်းအား၊ ငါထာဝရဘုရားမိန့်တော်မူသည်ကား။
2-3 ငါသည်ဣသရေလအမျိုး၏ဘုရားသခင်၊ အမည်ဖြင့်သင့်ကိုခေါ်ခဲ့သောထာဝရဘုရားဖြစ်ကြောင်းသိစေရန်၊ သင့်ရှေ့တွင်ငါကြွချီ၍၊ မောက်ရာများကိုညီညွတ်စေသည့် ပြင်၊ ကြေးတံခါးများကိုဖောက်ဖျက်၍၊ သံမင်းထုပ်များကိုလည်းချိုးဖြတ်ပြီးလျှင်၊ ကွယ်ဝှက်ရာဥစ္စာနှင့် သိုက်ဘဏ္ဍာများကို ငါထုတ်ပေးမည်။
4 ငါ့ကျွန်ရင်းယာကုပ်၊ ငါရွေးချယ်သူဣသရေလအတွက်၊ ငါ့ကိုသင်မသိလျက်ပင် အမည်ဖြင့်သင့်ကိုခေါ်၍၊ ဘွဲ့နာမကို ငါသမုတ်လေပြီ။
5-6 ငါသာလျှင်၊ ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး၊ အခြားဘုရားမရှိ။ နေထွက်ရာအရပ်နှင့်နေဝင်ရာအရပ်သားတို့သည်၊ ငါမှတစ်ပါးအခြားဘုရားမရှိကြောင်းကိုလည်းေကာင်း၊ ငါသာလျှင် ထာဝရဘုရားဖြစ်ကြောင်းကိုလည်းေကာင်း၊ သိကြစေခြင်းငှာ၊ ငါ့ကို သင်မသိလျက်ပင်၊ သင့်ခါးကိုငါစည်းတော်မူပြီ။
7 ငါသည် အလင်းကိုပြုပြင်၍ အမိုက်ကိုလည်းဖန်ဆင်း၏။ သုခကိုစီရင်၍ ဒုက္ခကိုလည်းဖန်ဆင်း၏။ ထိုသို့သောအရာရှိသမျှကို ငါထာဝရဘုရားစီမံတော်မူ၏။
8 အချင်းမိုးကောင်းကင် အထက်မှယိုကျလော့။ မိုးတိမ်များလည်း တရားတော်ကိုချရွာစေ။ မြေပထဝီသည် ပွင့်ဟ၍ ချမ်းသာနှင့် ဖြောင့်မတ်ခြင်းများကိုဖြစ်ပွားပေါ် ပေါက်ကြစေ။ ငါထာဝရဘုရားသည် ထိုသို့သော အရာကိုဖန်ဆင်းတော်မူပြီဟူ၍တည်း။
9 ဖန်ဆင်းတော်မူသောအရှင်နှင့် မြေအိုးများအနက်တစ်လုံးမျှသာဖြစ်သော၊ ဖက်ပြိုင်သူသည်အမင်္ဂလာရှိ၏။ အိုးထိန်းအားမြေစေးက၊ မည်သည့်အရာကိုပြုလုပ်သနည်း ဟူ၍လည်းေကာင်း၊ သင့်လက်ဖြစ်က၊ သင်၌လက်မရှိဟူ၍လည်းေကာင်း ဆိုအပ်သလော။
10 အဖဖြစ်သူအား၊ မည်သည့်အရာကိုဖြစ်စေသနည်းဟူ၍လည်းေကာင်း၊ မိန်းမဖြစ်သူအား၊ မည်သည့်အရာကိုဖွားမြင်သနည်းဟူ၍လည်းေကာင်း ကဲ့ရဲ့သောသူသည် အမင်္ဂလာရှိ၏။
11 ဣသရေလလူမျိုးကိုဖန်ဆင်း၍ သန့်ရှင်းသောအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အနာဂတ်အရာများကို၊ ငါ့ထံမေးမြန်းကြလော့။ ငါသားတို့နှင့်လက်ဖြစ်တော်ကိုကား ငါ၌ရှိပါစေလော့။
12 ငါသည် မြေပထဝီကိုပြုပြင်၍ မြေပေါ်တွင် လူကိုဖန်ဆင်းလေပြီ။ မိုးကောင်းကင်ကို ကိုယ့်လက်ဖြင့်ကြက်၍၊ ကမ္ဘာ့တန်ဆာရှိသမျှ ကိုစီမံပြီးဖြစ်သည်နှင့်အညီ၊
13 ဖြောင့်မတ်သည့်အတိုင်း၊ ထိုမင်းကို ငါပေါ်ထွန်းစေသဖြင့်၊ ချီလေတိုင်းညီညွတ်စေမည်။ သူသည် ငါ၏မြို့တော်ကိုပြုပြင်လျက်၊ သုံ့ဖမ်းခံရသူငါ့လူမျိုးတော်ကိုလည်း၊ ဆုလပ်ဂုဏ်ခကင်းလျက်လွတ်စေလိမ့်မည်ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။
14-15 ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိဂျစ်ပြည်၏ချွေးနဲစာ၊ ကုရှပြည်၏အမြတ် ငွေနှင့်တကွ၊ အရပ်အမောင်းမြင့်သော သေဘအမျိုးသားတို့သည် ပိုင်ဆိုင်ရာအဖြစ်၊ သင့်ထံသို့ရောက်ကြလိမ့်မည်။ ထိုသူတို့သည်ခြေချင်းစွဲလျက်သင့်ကိုလိုက်ရှာရာ အရှင်တို့တွင် ဘုရားသခင်မုချရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး၊အခြားဘုရားတစ်ဆူမျှမရှိ။ အိုကယ်တင် ပိုင်ရှင်ဖြစ်သောဣသရေလလူမျိုး၏ဘုရား၊ ကိုယ်တော်သည် ပုန်းကွယ်တော်မူသော ဘုရားမုချဖြစ်ကြောင်း၊ သင့်ထံဦးညွှတ်တောင်းပန်ကြလိမ့်မည်ဟုမိန့်တော်မူ၏။
16 ရုပ်ပွားကိုထုလုပ်သူအပေါင်းတို့သည် ကျိုးယုတ်ရှက်ကွဲ၍ ရှုတ်ချခြင်းသို့ရောက်ကြလိမ့်မည်။
17 ဣသရေလလူမျိုးမူကား ကျိုးယုတ်ရှက်ကွဲခြင်းနှင့် အစဉ်ကင်းလွတ်လျက် ထာဝရဘုရားအားဖြင့်၊ အမြဲကယ်တင်ခြင်းသို့ရောက်ကြလတ္တံ့။
18 အသို့ဆိုသော်၊ ဘုရားသခင်ဖြစ်တော်မူသည့်အလျောက်၊ မိုးကောင်းကင်ကိုဖန်ဆင်းတော်မူထသော၊ မြေပထဝီကိုလည်းစီရင်ပြုပြင်တော်မူထသော၊ လဟာသက်သက်မဟုတ်၊ နေထိုင်ရာအဖြစ်ဖြင့် ဖန်ဆင်းပြုပြင်၍ တည်စေတော်မူသောထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ငါသာလျှင် ထာဝရဘုရားဖြစ်၏။
19 ငါသည် မှောင်ကျရာပြည်၌၊ ဗျာဒိတ်ကိုကွယ်ဝှက်စွာပေးခဲ့သည်မဟုတ်။ ယာကုပ်အမျိုးအနွယ်တို့အားလည်း၊ အကျိုးမဲ့ရှာဖွေကြလော့ဟုမိန့်ခဲ့သည်မဟုတ်။ ငါထာဝရ ဘုရားသည် ဖြောင့်မှန်စွာ ဗျာဒိတ်ထားလျက်၊ ဟုတ်မှန်စွာေဖာ်ပြ၏။
20 လူမျိုးခြားတို့အနက်လွတ်မြောက်ခဲ့သောသင်တို့၊ စုရုံးလာရောက်ချဉ်းကပ်ကြလော့။ ကယ်တင်ပိုင်ခွင့်မရှိသောဘုရားကိုပဌနာပြုလျက်၊ သစ်တုံးဖြစ်သောရုပ်ပွားဆင်းတု ကိုပင့်ဆောင်တတ်သူတို့သည်၊ အသိဉာဏ်မရှိကြချေ။
21 နှီးနှောတိုင်ပင်ပြီးလျှင်၊ ဖော်ပြလဲလျှောက်ကြစေ။ ယမန်ရှေးကာလကပင်၊ ဤအမှုအရာကိုဖော်ပြကြားပြောသောအရှင်ကား၊ မည်သူနည်း။ ငါထာဝရဘုရားမဟုတ်လော။ ငါမှတစ်ပါး၊ အခြားဘုရားမရှိ။ ငါမှတစ်ပါးလည်း၊ ဖြောင့်မတ်ခြင်းနှင့်ပြည့်စုံ၍ ကယ်တင်ပိုင်တော်မူသောဘုရားတစ်ဆူမျှ မရှိချေ။
22 အိုမြေကြီးစွန်းအပေါင်းတို့ ငါသာလျှင် ဘုရားသခင်ဖြစ်တော်မူသောကြောင့်၊ ငါ့ကိုလှည့်ကြည့်၍ ကယ်တင်ခြင်းကိုခံကြလော့။
23 ငါကိုယ်တိုင်ကိုတိုင်တည်၍သစ္စာထားချက်အရ၊ လူတိုင်းငါ့ရှေ့တွင် ဒူးထောက်ခြင်း၊ နှုတ်ဖြင့် သစ္စာတော်ခံခြင်းများကိုပြုရလိမ့်မည်ဟု ဖြောင့်မှန်သောဗျာဒိတ်သည် နှုတ်တော်မှထွက်ပြီ။ ရုပ်သိမ်းမည်မဟုတ်။
24 ထာဝရဘုရားကြောင့်သာအောင်မြင်ခွင့်၊ စွမ်းရည်ရှိခွင့်ရသည်။ ကိုယ်တော်ကိုမျက်မုန်းကြိုးသူအပေါင်းတို့ပင် အထံတော်သို့ တိုးဝင်ရလျက် အရှက်ကွဲကြလတ္တံ့။
25 ဣသရေလအမျိုးအနွယ်အပေါင်းတို့ကား၊ ထာဝရဘုရားကြောင့် အောင်မြင်ခွင့်ရ၍၊ ဂုဏ်ရောက်ကြလိမ့်မည့်အကြောင်း၊ ဝန်ခံလေ့ရှိလတ္တံ့ဟုမိန့်တော်မူသတည်း။