44
ယခုမှာ ငါ့ကျွန်တော်ရင်းယာကုပ်၊ ငါရွေးချယ်သူဣသရေလ၊ နားထောင်လော့။ သင့်ကိုဖန်ဆင်း၍ဝမ်းတွင်းကပင်ပြုပြင်ခဲ့သည့်အလျောက်၊ မစလတ္တံ့သောထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ့ကျွန်ရင်းယာကုပ်၊ ငါရွေးချယ်သူယေရှုရုန်၊ မကြောက်လင့်။ ရေငတ်သူတို့အပေါ်တွင်ရေကိုလည်း‌ေကာင်း၊ သွေ့ခြောက်သောအရပ်တွင်မြောင်းရေကိုလည်း‌ေကာင်း၊ သွန်းလောင်း၍။ သင့်အမျိုးပေါ်တွင်ဝိညာဉ်တော်ကိုလည်း‌ေကာင်း၊ အနွယ့်အပေါ်တွင်ကောင်းကြီး မင်္ဂလာတော်ကိုလည်း‌ေကာင်း၊ ငါသွန်းလောင်းသဖြင့်၊ ရေမြောင်းအနီးရှိမိုးမခပင်ကဲ့သို့၊ ပေါင်းမြက်အတွင်း ပေါက်ပွားကြမည့်ပြင်၊ လူမျိုးခြားတစ်ဦးက၊ ငါကား ထာဝရဘုရားပိုင်ရာတော်ဖြစ်သည်ဟုဆိုခြင်း၊ တစ်ဦးက၊ ယာကုပ်အမည်ဖြင့်ကိုယ်ကို မှည့်ခြင်း၊ တစ်ဦးက၊ ထာဝရဘုရားပိုင်ရာတော်ဟုလက် တွင်စာတန်းထိုး၍ ဣသရေလဟူသောဘွဲ့နာမဖြင့်သမုတ်ခြင်းများကိုပြုကြလိမ့်မည်ဟုမိန့်တော်မူ၏။
ဣသရေလလူမျိုးကိုရွေးနုတ်သောဘုရင်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ငါသည်အာဒိကဖြစ်၏။ အန္တိမလည်းဖြစ်၏။ ငါမှတစ်ပါးအခြားသောဘုရားမရှိ။ ရှေးလူမျိုးကိုငါခန့်ထားသည်ကစ၍ ငါကဲ့သို့ထုတ်ဆင့်နိုင်သူကား မည်သူနည်း။ ငါရှေ့တွင်စီစဉ်ေဖာ်ပြစေ။ ဖြစ်ပျက်လတ္တံ့သော အနာဂတ်အရာများကိုလည်းဖော်ပြ စေ။ ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိကြနှင့်။ ယမန်ကပင်ငါကြားပြောေဖာ်ပြသည်မဟုတ်တုံလော။ သင်တို့သည်ငါ့သက်သေများဖြစ်ကြ၏။ ငါမှတစ်ပါး၊ အခြားဘုရားရှိသေးသလော။ အခြားသောကျောက်တောင်တော်လည်းမရှိ။ ရှိလျှင်၊ ငါမသိပါတကားဟုမိန့်တော်မူ၏။
ရုပ်ပွားဆင်းတုကိုထုလုပ်သူအပေါင်းတို့သည်၊ လဟာသက်သက်ဖြစ်သည့်အလျောက်၊ ကြည်ညိုရာများလည်း၊ အသုံးမဝင်။ ၎င်းတို့သက်သေများလည်း၊ တစ်စုံတစ်ခုမျှမသိ မမြင်သဖြင့်၊ အရှက်ကွဲကြရ၏။ 10 ဘုရားရုပ်ကိုလုပ်သောလူတိုင်း အသုံးမဲ့ဆင်းတုကိုသွန်းလုပ်ရာရောက်၏။ 11 ရုပ်တုသင်းဝင်သူအပေါင်းတို့သည် အရှက်ကွဲကြရမည်။ လူမျှသာဖြစ်သောလက်မှုပညာသည်ရှိသမျှ စုရုံးရပ်တန့်ကြစေ။ တစ်ပြိုင်နက်ထိတ်လန့်ရှက်ကြောက်ကြလိမ့် မည်။ 12 ပန်းတည်းသည်စို့ကိုကိုင်လျက်၊ မီးဖြင့်ပုံကျအောင်ထုနှက်၍၊ အားကြီးသော လက်ရုံးနှင့်လုပ်ဆောင်ရာ ဆာမွတ်သဖြင့် အားကုန်ခြင်း၊ ရေငတ်သဖြင့်မောပန်းခြင်းသို့ရောက်တတ်၏။ 13 ပန်းပုလည်းမျဉ်းကြိုးချခြင်း၊ဆေးနီသားခြင်း၊ ေရွပေါ်ထိုးခြင်း၊ ကွန်ပါချခြင်းများကိုပြုလျက် ကျောင်းဆောင်တွင်ထားရန်၊ လူ့အခြေအနေအလိုက် သူ့ပုံသဏ္ဌာန်ပြုလုပ်တတ်၏။ 14 လူတစ်ဦးသည် ခုတ်လှဲပြီးသစ်ကတိုးပင်၊ ရွေးယူပြီးသပိတ်ပင်၊ ညန်ပင်၊ မိုးရွာ၍ကြီးပွားသော၊ စိုက်ပြီးထင်းရူးပင်၊ တောပင်အနက်အပိုင်ရသောသစ်တစ်ပင်ဖြင့်၊ ထင်းလုပ်၍ မီးလှုံသည့်ပြင်၊ 15 မီးဆိုက်၍မုန့်ပေါင်းချက်ခြင်း၊ ရုပ်ပွားဆင်းတုဘုရားထုလုပ်၍ ပျပ်ဝပ်ရှိခိုးခြင်းများကိုပြုတတ်သည်တကား။ 16 ထက်ဝက်ကိုထင်းအဖြစ်မီးဆိုက်၍ အမဲသားကိုကင်ပြီးလျှင် ဝစွာစားလျက်မီးလှုံရာ အဲ၊ ငါသည်မီးကိုတွေ့၍၊ အချမ်းလုံပြီဟူ၍လည်း‌ေကာင်း၊ 17 ကျန်တစ်ဝက်ကို ကိုယ့်ဘုရားအဖြစ်ရုပ်ပွားဆင်းတုလုပ်ပြီးလျှင် ပျပ်ဝပ်ရှိခိုးရာ ကိုယ်တော်သည် အကျွန်ုပ်ဘုရားဖြစ်တော်မူပါ၏။ ကယ်တော်မူပါဟူ၍လည်း‌ေကာင်း ဆိုလေ့ရှိ သည်တကား။ 18 မမြင်နိုင်အောင်မျက်စိကိုလည်း‌ေကာင်း၊ နားမလည်နိုင်အောင်စိတ်နှလုံးကိုလည်း‌ေကာင်း၊ မွှေနှောက်တော်မူသဖြင့် ထိုသူတို့သည်မသိမမြင်၊ မဆင်မခြင်ကြသည်ဖြစ်၍၊ 19 ငါသည်ထက်ဝက်ကိုထင်းအဖြစ်မီးဆိုက်ပြီးလျှင်၊ မီးကျီးပေါ်တွင်မုန့်ပေါင်းချက်၍၊ အမဲသားကင်စားလေပြီ။ ကျန်ထက်ဝက်ကိုကား၊ ရွံရှာဖွယ်ဖြစ်စေလျက်၊ သစ်တုံးရှေ့ ပျပ်ဝပ်အပ်သလောဟု တွေးတောနိုင်အောင်အသိပညာ၊ ဉာဏ်ပဋိဘာန်ရှိသူတစ်ဦးတစ်ယောက်မျှ မရှိချေ။ 20 ပြာကိုသာ စားတတ်သောထိုသူသည် လှည့်စားခံရသောစိတ်ကြောင့်လမ်းလွဲ၍ ကိုယ့်အသက်ကိုမကယ်နိုင်။ ညာလက်ဖြင့် မိစ္ဆာအယူကိုစွဲကိုင်သည်မကိုင်သည်ဟု မတွေးတောတတ်ချေ။
21 အို ယာကုပ်အမျိုး၊ ဣသရေလအနွယ်၊ ငါ့ကျွန်ရင်းဖြစ်သည့်အတိုင်း၊ ဤအရာများကိုသတိရလော့။ ငါပြုပြင်၍၊ ကျွန်ရင်းဖြစ်သော ဣသရေလအနွယ်၊ သင့်ကိုငါမေ့လျော့မည်မဟုတ်။ 22 သင့်လွန်ကျူးမှုများကို မိုးသားကဲ့သို့လည်း‌ေကာင်း၊ ပြစ်မှုများကိုမိုးတိမ်ကဲ့သို့လည်း‌ေကာင်း၊ ငါဖြေဖျောက်လေပြီ။ သင့်ကိုငါရွေးနုတ်ပြီးဖြစ်သောကြောင့် ငါ့ထံသို့ပြန်လာလော့။ 23 အချင်းမိုးကောင်းကင် ကျူးဧလော့။ ထာဝရဘုရားထိုသို့စီရင်တော်မူပြီ။ အချင်းမြေပထဝီနက်ရှိုင်းရာများ၊ ကြွေးကြော်ကြလော့။ တောင်များမှစ၍၊ တောနှင့်တောရှိ အပင်ဟူသမျှတို့၊ ရွှင်လန်းစွာကျူးဧကြလော့။ ထာဝရဘုရားသည်ယာကုပ်အမျိုးကိုရွေးနုတ်တော်မူပြီ။ ဣသရေလအနွယ်ကြောင့်၊ ဘုန်းတော်ကိုထင်ရှားစေဦးမည်။
24 ဝမ်းတွင်းကပင်သင့်ကိုပြုပြင်၍ ရွေးနုတ်တော်မူသောအရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား၊ ငါသည်မိုးကောင်းကင်ကို၊ တစ်ပါးတည်းကြက်ခြင်း၊ မြေပထဝီကို၊ တစ်ဆူ တည်းဖြန့်ခြင်းမှစ၍ အရာခပ်သိမ်းကိုစီရင်တော်မူထသော၊ 25 မိစ္ဆာပရောဖက်တို့နိမိတ်များကို ပယ်ဖျောက်ခြင်း၊ ဗေဒင်တတ်တို့ကိုရူးသွပ်စေခြင်း၊ ပညာရှိတို့ကိုမှောက်လှန်၍၊ ၎င်းတို့ပညာကိုမိုက်စေခြင်းများပြုတော်မူထသော၊ 26 ကျွန်တော်ရင်းစကားကိုအတည်ပြု၍၊ တမန်တော်တို့ဆင့်ဆိုချက်ကို ပြည့်စုံစေတော်မူထသော၊ ယေရုရှလင်မြို့အားရည်လျက်၊ ထပ်မံစည်ပင်လိမ့်မည်ဟူ၍လည်း‌ေကာင်း၊ ယုဒမြို့ ရွာများအားရည်လျက်၊ ထပ်မံတည်ဆောက်မည်၊ မြို့ဆိုးကုန်းများကိုပင်ပြုပြင်ဦးမည်ဟူ၍လည်း‌ေကာင်း၊ 27 သမုဒ္ဒရာအားခန်းခြောက်စေ၊ ဆိုင်ရာရေအလျဉ်များကို ငါသွေ့ခြောက်စေမည်ဟူ၍လည်း‌ေကာင်း၊ 28 ကုရုမင်းအားရည်လျက်ယေရုရှလင်မြို့ကိုတည်ဆောက်စေ၊ ဗိမာန်တော်အမြစ်ချစေဟုအမိန့်ရှိသည်နှင့်၊ အလိုတော်ကိုပြီးမြောက်စေသောငါ၏အထိန်းအကျောင်းဟူ၍လည်း‌ေကာင်း၊ ဗျာဒိတ်ပေးတော်မူသောထာဝရဘုရားပေတည်းဟုမိန့်တော်မူ၏။