34
1 အချင်းလူမျိုးခြားတို့၊ ချဉ်းကပ်နာယူကြလော့။ အချင်းလူမျိုးတို့၊ နားထောင်ကြလော့။ မြေကြီးနှင့်ကြွယ်ဝပြည့်စုံသမျှ လောကနှင့်ပေါ်ပေါက်ဖြစ်ပွားသမျှတို့၊ နာယူပါစေသော၊
2 ထာဝရဘုရားသည် လူမျိုးခြားတို့အပေါ်၌ ဒေါသကိုလည်းေကာင်း၊ ချင်းတို့အလုံးအရင်းအပေါ်၌ အမျက်ကိုလည်းေကာင်း၊ ထားလျက်၊ ကွပ်မျက်၍ မြေလှန်တော်မူသဖြင့်၊
3 ထိပါးခံရသူတို့အလောင်းများကိုထုတ်ပစ်ကြရာ၊ ပုပ်နံ့လှိုင်လျက်တောင်တန်းတစ်ေလျှာက်သွေးချောင်းစီးလိမ့်မည်။
4 မိုးကောင်းကင်သည်စာလိပ်ကဲ့သို့လိပ်သွားလျက်၊ ကမ္ဘာ့တန်ဆာရှိသမျှလည်းဆွေးမြေ့၍၊ စပျစ်ရွက်၊ သဖန်းရွက်ညှိုးနွမ်းကြွေကျသကဲ့သို့၊ ညှိုးနွမ်းကြွေကျလိမ့်မည်။
5 အသို့ဆိုသော်၊ ဓားတော်သည်ကောင်းကင်၌ ဒေါသယစ်လျက်၊ မြေလှန်ခဲ့သောဧဒုံလူမျိုးတို့အပေါ်တွင် အစီအရင်သင့်ရောက်ရာ၊
6 ထာဝရဘုရားသည် ဗောဇမြို့၌ယဇ်ပွဲ၊ ဧဒုံပြည်၌ပြင်းထန်သောလုပ်ကြံပွဲကိုခံတော်မူရသည့်အလျောက်၊ သိုးဆိတ်များသွေးနှင့်လည်းေကာင်း၊ သိုးထီးများကျောက်ကပ်ဆီဥနှင့်လည်းေကာင်း ဆီသုတ်လျက်အသွေးပြည့်ဝသောဓားတစ်စင်းရှိတော်မူ၍၊
7 စိုင်၊ နွား၊ ဥသဘများတို့ပါ ၎င်းတို့နှင့်အတူ သုတ်သင်ခံရသဖြင့်၊ နေပြည်သည်အသွေးယစ်ဝလျက်၊ မြေလည်းဆီဥထုံလျက်ရှိလိမ့်မည်။
8 ဇိအုန်မြို့နှင့်ဘက်ပြိုင်မှုကိုအရေးယူ၍၊ ထာဝရဘုရားလက်စားချေတော်မူမည့် နေ့ရက်ကာလ၊ ဆပ်ပေးတော်မူမည့် နှစ်ကာလရောက်ပြီးသောကြောင့်၊
9 ဆိုခဲ့သောပြည်ရှိမြစ်များသည် ကတ္တရာစေး၊ မြေလည်းကန့်ဖြစ်လျက်၊ တစ်ပြည်လုံးကတ္တရာစေးဖြစ်သည့်အတိုင်း၊
10 နေ့ညဉ့်မပြတ် မငြိမ်းဘဲမီးလောင်သဖြင့်၊ လူမျိုးအဆက်ဆက်အခိုးတက်လျက်၊ မည်သူမျှမေလျှာက်မသွားဝံ့ဘဲ ကာလအစဉ်ဆိတ်ညံရာဖြစ်လိမ့်မည်။
11 ဝံပိုနှင့်ဗျိုင်းတို့သည်အပိုင်ရ၍၊ ဇိကွက်နှင့်ကျီးအတို့လည်းနားနေရာရသည့်ပြင်၊ ရောထွေးခြင်းဆိုင်ရာတာကြိုး၊ လဟာဆိုင်ရာချိန်သီးဖြင့်သတ်မှတ်တော်မူလိမ့်မည်။
12 မင်းအရာ၌ချီးမြှောက်ရန်မှူးမတ်မရှိ၊ အမတ်မျိုးသုန်းလိမ့်မည်။
13 ဘုံဗိမာန်များ၌ဆူးပင်၊ ခံတပ်များ၌ ဖက်ယားပင်၊ ပေါင်းပင်များပေါက်ရောက်သဖြင့်၊ ခွေးအနှင့်ငှက်ကုလားအုပ်တို့အောင်းရာဖြစ်လျက်၊
14 တောကြောင်နှင့်ခွေးအတို့တွေ့ဆုံရာ၊ နတ်မိစ္ဆာအချင်းချင်းကြုံကြိုက်၍၊ ငှက်ဘီးလူးမရပ်တန့်လျက်နေရာကျသည့်ပြင်၊
15 မြို့ရိပ်တွင်ဆင်ပစ်မြွေသည် အသိုက်လုပ်ခြင်း၊ ဥခြင်း၊ သားပေါက်ခြင်း၊ ဝပ်ခြင်းများကိုပြု၍၊ စွန်တို့လည်းဖိုမအစုံစုရုံးကြလိမ့်မည်။
16-17 ထာဝရဘုရား၏ ကျမ်းစာတော်ကိုစူးစမ်း၍ ဖတ်ကြလော့။ နှုတ်တော်ဖြင့် မိန့်ဆိုခြင်း၊ ဝိညာဉ်တော်ဖြင့်စုရုံးခြင်း၊ လက်တော်မဲချ၍နေရာကို တိုင်းတာဝေငှခြင်း ပြုတော် မူသည့်အတိုင်း၊ တစ်ကောင်မျှမယုတ်၊ ဖိုမအစုံဖြစ်သောထိုအကောင်များသည်၊ ထာဝရအပိုင်ရ၍ အမျိုးအဆက်ဆက်ရှိနေကြလိမ့်မည်။