33
အလုအယက်မခံဘူးသောလုယက်တတ်သူ၊ တရားဖျက်မခံဘူးသောတရားဖျက်သူ၊ သင်သည် အမင်္ဂလာရှိ၏။ လုယက်ပြီးသည့်နောက်၊ လုယက်ခြင်းကိုလည်း‌ေကာင်း၊ တရားဖျက်ပြီးသည့်နောက်၊ တရားဖျက်ခြင်းကိုလည်း‌ေကာင်း ခံရလိမ့်မည်။ အိုထာဝရဘုရား၊ ကိုယ်တော်ကိုစောင့်မြော်ကြသည့်အတိုင်း၊ အကျွန်ုပ်တို့အပေါ်သို့ ကရုဏာသက်တော်မူပါ။ နံနက်တိုင်း၊လူမျိုးတော်၏လက်ရုံးဖြစ်လျက်၊ ဒုက္ခရောက်သောအခါ၊ အကျွန်ုပ်တို့၏ကယ်တင်ရာကယ်တင်ကြောင်းဖြစ်တော်မူပါ။ အသံဗလံတော်ကြောင့် လူမျိုးတို့ပြေးသွားရလျက်၊ ထကြွတော်မူခြင်းကြောင့်လူမျိုးခြားတို့လွင့်သွားရလျက်၊ ကျိုင်းကောင်များစုတ်ယူသကဲ့သို့လည်း‌ေကာင်း၊ နှံကောင်များ ကိုးရိုးကားရား ကျော်နင်းသကဲ့သို့လည်း‌ေကာင်း၊ ဥစ္စာများကိုစုတ်ယူကျော်နင်းခံရကြလိမ့်မည်။ ထာဝရဘုရားသည် မြင့်မြတ်တော်မူ၏။ မြင့်ရာ၌စံနေ၍၊ ဇိအုန်မြို့ကိုတရားစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့်ပြည့်စေတော်မူသည့်အလျောက်၊ သင့်လက်ထက်တည်မြဲတည်၍၊ ကယ်တင်ခြင်း၊ ဉာဏ်ပညာ၊ အသိပညာကြွယ်ဝလိမ့်မည်။ ထာဝရဘုရားကိုခန့်ညားသောသဘောသည် လူမျိုးတော်၏ ဘဏ္ဍာဖြစ် လိမ့်မည်။
သူရဲတို့သည်ပြင်ပကအော်ဟစ်၍၊ ရန်ဖြေမည့်ရာဇသံတို့လည်းသည်းစွာငိုကြွေးရကြ၏။ ရန်ဘက်သည် ပဋိညာဉ်ဖောက်ကျော်၍ ခံမြို့များကိုအလေးမမူဘဲ၊ လူသူကိုပမာဏမပြုသောကြောင့်၊ ခရီးသည်ပြတ်စဲ၍ လမ်းများခြောက်လေ၏။ နေပြည်သည် မြည်တမ်းအားလျော့သည်နှင့် လေဗနုန်တောရှက်ကြောက်ညှိုးနွမ်းခြင်း၊ ရှာရုန်မြိုင်သဲကန္တာရဖြစ်ခြင်း၊ ဗာရှန်တောင်နှင့်ကရမေလတောင်သစ်ရွက်ကြွေ ကျခြင်း၊ ခံရကြရာ၊ 10 ထာဝရဘုရားကယခုပင်ငါထမည်။ ယခုပင်ငါကြွမည်။ ယခုပင်ကိုယ်ကိုချီးမြှောက်မည်။ 11 သင်တို့သည် ဖွဲကိုသန္ဓေလွယ်၍၊ မုန်ကာကိုဖွားမြင်ကြမည်။ ထွက်သက်လည်းကိုယ်ကိုကျွမ်းလောင်အံ့သောမီးဖြစ်၏။ 12 လူမျိုးခြားတို့သည် ဖုတ်သောထုံးမုန့်ကဲ့သို့လည်း‌ေကာင်း၊ ခုတ်လှဲ၍လောင်စွဲသော ဆူးမှိုက်ကဲ့သို့လည်း‌ေကာင်း ဖြစ်လိမ့်မည်။ 13 ဝေးသောလူတို့၊ ငါပြုသောအမှုကိုကြားကြလော့။ နီးသောသူတို့၊ ငါ့တန်ခိုးကိုသိကြလော့ဟုမိန့်တော်မူ၏။
14 ဇိအုန်မြို့ရှိအပြစ်သားတို့နှင့် လူသရော်လူပျက်တို့က၊ ကြောက်ရွံ့တုန်လှုပ်လျက်၊ ငါတို့အနက်၊ ကျွမ်းလောင်သောမီးနှင့်အတူမည်သူနေနိုင်သနည်း။ ထာဝရတောက် လောင်ခြင်းနှင့်အတူ၊ မည်သူနေနိုင်သနည်းဟူရာ၌၊ 15 ဖြောင့်မတ်စွာကျင်လည်တတ်သူ၊ ဟုတ်မှန်စွာပြောဆိုတတ်သူ၊ ညှဉ်းပန်းခြင်းအခကိုရွံ့ရှာတတ်သူ၊ တံစိုးကို မခံဘဲ လက်လှန်တတ်သူ၊ သွေးသွန်းပြစ်မကြားအောင် နားအုပ်တတ်သူ၊ အဆိုးကိုမမြင်အောင် မျက်စိပိတ်တတ်သူတို့တည်း။ 16 ထိုသို့သောသူသည် မြင့်ရာ၌ နေထိုင်လျက်၊ ခိုလှုံရာကျောက်တောင်တွင်ခံတပ်သဖွယ်ရလျက်၊ အစာအာဟာရကိုခံစား၍ သောက်ရေကိုလည်းအမြဲရလိမ့်မည်။ 17 သင်သည် ရှုချင်ဖွယ်ဘုရင်ကိုဒိဋ္ဌဖူးမြင်ခွင့်၊ ကျယ်ဝန်းသောပြည်ကိုကြည့်မြင်ခွင့်၊ 18 စာရင်းကိုင်၊ အခွန်ကောက်၊ ပြအိုးရေတွက်သူများတို့သည် အဘယ်နည်းဟူ၍လွန်ပြီးဘေးကို ဆင်ခြင်ခွင့်ရသည်နှင့်၊ 19 မကြားလောက်အောင်နက်သောအသံ၊ နာမလည်နိုင်အောင် စကားထွေးသုံးသောလူရိုင်းမျိုးကိုတွေ့ရဦးမည်မဟုတ်၊ 20 ငါတို့ကျင်းပရာဇိအုန်မြို့တော်ကိုမြော်စောလော့။ အခါခပ်သိမ်းကြက်ဆူးမကျွတ်၊ ကြိုးမပြတ်၊ ရွှေ့စိုက်ခြင်းကင်းသော တဲရှင်သဖွယ်၊ ချမ်းသာရာယေရုရှလင်မြို့တော်ကို ဒိဋ္ဌမြင်ရလိမ့်မည်။ 21 ထိုမြို့တွင်ဘုန်းကြီးတော်မူသောထာဝရဘုရားသည်၊ ငါတို့အဖို့ကျယ်ဝန်းသောကျုံးမြစ်အစားဖြစ်တော်မူလျက်၊ ရဲလှေလှော်ကား၊ တင့်တယ်သောစစ်သင်္ဘောတစ်စင်း မျှမစုန်မဆန်ရ။ 22 အသို့ဆိုသော် ထာဝရဘုရားသည် ငါတို့၏ တရားမင်း၊ ထာဝရဘုရားသည် ငါတို့၏ဥပဒေရှင်၊ ထာဝရဘုရားသည် ငါတို့၏ဘုရင်ဖြစ်၍၊ ကယ်တင်တော်မူလိမ့်မည်။ 23 ချင်းတို့ရွက်ကြိုးများပြုတ်သဖြင့်၊ ရွက်တိုင်ခိုင်ခံ့စွာမနှောင်မတုပ်။ ရွက်လံကိုလည်းမတင်မဖြန့်ရ။ ထိုကာလမူကား၊ ခြေဆွံ့သောသူတို့ပင်လုယူနိုင်သည့်တိုင်အောင်၊ များပြားသောလက်ရဥစ္စာဝေငှရန်ရှိလိမ့်မည်။ 24 မြို့သူမြို့သားတို့က၊ ငါနာသည်ဟုဆိုရန်အကြောင်းမရှိ။ နေထိုင်သူတို့လည်း အပြစ်လွတ်ခွင့်ရကြလိမ့်သတည်း။