35
1 သဲတောနှင့်သွေ့ခြောက်ရာအရပ်မူကား ဝမ်းမြောက်၍၊ သဲကန္တာရလည်းဆီးပွင့်သဖွယ်ပွင့်လျက် ရွှင်လန်းလိမ့်မည်။
2 စည်ပင်ပွင့်လန်း၍ အားရရွှင်လန်းစွာကြွေးကြော်လိမ့်မည်။ လေဗနုန်တော၏ဘုန်းနှင့်လည်းေကာင်း၊ ကရမေလတောင်၊ ရှာရုန်မြိုင်၏ဂုဏ်နှင့်လည်းေကာင်း ပြည့်ဝလျက်၊ ထာဝရဘုရား၏ ဘုန်းတော်၊ ငါတို့ဘုရားသခင်၏ဂုဏ်တော်ကို ဖူးမြင်ရကြကုန်အံ့။
3 မသန်စွမ်းသော လက်များကိုခိုင်ခံ့စေလျက်၊ နုန့်နဲ့သောဒူးဆစ်များကို တည့်မတ်စေလော့။
4 နှလုံးတုန်သောသူတို့အား၊ ကြောက်ရွံ့ခြင်းကင်းလျက်အားယူကြလော့။ သင်တို့ဘုရားသခင်သည်လက်စားချေရန်လည်းေကာင်း၊ တန်ခိုးကြီးစွာဆပ်ပေးရန်လည်းေကာင်း၊ ကြွရောက်တော်မူလိမ့်မည်။ ကြွရောက်ကယ်တင်တော်မူသောအရှင်ကား၊ ကိုယ်တော်ပေတည်းဟုဆိုကြလော့။
5 ထိုအခါ၊ မျက်မမြင်တို့သည် မျက်စိလင်းခွင့်၊ နားပင်းသူတို့သည် နားပွင့်ခွင့်၊
6 ခြေဆွံ့သူတို့သည် သမင်ဒရယ်ကဲ့သို့ ခုန်လွှားခွင့်၊ စကားအသူတို့သည် ကြွေးကြော်ခွင့်ရကြလိမ့်မည်။ သဲတော၌စမ်းရေ၊ သဲကန္တာရ၌ချောင်းရေပေါက်စီးသည့်ပြင်၊
7 သွေ့ယောင်းရာအရပ်၊ အိုင်၊ ရေခေါင်ရာအရပ်၊ စမ်းတွင်း ဖြစ်သဖြင့်၊ ခွေးအတို့အောင်းရာအရပ်၌၊ မြက်ပင်၊ ကျူပင်၊ ကြိမ်ပင်များပေါက်ရောက်လိမ့်မည်။
8 ထိုအရပ်၌ လမ်းမတော်ရှိသည်နှင့် သီးသန့်ထားရာလမ်းဟု သမုတ်၍၊ မစင်ကြယ်သူတို့မေလျှာက်ကြရ။ ကိုယ်တော်တိုင်လိုက်ကြွတော်မူသဖြင့်၊ မိုက်မဲသူတို့ပင်လမ်း မလွဲရ။
9 ခြင်္သေ့မှစ၍ ငမ်းစမ်းသောသားရဲ တစ်ကောင်မျှမတက်မသန်းရ။ တွေ့လည်းမတွေ့ရချေ။ အရွေးခံရသူတို့သာလျှင် ေလျှာက်သွားခွင့်ရလျက်၊
10 ထာဝရဘုရားနုတ်တော်မူသောသူတို့သည် ပြန်လာရာ၊ ရွှင်လန်းခြင်းသရဖူကို အမြဲဆောင်း၍၊ ဇိအုန်မြို့သို့ကြွေးကြော်လျက်လာရာက်ကြလိမ့်မည်။ ဝမ်းမြောက်ခွင့်၊ ရွှင်လန်းခွင့်ရသဖြင့်၊ ပူဆွေးခြင်း၊ မြည်တမ်းခြင်းသည် ဆုတ်ပြေးရလတ္တံ့။