32
နောင်ကာလမင်းတစ်ပါးသည် ဖြောင့်မတ်စွာမင်းမူလျက်၊ မှူးမတ်တို့လည်းတရားအတိုင်းအုပ်စိုးလျက်၊ လေကွယ်ရာ၊ မိုးခိုရာသဖွယ်၊ သွေ့ခြောက်သောအရပ်၌ ချောင်းရေသဖွယ်၊ နေပြင်းသောပြည်တွင်ကျောက်တောင်ကြီးအရိပ်သဖွယ်၊ အသီးသီးဖြစ်သည့်ပြင်၊ မျက်မြင်သူတို့သည် ကြည့်မြင်ခြင်း၊ နားကြားသူတို့သည် နားထောင်ခြင်း၊ စိတ်လျင်လွန်သူတို့သည် အသိဉာဏ်ရခြင်း၊ နှုတ်ဆွံ့သူတို့သည် လျှာသွက်ခြင်းရှိကြလိမ့်မည်။ သူယုတ်ကို သူမြတ်ဟူ၍လည်း‌ေကာင်း။ လိမ်လည်သူကိုသူတော်ကောင်းဟူ၍လည်း‌ေကာင်း၊ ခေါ်ဦးမည်မဟုတ်။ အသို့ဆိုသော်၊ သူယုတ်သည်စကားယုတ်ဆိုလျက်၊ စိတ်နှလုံးဖြင့်ဒုစရိုက်ကိုကြံစည်၍ လှောင်ပြောင်ခြင်း၊ ထာဝရဘုရားအားမှောက်မှားပြောဆိုခြင်း၊ မွတ်သိပ်သူ့ကို ဆာလောင်စေခြင်း၊ ရေငတ်သူ့ကို ခေါင်းပါးစေခြင်းများကိုပြုလေ့ရှိ၏။ လိမ်လည်သူ၏ အလေ့အလာလည်း ဆိုးသွမ်း၍၊ မှန်ကန်စွာလဲလျောက်သောဆင်းရဲသားကို၊ မုသာဖြင့် ပယ်ပစေရန် စဉ်းလဲကြံစည်တတ်၏။ သူမြတ်မူကား၊ သင်္ဂဟတရားအတိုင်း ကြံစည်၍၊ ထိုတရား၌ပင်တည်နေသတည်း။
ချမ်းသာစွာနေထိုင်သောမိန်းမတို့၊ ငါ့မြွက်ဆိုသံကို ထရပ်၍နာယူကြလော့။ လျစ်လျူနေသောသတို့သမီးတို့၊ ငါ့စကားကိုနားထောင်ကြလော့။ 10 အိုလျစ်လျူနေသောမိန်းမတို့၊ တစ်နှစ်လွန်လျှင် အသီးသုန်းခြင်း၊ စပျစ်သီးခေါင်းပါးခြင်းဖြစ်အံ့သောကြောင့် တုန်လှုပ်ကြရလိမ့်မည်။ 11-13 ချမ်းသာစွာနေထိုင်သောမိန်းမတို့၊ ချောက်ချားကြလော့။ လျစ်လျူသူတို့၊ တုန်လှုပ်ကြလော့။ နှစ်သက်ဖွယ်လက်ရာနှင့်အသီးများသောစပျစ်ပင်ကိုလည်း‌ေကာင်း၊ ဆူးပင်၊ ရှား စောင်းပင်များပေါက်ရောက်သောငါ့လူမျိုးချင်းတို့မြေရာကိုလည်း‌ေကာင်း၊ ရွှင်လန်းဖူးသောရွှေမြို့တော်ရှိ၊ ပျော်မွေ့ခဲ့ရာတိုက်အိမ်များကိုလည်း‌ေကာင်း လွမ်းဆွတ်လျက်၊ အဝတ်တန်ဆာ ရှိသမျှ ချွတ်လဲ၍၊ ခါးစည်းခြင်း၊ ရင်တီးခြင်းများကိုပြုကြလော့။ 14 နန်းတော်ကိုစွန့်ခြင်း၊ မြို့၏အသံဗလံဆိတ်ခြင်းဖြစ်သည့်ပြင်၊ ကင်းတပ်နှင့်တည်ဆောက်ရာကုန်းပါ၊ မြင်းရိုင်းမြူးထူးရာ၊ သိုးဆိတ်ထိန်းကျောင်းရာချိုင့်၊ အမြဲဖြစ်ပြီးမှ၊ 15 ဝိညာဉ်တော်ကိုဘဝဂ်ကငါတို့အပေါ်သို့ သွန်းလောင်းတော်မူသဖြင့်၊ သဲတောသည် ခြံဖြစ်လျက်၊ ယခုခြံမြိုင်ဟုမှတ်ဖွယ်ရှိလိမ့်မည်။ 16 ထိုကာလ၊ တရားစောင့်ခြင်းသည် တောရောက်တည်လျက်၊ ဖြောင့်မတ်ခြင်းလည်း ခြံရောက်နေလျက်၊ ဖြောင့်မတ်ခြင်း၏အကျိုးဆက်ကား၊ 17 ထာဝရလုံခြုံခြင်း၊ ငြိမ်သက်ခြင်၊ စိတ်ချခြင်းဖြစ်သည်နှင့်၊ 18 ငါ့လူမျိုးချင်းတို့သည် လုံခြုံရာအရပ်၊ စိတ်ချရာဌာန၊ ချမ်းသာရာသိုက်မြုံ၌၊ နေထိုင်ခွင့်ရှိကြလိမ့်မည်။ 19 သို့ရာတွင် မိုးသီးကျသဖြင့်၊ တောပိတ်ပေါင်းရှင်းလင်း၍၊ မြို့လည်းပြိုပျက်နှင့်လိမ့်မည်။ 20 ရေဝင်မြေအရပ်ရပ်တွင် မျိုးကြဲခွင့်၊ နွားမြည်းလွှတ်ထားခွင့်ရသော၊ သင်တို့သည်မင်္ဂလာရှိကြသတည်း။