31
စစ်ကူရရန် အိဂျစ်ပြည်သို့ဆင်းသွား၍၊ မြင်းတပ်ကိုအားကိုးလျက်၊ များပြားသော စစ်ရထားကိုလည်း‌ေကာင်း၊ စွမ်းရည်ကောင်းသော ရဲမြင်းတို့ကိုလည်း‌ေကာင်း ခိုလှုံလျက်၊ ဣသရေလလူ မျိုး၏ သန့်ရှင်းသောအရှင်ကိုမစောင့်မမြော်၊ ထာဝရဘုရားထံ မမေးမလျှောက်သူတို့သည် အမင်္ဂလာရှိကြ၏။ ကိုယ်တော်သည် ဉာဏ်ပညာကျယ်ဝန်း၍၊ ပြဋ္ဌာန်းတော်မူချက်ကိုမလွှဲဘဲ၊ ဘေးသင့်စေလျက်၊ ဆိုးသွမ်းသောလူမျိုးတစ်ဘက်၌လည်း‌ေကာင်း၊ ဒုစရိုက်ပြုကျင့်သူတို့ကို ကူညီသူတို့ တစ်ဘက်၌လည်း‌ေကာင်း၊ ထရပ်တော်မူလိမ့်မည်။ အိဂျစ်ပြည်သားတို့သည် ဘုရားမဟုတ်၊ လူသက်သက်ဖြစ်ကြ၏။ မြင်းများလည်းနတ်မြင်းမဟုတ်၊ ပြကတေ့မြင်းဖြစ်သည့်အတိုင်း၊ လက်ရုံးတော်ကိုထာဝရဘုရားဆန့်တန်းတော်မူသော်၊ ကူညီဘက်တို့ထိလဲလျက်၊ ကူညီခံရသူတို့ပြိုလဲလျက်၊ နှစ်ဦးလုံးပင်အတူပျက်စီးကြလိမ့်မည်။ ငါ့အားထာဝရဘုရားမိန့်တော်မူသည်ကား၊ ခြင်္သေ့အိုနှင့်ခြင်္သေ့ပျိုတို့သည်၊ သားကောင့်အပေါ်တွင်ဟိန်းသောအခါ၊ ခေါ်ရာပါ၍ စုရုံးသောအထိန်းအကျောင်းတို့ ခြိမ်း ချောက်သံကို မကြောက်မရွံ့၊ မာန်မလျော့ဘဲနေသည့်နည်းတူ၊ ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရားသည်၊ ဇိအုန်တောင်တော်ပေါ်သို့စစ်တိုက်ရန်ဆင်းသက်တော်မူလိမ့်မည်။ ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရားသည်၊ အတောင်ဖြန့်မိုးသောငှက်မကဲ့သို့။ ယေရုရှလင်မြို့ကိုလွှမ်းအုပ်စောင့်ရှောက်ကယ်တင်၍၊ လွတ်မြောက်စေတော်မူလိမ့်မည်။ အိုဣသရေလအမျိုးသားတို့၊ ငါ့တစ်ဘက်၌ ေဖာက်ပြန်၍ ပုန်ကန်သူတို့၊ ငါ့ထံသို့ပြန်ဝင်ကြလော့။ ထိုကာလ၊ အသီးအသီးတို့သည်၊ မှားယွင်းရာကိုယ့်လက်ဖြစ်ရွှေရုပ်တု၊ ငွေရုပ်တုများကိုစွန့်ပစ်ကြလိမ့်မည်။ အာရှုရိလူမျိုးလည်း လူ့ဓားစာမဟုတ်၊ ဓားတော်စာဖြစ်လျက်ကျဆုံးရာ၊ ဓားဘေးမှပြေးကြသောလက်ရွေးတို့သည်၊ လမိုင်းအမှုထမ်းဖြစ်ရကား၊ ထိတ်လန့်သဖြင့် ထိုလူမျိုး၏ကျောက်တောင်ကွယ်လွန်၍၊ အလံကိုလှဲချရာမှူးမတ်တို့ထိတ်လန့်ကြအံ့ဟု၊ ဇိအုန်တောင်ပေါ်မှာမီးလျှံ၊ ယေရုရှလင်မြို့၌ မီးဖိုပိုင်သော ထာဝရဘုရားမိန့်တော်မူ၏။