2
1 ထိုလဲလျှောက်ချက်နှင့်စပ်လျဉ်း၍ မည်သို့မိန့်ဆိုတော်မူမည်ကိုလည်းေကာင်း၊ ငါလည်းမည်သို့တုံ့ပြန်မည်ကိုလည်းေကာင်း၊ သိမြင်ရန်၊ ကိုယ့်မျှော်စင်ပေါ်တွင်တည်ေနလျက်၊
2 ကင်းစင်ပေါ်တွင်ရပ်တန့်လျက်ငါရှိစဉ်၊ ထာဝရဘုရားက၊ ရူပါရုံဗျာဒိတ်တော်ကိုအသော့ဖတ်ရွတ်နိုင်စေခြင်းငှာ၊ သင်ပုန်းတွင်ရှင်းလင်းစွာအက္ခရာတင်လော့။
3 ထိုရူပါရုံသည်၊ ချိန်းချက်သောကာလ၌၊ အထမမြောက်ခြင်းကင်းလျက်လျင်မြန်စွာ ပြီးစီးလိမ့်မည်။ ဖင့်နွှဲ့သော်လည်း စောင့်မြော်လော့။ နောက်မကျဘဲအတည် ဖြစ်လိမ့်မည်ဟု၊ တုံ့ပြန်၍ ဗျာဒိတ်ပေးတော်မူသည်မှာ၊ ဖြောင့်မတ်သူသည်၊
4 သစ္စာစောင့်ခြင်းအားဖြင့်အသက်ရှင်ရသော်လည်း၊ ထိုလူမျိုးကား၊ စိတ်သဘောမဖြောင့်မမှန်ဘဲမောက်မာလျက်၊
5 သစ္စာပျက်စေသောစပျစ်ရည်အလိုက်၊ နေရာရင်း၌ မနေဘဲ ထောင်လွှားတတ်သောသူ၊ သေမင်းကဲ့သို့မရဏာ့နိုင်ငံနှင့်အမျှ ဝမ်းကျယ်လျက် ချင်ရဲမပြေသောသူ၊ လူမျိုးတကာတို့ကို စုရုံးသိမ်းသွားသောသူများဖြစ်ကြသည်တကား။ ထိုလူမျိုးတကာတို့သည်၊
6 ပြက်ရယ်ရာတေး၊ သရော်ရာစကားဝှက်ကို ဖွဲ့ဆိုကြမည်မဟုတ်လော။ ၎င်းတို့က၊ ကိုယ်မပိုင်ရာအမြောက်အမြားကို လုယက်လျက်၊ အပေါင်ခံဝန်ကို ထမ်းဆောင် သော သင်သည်၊ အမင်္ဂလာရှိ၏။ မည်မျှကြာဦးမည်နည်း။
7 သင့်ကိုလုယူရာဥစ္စာအဖြစ်ထားလျက်၊ အတိုးစားသူ၊ အရိုးတုန်သူတို့သည်၊ ရှောင်တခင်ထကြွပေါ်ထွန်းကြမည်မဟုတ်လော။
8 လူတို့၏သွေးသွန်းမှု၊ နေပြည်နှင့်မြို့ရွာမှစ၍နေထိုင်သမျှသောသူတို့၌ ပြုခဲ့သည့်ကြမ်းကြုတ်မှုအတွက်လည်းေကာင်း၊ မြောက်မြားသောလူမျိုးတို့အားပြုခဲ့သောလုယက်မှုအတွက် လည်းေကာင်း၊ ထိုလူမျိုးများ၏အကြွင်းအကျန်တို့သည်၊ သင်၌လုယက်မှုကို တုံ့ပြန်ရကြလတ္တံ့။
9 ဘေးလွတ်ရန်အကြံနှင့်၊ မြင့်ရာအရပ်၌ သိုက်မြုံလုပ်ရအံ့သောငှာ ကိုယ့်အဆက်အနွယ်အကျိုးအဖို့၊ မတရားလုယက်ယူငင်သောသင်သည်၊ အမင်္ဂလာရှိ၏။
10 မြောက်မြားသောလူမျိုးတို့ကိုပယ်ရှားရာ၌၊ သင်သည် ကိုယ့်အဆက်အနွယ်အကျိုးယုတ်ကြံဆောင်ရာ၊ ကိုယ့်အသက်အန္တရာယ်ရှာကြံရန် ရောက်ခဲ့လေစွ။
11 တိုက်အိမ်နံရံရှိ ကျောက်သည် ဟစ်ခြင်း၊ ခေါင်ရှိဒိုင်းကျားလည်း ထောက်ခံခြင်းကိုပြုလိမ့်တကား။
12 မြို့ကို သွေးသွန်းမှုနှင့်တည်လျက်၊ ရွာကို ဒုစရိုက်မှုနှင့်ထောင်သောသင်သည်၊ အမင်္ဂလာရှိ၏။
13 လူမျိုးများသည် မီးလောင်စာအတွက်လည်းေကာင်း၊ လူစုတို့သည် အချည်းအနှီးအတွက်လည်းေကာင်း၊ ပင်ပန်းစွာလုပ်ကိုင်ကြသည့်အကြောင်းကား၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားထံမှ ဖြစ်သည်မဟုတ်လော။
14 ရေသည် သမုဒ္ဒရာပေါ်မှာ လွှမ်းသကဲ့သို့၊ မြေကြီးလည်း ထာဝရဘုရား၏ဘုန်းတော်ကို သိကျွမ်းခြင်းနှင့် ပြည့်လျက်ရှိလိမ့်တကား။
15 ပြည်နီးချင်းတို့အဝတ်အချည်းစည်းအဖြစ်ကို ရှုကြည့်ရအံ့သောငှာ၊ မူးယစ်သည့်တိုင်အောင်၊ ကိုယ့်ဒေါသအမျက်နှင့်ရောစပ်သည့်၊ ကိုယ့်အရည်ကိုတိုက်သော သင်သည်၊ အမင်္ဂလာရှိ၏။
16 သင်လည်း အသရေအစားအရှက်နှင့်ပြည့်ဝလိမ့်မည်။ မလှီးဖြတ်ခြင်းအဖြစ်ထင်ရှား၍၊ အသရေပေါ်တွင်အရှက်လွှမ်းမိုးသည့်တိုင်အောင်၊ ညာလက်နှင့် လွှဲတိုက်တော်မူမည့်၊ ထာဝရဘုရား၏ဖလားတော်ကို သောက်လေတော့။
17 လူတို့၏သွေးသွန်းမှု၊ နေပြည်နှင့်မြို့ရွာမှစ၍ နေထိုင်သမျှသောသူတို့၌ ပြုခဲ့သည့်ကြမ်းကြုတ်မှုအတွက်၊ သင်သည် လေဗနုန်တော၌ ပြုခဲ့သော ကြမ်းကြုတ်ခြင်းကို လွှမ်းခြုံလျက်၊ သားယဉ်သားရဲတို့၌ ပြုခဲ့သည့်အတိုင်း ပျက်စီးခြင်းကြောင့်၊ ထိတ်လန့်ရလိမ့်မည်။
18 ရုပ်ပွားသည်၊ ထုလုပ်သောပန်းပုကိုယ်၌လည်းေကာင်း၊ ဆင်းတုနှင့် မိစ္ဆာဟောဘုရားတို့သည်၊ စကားမပြောနိုင်သောအရာများကိုအားကိုး၍ သွန်းလုပ်သောပန်းတည်း၌လည်းေကာင်း မည်သည့်အကျိုးပေးနိုင်သနည်း။
19 သစ်ရုပ်တုအားနိုးလော့ဟူ၍လည်းေကာင်း၊ စကားမပြောနိုင်သောကျောက်ရုပ်တုအား ထလော့ဟူ၍လည်းေကာင်း၊ လျှောက်ဆိုသောသင်သည်၊ အမင်္ဂလာရှိ၏။ အဇ္စျတ္တ၌ သက်ဇီဝမရှိဘဲ၊ ရွှေငွေနှင့်မွမ်းမံသော ထိုအရာသည် ဩဝါဒပေးနိုင်သလော။
20 သန့်ရှင်းသောဗိမာန်တော်၌မူကား၊ ထာဝရဘုရားစံနေတော်မူ၏။ အချင်းမြေတစ်ပြင်လုံး၊ ရှေ့တော်တွင်ဆိတ်ဆိတ်နေလော့ဟုဖွဲ့ဆိုကြမည်ဟူ၍တည်း။