3
1 ပရောဖက် ဟဗက္ကုတ်၏ကာရံထောင့်၊ ပဌနာချက်ကိုဆိုဦးအံ့။
2 အိုထာဝရဘုရား။ အကျွန်ုပ်သည် ကိုယ်တော့်အကြောင်းကို သတင်းကြား၍ကြောက်ရွံ့ပါပြီ။ ထိုထာဝရဘုရား။ ပြုစုခဲ့သောအမှုကို၊ နှစ်တာအလယ်တွင်ပြုပြန်တော်မူပါ။ ထိုနှစ်တာအလယ်တွင် ဘော်ပြတော်မူပါဦး။ အမျက်ထားလျက်ပင်၊ ကရုဏာတော်ကိုသတိရတော်မူပါ။ ။
3 ဘုရားသခင်သည် တမန်ပြည်မှ၎င်း၊ သန့်ရှင်းသောအရှင်သည် ပါရန်တောင်မှ၎င်း၊ ကြွလာတော်မူရာ အာကာသသည် ဘုန်းတော်နှင့်လွှမ်းလျက်။ ပထဝီလည်း ဂုဏ်တော်နှင့်ပြည့်လျက်ရှိ၏။
4 ဝဲယာတော်၌ လျှပ်စစ်လျှပ်သကဲ့သို့ လွှတ်တော်မူသော ရောင်ခြည်သည်။ အစွမ်းသတ္တိတော်၏အကွယ်အကာဖြစ်၏။
5 ကပ်ရောဂါသည် ရှေ့တော်မှ၎င်း၊ ဒဟတေဇောနောသည် စက်တော်မှ၎င်း၊ ထွက်ရာ။ ရပ်တန့်တော်မူသော်။
6 မြေပထဝီသည် လှုပ်ရှားရ၏။ ရှုကြည့်တော်မူသော်။ လူမျိုးတို့သည် လန့်ခုန်ခြင်း၊ တည်ဦးကတောင်များသည် ကွဲပြိုခြင်း၊ ရှေးမဆွကကုန်းများသည် ဝပ်လျှိုးခြင်းကို ပြုရကြ၏။ ရှေးမဆွကပင် နည်းလမ်းတော်သည်၊ ထိုအတိုင်းတည်း။
7 ကုရှန်လူမျိုးတို့၏တဲများသည်ဒုက္ခရောက်၍။ မိဒျန်ပြည်ရှိတင်းတိမ်ရံများလည်း တုန်လှုပ်သည်ကို၊ အကျွန်ုပ်မြင်ရ၏။
8 ထာဝရဘုရားသည် မြင်းတပ်တော်၌၎င်း၊ အောင်မြင်သောရထားတပ်တော်၌၎င်း၊ စီးကြွတော်မူသည်မှာ။ ချောင်းများပေါ်တွင်အမျက်၊ မြစ်များအပေါ်တွင် ဒေါသ၊ ပင်လယ်အပေါ်တွင် မျက်မာန်ကို ထားတော်မူရသောကြောင့်လော။ ။
9 အမိန့်တော်အတိုင်း လေးတော်ကိုထုတ်ဘော်၍။ မြှားတော်ခုနှစ်စင်းပစ်လျက်။ ချောင်းများဖြင့် မြေကိုခွဲဖောက်တော်မူ၏။
10 ရှုမြင်သောတောင်များသည် တုန်လှုပ်လျက်။ မိုဃ်းသက်မုန်တိုင်းသည် တိုက်သွားလျက်။ သမုဒ္ဒရာသည် ဟုန်းသံလွှင့်၍။ ကြီးစွာသောလှိုင်းတံပိုးထရ၏။
11 လွှတ်သောမြှားတော်တောက်ပခြင်း၊ လှံတော်ထိန်ဝင်းပြောင်လက်ခြင်းကြောင့်။ နေမင်းလမင်းတို့သည်၊ နိယတုံမှီးကိုရကြ၏။
12 ကိုယ်တော်သည် မြေပထဝီတရှောက်၊ အမျက်တော်နှင့်ချီကြွလျက်။ လူမျိုးများကိုဒေါသနှင့်နှင်းနယ်လျက်။
13 ဘိသိက်တော်ခံလူမျိုးတော်ကို ကယ်ဆယ်တော်မူရန်ချီထွက်ရာ။ လူဆိုးတို့အိမ်ခေါင်ကိုဖျက်ဆီး၍ အခြေအမြစ်ထုပ်လျောက်တိုင်အောင်၊ ဟင်းလင်းဖြစ်စေတော်မူ၏။ ။
14 ဆင်းရဲသားတို့ကို လျှို့တဝှက် ရွှင်လန်းစွာကိုက်စားတတ်သောသဘောနှင့်။ အကျွန်ုပ်ကိုချေမွှရန်တဟုန်တည်းတိုက်လာသော၊ ထိုရဲမက်တို့ဦးခေါင်းကို။ ချင်းတို့ လက်နက်များဖြင့် ထုတ်ချင်းထိုးဖောက်တော်မူလေပြီ။ ။
15 ကိုယ်တော်သည် မြင်းတပ်တော်ကို စီးလျက်။ တဟုန်းဟုန်းထသောသမုဒ္ဒရာရေကို နင်းကြွတော်မူသည်တကား။
16 လူမျိုးတော်ကို ဗိုလ်ထုသဘွယ်တိုက်လာသင့်ရောက်သော ဒုက္ခကာလကို၊ ဆိုင်းလင့်ရသောအကျွန်ုပ်သည်။ အသည်းနှလုံးလှိုက်ဆူလျက်။ နှုတ်ခမ်းချင်းရိုက်လျက်။ အရိုးစုဆွေးမြေ့လျက်။ ထိုဟုန်းသံကြောင့်ရှိရင်းအရပ်တွင်ပင်တုန်လှုပ်ရ၏။
17 သဖန်းပွင့်ခြင်း၊ စပျစ်သီးခြင်း၊ သံလွင်ဆီထွက်ခြင်း၊ လယ်ယာအသီးအနှံပေါ်ခြင်း၊ ခြံသို့ သိုးဆိတ်ဝင်ခြင်း၊ တင်းကုပ်၌ နွားထားခြင်းများမရှိရသော်လည်း။
18 အကျွန်ုပ်သည် ထာဝရဘုရားကြောင့်အားရလျက်။ ကယ်တင်တော်မူသောဘုရားသခင်ကြောင့်ရွှင်လန်းမည်။ ။
19 အကျွန်ုပ်၏အစွမ်းသတ္တိအကြောင်းရင်းဖြစ်သော အရှင်ထာဝရဘုရားသည်။ အကျွန်ုပ်၏ခြေများကို ဒရယ်မခြေကဲ့သို့လျင်မြန်စေလျက်။ ကိုယ့်မြင့်ရာအရပ်များ၌၊ နင်းစေတော်မူသည်ဟူ၍တည်း။