50
1 ထိုအခါ ယောသပ်သည် အဘနှင့်မျက်နှာချင်းအပ်၍ ငိုကြွေးနမ်းရှုပ်လေ၏။
2 အဘဣသရေလအလောင်းကို ခံအောင်ဆေးနှင့်ပြုပြင်စေရန် ကိုယ့်ကျွန်ဆေးသမားတို့အား အမိန့်ရှိသည်အတိုင်း၊
3 သူတို့ထုံးတမ်းရှိသည်နှင့်အညီ ပြင်ဆင်ကြလျက် အရက်လေးဆယ်ကြာထား၏။ အိဂျစ်လူတို့လည်း ယာကုပ်ကြောင့် ရက်ပေါင်းခုနစ်ဆယ်တိုင်တိုင် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြကုန်၏။
4 ငိုကြွေးမြည်တမ်းသောနေ့ရက်လွန်သော် ယောသပ်သည် နန်းတော်သားတို့အား၊ သင်တို့စိတ်နှင့်တွေ့လျင် ဖာရောမင်းနားတော်ကြားတင်လျှောက်ရမည်မှာ၊
5 ကျွန်တော်မျိုးအဘက၊ ငါသေတော့မည်။ ခါနာန်ပြည်တွင် ကိုယ့်အဖို့ထွင်းခဲ့ပြီးသောသင်္ချၖိုင်း၌ ငါ့ကိုသင်္ဂြိုဟ်ရမည်ဟူ၍ သစ္စာပေးခဲ့ပါပြီ။ သို့ဖြစ်၍ အဘအလောင်းကိုသင်္ဂြိုဟ်ရန် ကျွန်တော်မျိုးအား သွားခွင့်ပြုတော်မူပါ။ သို့ပြီးမှပြန်လာပါမည်ဟု တင်လျှောက်စေရာ၊
6 ဖာရောမင်းက၊ သင့်အဘသစ္စာပေးခဲ့သည့်အတိုင်း သွား၍သင်္ဂြိုဟ်လော့ဟု မိန့်တော်မူ၏။
7 ယောသပ်သည် အဘကိုသင်္ဂြိုဟ်ရန် ချီထွက်ရာ ဖာရောမင်း၏ကျေးကျွန်သင်းပင်းဖြစ်သူ နန်းတော်အရာရှိ၊ အိဂျစ်ပြည်အရာရှိအပေါင်းတို့သည်၊
8 ယောသပ်အိမ်သူအိမ်သား၊ ညီအစ်ကိုတို့မှစသောအဘအိမ်ထောင်သားချင်းတို့ပါ အတူလိုက်ကြ၏။ သူငယ်များကိုကား၊ သိုး၊ ဆိတ်၊ နွားများနှင့် ဂေါရှင်နယ်၌ချန်ထားခဲ့လေ၏။
9 ထိုမှတစ်ပါး ရထားလုံးမြင်းရင်းတို့သည် ယောသပ်နှင့်အတူလိုက်၍ ခမ်းနားကြီးကျယ်သောပရိသတ်ဖြစ်လေ၏။
10 ယော်ဒန်မြစ်တစ်ဘက်၊ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ၊ အလွန်သည်းထန်စွာငိုကြွေးမြည်တမ်းခြင်းကိုပြု၍ ယောသပ်လည်းအဘကြောင့် ခုနစ်ရက်ကြာငိုကြွေးလေ၏။
11 ထိုသို့အာတဒ်ကောက်နယ်တလင်းတွင် ၁ 50.11 ပါဠိ - အာေဗလဟူေသာအမည်နှင့်ညီ၏။ငိုကြွေးမြည်တမ်းခြင်းပြုကြသည်ကို ထိုပြည်နေခါနာန်လူမျိုးတို့မြင်လျင် ၂ 50.11 ပါဠိ - မိဇရိမ်အိဂျစ်လူတို့သည် သည်းစွာငိုကြွေးမြည်တမ်းပါသည်တကားဟု ဆိုသည်နှင့်အညီ ယော်ဒန်မြစ်တစ်ဘက်ရှိထိုအရပ်ကို အာဗေလမိဇရိမ်ဟူ၍ သမုတ်ကြ၏။
12 ဤသို့လျှင် အဘအလောင်းကို သားတို့သည် ခါနာန်ပြည်သို့ဆောင်သွား၍၊
13 မံရေမြို့ရှေ့၊ ဟိတ္တိလူဧဖရုန့်ထံ သင်္ချၖိုင်းပိုင်ဖြစ်စေရန် မြေကွက်နှင့်တကွ အာဗြဟံဝယ်ခဲ့သည့် မပ္ပေလခေါ်မြေကွက်ရှိဂူတွင်သင်္ဂြိုဟ်သဖြင့် အဘမှာထားသည့်အတိုင်းပြုကြ၏။
14 ယောသပ်သည် အဘအလောင်းကို သင်္ဂြိုဟ်ပြီးလျှင် ညီအစ်ကိုမှစ၍ မသာပို့သူအပေါင်းတို့နှင့်တကွ အိဂျစ်ပြည်သို့ပြန်လေ၏။
15 ယောသပ်အစ်ကိုတို့သည် အဘသေကြောင်းသိ၍ ငါတို့ပြုခဲ့သမျှသောအဆိုးကို ယောသပ်ရန်ငြိုးထားလျက် လက်စားချေမည်ဟုစိုးရိမ်သဖြင့်၊
16-17 လျှောက်ထားစေသည်မှာ မသေလွန်မီ ကိုယ်တော့်အဘက၊ ကိုယ်တော်အားအစ်ကိုတို့အဆိုးပြုခဲ့သော လွန်ကျူးခြင်းပြစ်မှုကို ဖြေလွှတ်ပါမည့်အကြောင်း ယောသပ်ထံလျှောက်ထားကြလော့ဟု မှာထားခဲ့သည်နှင့်အညီ ကိုယ်တော့်အဘ၏ဘုရားသခင့်ကျွန်တို့ လွန်ကျူးသောပြစ်မှုကို လွှတ်တော်မူပါဟူ၍ တောင်းပန်ကြရာ ယောသပ်ငိုလေ၏။
18 အစ်ကိုတို့လည်းဝင်၍ ရှေ့တွင်ပျပ်ဝပ်ရှိခိုးလျက် ကျွန်တော်တို့သည် ကိုယ်တော့်ကျွန်ဖြစ်ကြပါသည်ဟုလျှောက်ကြသော်၊
19 ယောသပ်က၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ ကျွန်ုပ်သည် ဘုရားသခင့်အစားဖြစ်သလော။
20 အစ်ကိုတို့သည် ကျွန်ုပ်ကိုအဆိုးကြံစည်သော်လည်း ယနေ့ဖြစ်သည့်အတိုင်း များစွာသောလူတို့အသက်ချမ်းသာစေရန် ဘုရားသခင်သည် အကောင်းကို၃ 50.20 ကြံစည်လဲလှယ်တော်မူ၏။ ထိုကြောင့် ကြောက်ရွံ့ခြင်းမရှိကြနှင့်။
21 အစ်ကိုတို့နှင့်သူငယ်များကို ကျွေးမွေးပါမည်ဟုဆိုလျက် သူတို့အားနှစ်သိမ့်စေ၍ မေတ္တာစကားကိုပြော၏။
22 ယောသပ်သည် အဘအိမ်ထောင်သားချင်းနှင့်တကွ အိဂျစ်ပြည်တွင်တည်နေ၍ အသက်တစ်ရာ့တစ်ဆယ်တိုင်လျက်၊
23 ဧဖရိမ်၏မြေးကိုမြင်ရ၏။ မနာရှေ၏မြေး၊ မာခိရ၏သားသမီးတို့ကိုလည်း ယောသပ်ဒူးပေါ်မှာ မွေးမြူရလေ၏။
24 တစ်ဖန်ယောသပ်က၊ ကျွန်ုပ်သေတော့မည်။ ဘုရားသခင်သည် ညီအစ်ကိုတို့အား အကြည့်အရှုမုချကြွရောက်တော်မူ၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား သစ္စာဆိုတော်မူခဲ့သောပြည်သို့ ဤပြည်မှထုတ်ဆောင်တော်မူမည်ဟု ညီအစ်ကိုတို့ကိုဆိုလျက်၊
25 တစ်ဖန်တုံ ဘုရားသခင်သည် ညီအစ်ကိုတို့အား အကြည့်အရှုမုချကြွရောက်တော်မူမည်။ ထိုအခါ ကျွန်ုပ်အရိုးများကို ဤပြည်မှဆောင်ယူရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို သစ္စာဆိုစေ၏။
26 ထိုသို့လျှင် ယောသပ်သည် အသက်တစ်ရာ့တစ်ဆယ်ရှိသော် သေလွန်၍ အလောင်းကိုခံအောင် ဆေးနှင့်ပြုပြင်ပြီးလျှင် ခေါင်းသွင်း၍ အိဂျစ်ပြည်တွင်ထားကြလေ၏။