49
1 ထိုအခါ ယာကုပ်သည်သားတို့ကိုခေါ်၍ဆိုသည်မှာ သင်တို့တွင်အနာဂတ်ကာလ၌ ဖြစ်ပျက်လတ္တံ့သောအကြောင်းများကို ငါဖော်ပြစေရန် စည်းဝေးကြလော့။
2 ယာကုပ်၏သားတို့၊ စုရုံး၍ကြားနာကြလော့။ အဘဣသရေလစကားကို နာယူကြလော့။
3 ရုဗင်၊ သင်သည်ငါ့သားဦး၊ ငါ့အစွမ်း၊ ငါ့ခွန်အား၏ကနဦး၊ ဘုန်းတန်ခိုးအထွဋ်အမြတ်ဖြစ်သော်လည်း၊
4 ရေကဲ့သို့ပွက်ထလျက် အဘအိပ်ရာကိုကျော်နင်း၍ မသန့်စေသောကြောင့် အထွဋ်အမြတ်သို့မရောက်ရ။ ငါ့ညောင်စောင်းကို သူကျော်နင်းဝံ့လေပြီတကား။
5 ရှိမောင်နှင့်လေဝိတို့သည် ညီအစ်ကိုဖြစ်ကြ၏။ သူတို့သံလျက်သည် ရက်စက်ရာလက်နက်ဖြစ်၏။
6 ငါ့ဝိညာဉ်သည် သူတို့လျို့ဝှက်တိုင်ပင်ရာသို့မဝင်ရ။ ငါ့၁ 49.6 ပါဠိ - ဂုဏ်အသေရစိတ်နှလုံးသည် သူတို့နှင့်အသင်းအပင်းမဖွဲ့ရ။ သူတို့သည်ဒေါသကြီး၍ လူများကိုကွပ်မျက်ကြပြီ။ စိတ်အားကြီးစွာနွားများကိုခုတ်ကြပြီ။
7 သူတို့ပြင်းထန်သောဒေါသ၊ ကြမ်းတမ်းသောအမျက်သည် အမင်္ဂလာခံပါစေသော။ ယာကုပ်အနွယ်၊ ဣသရေလလူမျိုးတို့တွင် သူတို့ကိုငါကွဲပြားလေလွင့်စေမည်။
8 ယုဒ၊ သင့်ကိုညီအစ်ကိုတို့ချီးမွမ်းရကြလိမ့်မည်။ သင့်လက်သည် ရန်သူတို့လည်ကိုဖိသည်နှင့် သင့်ရှေ့မှာ အဘ၏သားတို့ရှိခိုးကြလိမ့်မည်။
9 ယုဒသည် ခြင်္သေ့ပျိုသဖွယ်ဖြစ်၏။ ငါ့သား၊ သင်သည်ကိုက်စားရာသားကောင်မှထွက်ခွာလေ၏။ ခြင်္သေ့သီဟကဲ့သို့ ငုံ့လျက်ဝပ်လျက်နေရာ မည်သူဆွဝံ့မည်နည်း။
10 လူမျိုးတို့သည် သူ့အုပ်စိုးခြင်းကိုခံ၍ ၂ 49.10 ပါဠိ - သို့မဟုတ်၊ ရှိေလာမြို့သို့သူေရာက်အာဏာပိုင်ရှင်ပေါ်ထွန်းသည့်တိုင်အောင် ရာဇလှံတံသည် ယုဒလက်မှလည်းေကာင်း၊ အာဏာစက်သည်ခြေကြားမှလည်းေကာင်း၊ ကွယ်ပျောက်မည်မဟုတ်။
11 ကိုယ့်မြည်းကိုစပျစ်ပင်၌လည်းေကာင်း၊ မြည်းငယ်ကိုလက်ရွေးစပျစ်ပင်၌လည်းေကာင်း၊ ချည်နှောင်၍ ကိုယ့်အဝတ်များကို စပျစ်သီးအသွေးတည်းဟူသောစပျစ်ရည်ဖြင့် ဖွပ်လျှော်လိမ့်မည်။
12 သူ့မျက်စိသည် စပျစ်ရည်ကြောင့်နီလျက် သွားလည်းနွားနို့ကြောင့်ဖြူလိမ့်မည်။
13 ဇာဗုလုန်သည် ပင်လယ်ကမ်း သင်္ဘောဆိပ်မှာနေလိမ့်မည်။ သူ့နယ်စွန်းသည် ဇိဒုံနယ်သို့တိုင်ရောက်လိမ့်မည်။
14 ဣသခါသည် သိုးခြံကြားတွင်ဝပ်လျက် စွမ်းသန်သောမြည်းသဖွယ်ဖြစ်၏။
15 နားနေရာကောင်းသည်ကိုလည်းေကာင်း၊ မြေသာယာသည်ကိုလည်းေကာင်းမြင်၍ ကျောက်ကုန်းကိုဝန်အောက်၌ ညွတ်ခံလျက် လမိုင်းအမှုထမ်းဖြစ်လေပြီ။
16 ဒန်သည် ဣသရေလအမျိုးအနွယ်ကဲ့သို့ ကိုယ့်လူမျိုးကိုစီရင်လိမ့်မည်။
17 ဒန်သည် လမ်းခရီးတွင် မြင်းစီးသူ့ကိုနောက်သို့လဲစေရန်၊ မြင်းခြေကိုကိုက်သောမြွေဆိုးမြွေဟောက်သဖွယ်ဖြစ်လိမ့်မည်။
18 အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို ကျွန်တော်စောင့်မျှော်လျက်နေပါပြီ။
19 ဂဒ်ကိုမူကား စစ်သည်တစ်တပ်အနိုင်ဦးလိမ့်မည်။ အနှောင်းတွင်သူလိုက်၍နိုင်ရလိမ့်မည်။
20 အာရှာ၏အစာသည် အဆီအပျားနှင့်ပြည့်စုံ၍ ပွဲတော်စာဖြစ်ပွားစေလိမ့်မည်။
21 နဿလိသည် လွတ်ရသောဒရယ်မသဖွယ်ဖြစ်၏။ ယဉ်ကျေးသောစကားကို မြွက်ဆိုတတ်၏။
22 ယောသပ်သည် သီးတတ်သောပျိုးကိုင်း၊ စမ်းရေတွင်းအနီးပေါက်၍ သီးတတ်သောပျိုးကိုင်းသဖွယ်ဖြစ်သဖြင့် အခက်အလက်များသည် ခြံစည်းရိုးပေါ်တွင်လွှမ်းလေ၏။
23 လေးသမားတို့သည် ရန်ငြိုးထား၍ နင့်နာအောင်ပစ်ခတ်ကြ၏။
24-25 သို့ရာတွင် ယာကုပ်၏တန်ခိုးရှင့်လက်ရုံးတော်အားဖြင့်လည်းေကာင်း၊ ဣသရေလခိုလှုံရာကျောက်တောင်ဖြစ်သောသိုးထိန်း၏ နာမတော်အားဖြင့်လည်းေကာင်း၊ သင့်ကိုမစတော်မူလတ္တံ့သော အဘ၏ဘုရားသခင်အားဖြင့်လည်းေကာင်း၊ အနန္တတန်ခိုးရှင်အားဖြင့်လည်းေကာင်း၊ ကိုယ့်လေးသည်သန်မာစွာတည်လျက် လက်ရုံးလည်းကျင်လည်လေ၏။ ကိုယ်တော်သည် အထက်ရှိမိုးကောင်းကင်၏မင်္ဂလာ၊ အောက်ရှိဝပ်ရာရေထု၏မင်္ဂလာ၊ သားမြတ်နှင့်ဝမ်း၏မင်္ဂလာများဖြင့် သင့်ကိုကောင်းကြီးပေးတော်မူပါစေသော။
26 တည်ဦးကတောင်ပေါ်တွင် ကိန်းသောမင်္ဂလာ၊ ရှေးမဆွကကုန်းပေါ်ရှိ နှစ်သက်ဖွယ်ရာများထက် သင့်အဘခံရသောမင်္ဂလာသည် သာလွန်ထူးမြတ်၍ ယောသပ်၏ဦးခေါင်းပေါ်၊ ညီအစ်ကိုတို့အနက် အကြီးအကဲဖြစ်သူ၏ဦးထိပ်ပေါ်တွင် သက်ရောက်ပါစေသော။
27 ဗင်္ယာမိန်သည် ကိုက်စားတတ်သော ဝံပုလွေသဖွယ်ဖြစ်၏။ နံနက်အချိန်ကိုက်ရသောအကောင်ကိုစား၍ ညဉ့်အချိန်ဖမ်းမိရာကို ဝေဖန်လိမ့်မည်ဟု ယာကုပ်မြွက်ဆို၏။
28 ထိုသူတို့ကား ဣသရေလအမျိုးဆယ့်နှစ်နွယ်ဖြစ်ကြ၏။ ဤစကားလည်း အဘမင်္ဂလာပေးရာ အသီးအသီးခံအပ်သည်နှင့်အညီ ကောင်းကြီးပေးသောစကားပေတည်း။
29-30 တစ်ဖန်တုံ ယာကုပ်က၊ ဘိုးဘေးတို့ထံငါသွားရတော့မည်။ ခါနာန်ပြည် မံရေမြို့ရှေ့၊ ဟိတ္တိလူဧဖရုန်ပိုင်သော မပ္ပေလခေါ်မြေကွက်နှင့်တကွဂူကို သင်္ချၖိုင်းပိုင်ဖြစ်စေရန် ထိုသူ့ထံအာဗြဟံဝယ်ခဲ့သည့်ဂူတွင် ဘိုးဘတို့နှင့်အတူ ငါ့ကိုသင်္ဂြိုဟ်ကြလော့။
31-32 ဟေသအမျိုးသားထံမှဝယ်ခဲ့သည့် မြေကွက်ရှိဂူတွင်ပင် အာဗြဟံနှင့်စာရာသမီးခင်ပွန်းတို့ကိုလည်းေကာင်း၊ ဣဇာက်နှင့်ရေဗက္ကသမီးခင်ပွန်းတို့ကိုလည်းေကာင်း သင်္ဂြိုဟ်ကြပြီ။ လေအာကိုလည်း ငါသင်္ဂြိုဟ်ပြီဟုမြွက်ဆို၏။
33 ထိုသို့ယာကုပ်သည် သားတို့အားမှာထားခဲ့ပြီးလျှင် ခြေကိုခုတင်ပေါ်မှာရုပ်သိမ်းလျက် သေလွန်၍ ဘိုးဘေးတို့ထံသွားရလေ၏။