48
ထိုနောက် အဘနာကြောင်းကို ယောသပ်ကြားရလျှင် မနာရှေနှင့်ဧဖရိမ်၊ သားနှစ်ယောက်တို့ကိုခေါ်သွား၏။ သားယောသပ်လာရောက်ကြောင်း ယာကုပ်ကြား၍ အားဆည်းလျက် ခုတင်ပေါ်တွင်ထိုင်ပြီးလျှင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ခါနာန်ပြည်လုဇမြို့၌ ငါ့အားထင်ရှား၍ ကောင်းကြီးပေးတော်မူသည်မှာ၊ ငါသည် သင့်ကိုများပြားစွာတိုးပွားစေလျက် လူမျိုးအမြောက်အများဖြစ်စေမည်။ သင်မှဆင်းသက်သောအမျိုးအနွယ်အား ဤပြည်ကိုထာ၀ရပိုင်စေခြင်းငှါ ငါပေးမည်ဟု မိန့်တော်မူ၏။ သင့်ထံငါမရောက်မီ အိဂျစ်ပြည်တွင် သင်ရနှင့်သောသားနှစ်ယောက်၊ ဧဖရိမ်နှင့်မနာရှေတို့သည် ရုဗင်နှင့်ရှိမောင်တို့ကဲ့သို့ ငါ့သားဖြစ်ကြလိမ့်မည်။ ၎င်းတို့နောက် သင်ရသောသားတို့ကားသင့်သားဖြစ်၍ အမွေခံရာတွင်အစ်ကိုတို့အမည်အလိုက် သမုတ်ကြရမည်။ ပါဒန်ပြည်မှငါထွက်လာသည့်ကာလ ခါနာန်ပြည်၌ခရီးသွားရာ၊ ဧဖရတ်မြို့နှင့်အတန်ကွာတွင် ရာခေလသေရှာ၏။ သေလွန်ရာအရပ် ဗက်လင်၊ တစ်နည်းဧဖရတ်မြို့လမ်းတွင် သင်္ဂြိုဟ်ရသည်ဟု ယောသပ်အားပြောဆို၏။
ယောသပ်သားတို့ကိုလည်း ဣသရေလမြင်သော်၊ ဤသူတို့ကား မည်သူနည်းဟုမေးလျှင် ယောသပ်က၊ ဤပြည်တွင်ကျွန်တော်အား ဘုရားသခင်ပေးသနားတော်မူသော သားများဖြစ်ကြပါသည်ဟု အဘအားလျှောက်ရာ အဘက၊ သူတို့ကိုငါကောင်းကြီးပေးရန် ချဉ်းကပ်လာပါစေဟုဆိုသည့်အတိုင်း ချဉ်းကပ်စေ၏။ 10 ထိုအခါ အိုမင်းမစွမ်း မျက်စိမှုန်၍မမြင်နိုင်သောဣသရေလသည် ဖက်ယမ်းနမ်းရှုပ်လျက်၊ 11 သင့်မျက်နှာကိုမြင်ရတော့မည်ဟု ငါမထင်ခဲ့သော်လည်း သင့်သားများကိုပင် ဘုရားသခင်ပြတော်မူပြီဟု ယောသပ်အားဆို၏။ 12 ယောသပ်လည်း သားတို့ကိုအဘဒူးကြားမှထုတ်၍ ပျပ်ဝပ်ရှိခိုးပြီးလျှင်၊ 13 ဧဖရိမ်ကိုညာလက်ဖြင့် ဣသရေလလက်ဝဲဘက်သို့လည်းေကာင်း၊ မနာရှေကိုဘယ်လက်ဖြင့် ဣသရေလလက်ျာဘက်သို့လည်းေကာင်း၊ သားနှစ်ယောက်တို့ကို ကိုင်လျက်ချဉ်းကပ်စေ၏။ 14 ဣသရေလသည် လက်ကိုလိမ်ဆန့်၍ သားငယ်ဖြစ်သော ဧဖရိမ့်ဦးခေါင်းပေါ်တွင်ညာလက်ကိုလည်းေကာင်း၊ သားဦးဖြစ်သောမနာရှေ့ဦးခေါင်းပေါ်တွင် ဘယ်လက်ကိုလည်းေကာင်းတင်လျက် 15 ယောသပ်အားကောင်းကြီးပေးသည်မှာ မျက်မှောက်တော်တွင် ဘိုးဘအာဗြဟံနှင့် ဣဇာက်တို့သွားလာရလျက် ငါ့ကိုလည်းဖွားကတည်းမှစ၍ယခုတိုင်အောင် ထိန်းကျောင်းတော်မူသော ဘုရားသခင်၊ 16 ဘေးအမျိုးမျိုးမှ ငါ့ကိုကယ်နုတ်တော်မူသောစေတမန်တော်သည် ဤသားငယ်တို့ကို ကောင်းကြီးပေးတော်မူ၍၊ ငါ့အမည်၊ ဘိုးဘအာဗြဟံနှင့်ဣဇာက်တို့အမည်များကို သူငယ်တို့၌ 48.16 ပါဠိ - မှည့်တည်ထွန်းလျက် မြေပေါ်တွင်များပြားစွာ တိုးပွားကြပါစေသောဟု မြွက်ဆို၏။ 17 အဘသည် ဧဖရိမ့်ဦးခေါင်းပေါ်တွင် ညာလက်တင်သည်ကိုယောသပ်မြင်လျှင် မနှစ်သက်သည်ဖြစ်၍ ထိုသို့မမှန်ပါ အဘ။ 18 ဤသူသည် သားဦးဖြစ်သဖြင့် သူ့ဦးခေါင်းပေါ်တွင် ညာလက်ကိုတင်ပါဟုဆိုလျက် အဘလက်ကို ဧဖရိမ့်ဦးခေါင်းပေါ်မှ မနာရှေ့ဦးခေါင်းပေါ်သို့ပြောင်းတင်ရန်ကိုင်ရာ၊ 19 အဘက၊ ငါသိသည် ငါ့သား။ ငါသိသည်ဟုငြင်းဆိုလျက် သူသည်ကြီးမြတ်၍ လူမျိုးတစ်မျိုးဖြစ်သော်လည်း ညီသည်သာ၍ကြီးမြတ်သဖြင့် အမျိုးအနွယ်လည်း လူမျိုးအမြောက်အများဖြစ်လိမ့်မည်ဟုဆို၏။ 20 တစ်ဖန် ထိုသူတို့အားကောင်းကြီးပေးသည်မှာ ဣသရေလလူမျိုးတို့က၊ ဘုရားသခင်သည် ဧဖရိမ်နှင့်မနာရှေတို့ကို ပြုသကဲ့သို့ပြုတော်မူပါစေသောဟူ၍ သင့်အားဖြင့်ကောင်းကြီးပေးကြလတ္တံ့ဟုဆိုလျက် ဧဖရိမ်ရှေ့၊ မနာရှေနောက်၊ ထားသတည်း။ 21 ယောသပ်အားလည်း ဣသရေလက ငါသေတော့မည်။ သို့ရာတွင် ဘုရားသခင်သည် သင်တို့နှင့်အတူရှိ၍ ဘိုးဘေးတို့နေရာပြည်သို့ ပြန်လာစေတော်မူလိမ့်မည်။ 22 ငါသည်၊ ဓား၊ လေး လက်နက်ဖြင့် အာမောရိလူမျိုးလက်မှ သိမ်းယူသောနယ်တစ်ကျောကို ညီအစ်ကိုတို့ထက် သင့်အားပို၍ပေးပြီဟုပြောဆို၏။