37
အဘတည်းခိုရာ၊ ခါနာန်ပြည်တွင်နေသောယာကုပ်၏အတ္ထုပ္ပတ္တိဟူမူကား၊ ယောသပ်သည် ဆယ့်ခုနစ်နှစ်အရွယ်ရှိသော် အစ်ကိုတို့နှင့်အတူ သိုးဆိတ်များကို ထိန်းကျောင်းရာ အဘ၏မယားငယ်၊ ဗိလဟာ၊ ဇိလပတို့သားများနှင့် သူငယ်အဖြစ်နေ၍ သူတို့မကောင်းကြောင်း အဘအားကြားပြောလေ၏။ ဣသရေလသည် အသက်ကြီးရင့်မှ သားယောသပ်ကိုရသောကြောင့် သားတကာတို့ထက်သာ၍ချစ်သဖြင့် ရှည်လျားသောအင်္ကျီကို ချုပ်လုပ်ဆင်ယင်လေ၏။ ညီအစ်ကိုတကာတို့ထက်သာ၍ အဘချစ်ကြောင်းကို အစ်ကိုတို့သည်သိမြင်သည်ဖြစ်၍ နှုတ်ဆက်ခြင်းကိုမျှမပြုနိုင်အောင် မုန်းကြရာ၊ ယောသပ်အိပ်မက်မြင်၍ အစ်ကိုတို့အားပြန်ပြောသော် သာ၍မုန်းကြ၏။ သူက၊ ကျွန်တော်မြင်ရသောအိပ်မက်ကို နာယူကြပါ။ ကျွန်တော်တို့သည် လယ်၌ကောက်လှိုင်းများကို စည်းနေကြစဉ် ကျွန်တော့်ကောက်လှိုင်းထထောင်၍ ညီအစ်ကိုတို့ကောက်လှိုင်းများဝန်းရံလျက် ကျွန်တော့်ကောက်လှိုင်းကိုရှိခိုးကြသည်ဟု ပြန်ပြောလျှင်၊ အစ်ကိုတို့က သင်ကား၊ ငါတို့အပေါ်တွင် အကယ်စင်စစ်မင်းပြု၍အုပ်စိုးရမည်လောဟု ပြန်ဆိုလျက် သူ့အိပ်မက်နှင့်စကားအတွက်ကြောင့် သာ၍ပင်မုန်းထားကြ၏။ တစ်ဖန်အိပ်မက်ကိုမြင်ပြန်၍ အစ်ကိုတို့အားကြားပြောသည်မှာ၊ အိပ်မက်ကို ကျွန်တော်မြင်ရပြန်ရာ နေလနှင့်တကွ၊ ကြယ်ဆယ့်တစ်လုံးတို့သည် ကျွန်တော့်ကိုရှိခိုးနေကြသည်ဟု ကြားပြောလေ၏။ 10 အဘနှင့်အစ်ကိုတို့အား ပြန်ပြောသောအခါ အဘက၊ သင်မြင်သောအိပ်မက်ကား မည်သို့နည်း။ ငါနှင့်တကွ အမိ၊ ညီအစ်ကိုတို့သည် သင့်ထံမုချဝင်ရောက်ပျပ်ဝပ်ရှိခိုးကြရမည်လောဟူ၍ ဆုံးမလေ၏။ 11 အစ်ကိုတို့သည် သူ့ကိုညူစူကြ၏။ အဘမူကား ထိုအကြောင်းကို မှတ်ကျုံးလေ၏။ 12 အဘသိုးဆိတ်များကို ရှေခင်မြို့မှာထိန်းကျောင်းရန် အစ်ကိုတို့သွားကြရာ၊ 13 ဣသရေလက၊ သင့်အစ်ကိုတို့သည် သိုးဆိတ်များကိုရှေခင်မြို့မှာ ထိန်းကျောင်းကြသည်မဟုတ်လော။ သင့်ကိုသူတို့ရှိရာသို့ ငါစေလွှတ်မည်ဟု ယောသပ်အားဆိုလျှင် ကျွန်တော်သွားပါမည်ဟု ပြန်ဆိုသော်၊ 14 အဘက၊ သင့်အစ်ကိုတို့နှင့်သိုးဆိတ်များ၏အဖြစ်အနေကို သွားရောက်ကြည့်ရှုပြီးလျှင်၊ ငါ့အားပြန်ကြားပါဟု မှာထားလျက် ဟေဗြုန်ချိုင့်မှစေလွှတ်သဖြင့် သူသည်ရှေခင်မြို့သို့ သွားရောက်လေ၏။ 15 တော၌လှည့်လည်သွားစဉ်တွင် လူတစ်ဦးသည်သူနှင့်တွေ့ရာ မည်သည်ကိုရှာသနည်းဟုမေးလျှင်၊ 16 အစ်ကိုတို့ကိုရှာပါ၏။ သူတို့ထိန်းကျောင်းသောနေရာကို ကြားပြောပါဟုဆိုသော်၊ 17 ထိုသူက၊ ဤအရပ်မှထွက်သွားပြီ။ ဒေါသန်မြို့သို့သွားကြကုန်အံ့ဟူ၍ ပြောသည်ကို ကြားခဲ့ရသည်ဟုဆိုသည့်အတိုင်း ယောသပ်လည်းအစ်ကိုတို့ကိုလိုက်ရှာ၍ ဒေါသန်မြို့မှာတွေ့လေ၏။ 18 အနီးသို့မရောက်မီ အစ်ကိုတို့သည်အ​ဝေးမှမြင်ရလျှင် သူ့ကိုသတ်ရန်တိုင်ပင်ကြံစည်လျက်၊ 19 ကြည့်ကြလော့။ အိပ်မက်ဆရာလာပြီ။ 20 ထကြ။ သူ့ကိုသတ်၍ တစ်ခုသောတွင်းထဲသို့ချပစ်ကြကုန်အံ့။ သားရဲဆိုးတစ်ကောင်ကောင်ကိုက်စားပြီဟု ပြောကြရမည်။ ထိုသို့ပြုလျှင် သူ့အိပ်မက်များမည်သို့ဖြစ်မည်ကို သိကြရလိမ့်မည်ဟု အချင်းချင်းပြောဆိုကြ၏။ 21 ထိုစကားကိုရုဗင်ကြားလျှင်၊ သူ့အသက်ကိုမသတ်ကြအံ့ဟုဆိုလျက် သူတို့လက်မှယောသပ်ကိုလွတ်မြောက်စေ၏။ 22 ထိုသို့လွတ်မြောက်စေ၍ အဘထံပြန်ပို့ရန် ရုဗင်က၊ သူ့အသွေးကိုမသွန်း၊ လက်ရောက်လည်းမပြုဘဲ၊ တောတွင်ဤတွင်းထဲသို့ ချကြကုန်အံ့ဟုဆိုလေ၏။ 23 အစ်ကိုတို့ထံယောသပ်ရောက်သော် ဝတ်ဆင်သောအင်္ကျီရှည်ကိုချွတ်ပြီးမှ သူ့ကိုဆွဲ၍တွင်းထဲသို့ချကြ၏။ 24 ထိုတွင်းကားရေမရှိ။ ခန်းခြောက်သောတွင်းဖြစ်သတည်း။ 25 ထိုနောက်အစာစားရန် ထိုင်ကြစဉ် ဣရှမေလလူမျိုးခရီးသည်တစ်စုသည် နံ့သာမျိုး၊ လိမ်းဆေး၊ မုရန်စေးများကို ကုလားအုပ်ပေါ်မှာတင်ဆောင်လျက် ဂိလဒ်ပြည်မှအိဂျစ်ပြည်သို့သွားကြသည်ကို မျှော်ကြည့်၍မြင်လျှင်၊ 26 ယုဒက၊ ညီကိုသတ်၍ အသွေးသွန်းကြောင်းဝှက်ထားလျှင် မည်သည့်အကျိုးရှိမည်နည်း။ 27 ထကြ။ သူသည် ငါ့တို့ညီ၊ ငါတို့အသွေးအသားဖြစ်၍ လက်မလွန်ဘဲ ဣရှမေလလူတို့အား ရောင်းစားကြကုန်အံ့ဟုဆိုသော် ညီအစ်ကိုတို့သဘောတူကြ၏။ 28 ထိုအခါ မိဒျန်ကုန်သည်တို့ကူးသန်းကြရာ အစ်ကိုတို့သည်ယောသပ်ကို တွင်းထဲမှဆွဲတင်ကြပြီးလျှင် အဖိုးငွေအကျပ်နှစ်ဆယ်နှင့် ဣရှမေလလူတို့အားရောင်းချ၍ ယောသပ်ကိုအိဂျစ်ပြည်သို့ ထိုသူတို့ဆောင်သွားကြ၏။
29 ရုဗင်သည် တွင်းသို့ပြန်သွား၍ တွင်းထဲမှာယောသပ်မရှိကြောင်းသိလျှင် ကိုယ့်အ၀တ်ကိုဆုတ်လျက် 30 ညီတို့ရှိရာသို့ပြန်သွား၍ သူငယ်မရှိပါတကား။ ငါအဘယ်သို့သွားရမည်နည်းဟုဆိုလေ၏။ 31 သူတို့လည်း ယောသပ်အင်္ကျီကိုယူ၍ ဆိတ်ထီးတစ်ကောင်သတ်ပြီးမှ အသွေးနှင့်ဆွတ်ကြ၏။ 32 ရှည်လျားသောထိုအင်္ကျီကို ပို့လိုက်ပြီးလျှင် အဘထံသွင်း၍ ဤအင်္ကျီကို ကျွန်တော်တို့တွေ့ခဲ့ကြပါပြီ။ သား၏အင်္ကျီမှန်မမှန်ရှုကြည့်ပါဟု ဆိုကြလျှင်၊ 33 အဘရှုကြည့်သော် ငါ့သားအင်္ကျီမှန်၏။ သူ့ကိုသားရဲဆိုးတစ်ကောင်ကောင်ကိုက်စားပြီ။ အကယ်စင်စစ်ယောသပ်ကို ကိုက်ဖြတ်လေစွတကားဟု ဆိုပြီးလျှင်၊ 34 ကိုယ့်အဝတ်ဆုတ်၍ လျှေော်တေကိုစည်းလျက် ကာလရှည်ကြာစွာ သားကြောင့်မြည်တမ်းနေလေ၏။ 35 နှစ်သိမ့်စေရန် သားသမီးအပေါင်းတို့ခြံရံကြသော်လည်း အဘသည်နှစ်သိမ့်ခြင်းကိုအလိုမရှိဘဲ 37.5 ပါဠိ၊ ရှသြလမရဏာ့နိုင်ငံသို့ငါ့သားထံ မြည်တမ်းလျက်ဆင်းသက်တော့မည်ဟုဆို၍ သားအတွက်ငိုကြွေးနေလေ၏။ 36 ယောသပ်ကိုကား မိဒျန်လူတို့သည် အ္ိဂျစ်ပြည်တွင် ဖာရောမင်း၏အမတ်ဖြစ်သော ကိုယ်ရံတော်မှုးပေါတိဖာ့ထံ ရောင်းချကြ၏။