36
1 ဧဒုံ၊ တစ်နည်း ဧသော၏သားစဉ်မြေးဆက်ဟူမူကား၊
2 ဧသောသည်၊ ဟိတ္တိလူမျိုး၊ ဧလုန့်သမီး အာဒတစ်ယောက်၊ ဟိဝိလူမျိုး၊ ဇိဘောင့်မြေး၊ အာနသမီးအဟောလိဗာမတစ်ယောက်၊ ခါနာန်ပြည်သူနှစ်ယောက်နှင့်လည်းေကာင်း၊
3 ဣရှမေလသမီး၊ နာဗာယုတ်နှမဖြစ်သူ ဗာရှမတ်တစ်ယောက်နှင့်လည်းေကာင်း အိမ်ထောင်ဘက်ပြုလေ၏။
4 အာဒတွင်မြင်သောဧသော့သားကား ဧလိဖတ်၊ ဗာရှမတ်တွင် မြင်သောသားကား ရွေလ၊
5 အဟောလိဗာမတွင် မြင်သောသားများကား ယုရှ၊ ယာလံ၊ ကောရတို့တည်း။ ထိုသူတို့သည် ခါနာန်ပြည်၌ ဧသောရသောသားများဖြစ်သတည်း။
6 ဧသောသည် မယားသားသမီးများနှင့်တကွ အိမ်သူအိမ်သားအပေါင်းတို့ကိုလည်းေကာင်း၊ ခါနာန်ပြည်တွင်ဆည်းပူးသောနွားသိုးမှစ၍ အတွင်းအပြင်ဥစ္စာရှိသမျှကိုလည်းေကာင်းယူ၍ ညီယာကုပ်နှင့်ခွာလျက် တစ်နေရာသို့ထွက်သွားလေ၏။
7 ထိုနှစ်ဦးသားတို့သည် ဥစ္စာများလွန်း၍ အတူမနေနိုင်ကြ။ တိရစ္ဆာန်များပြားသည့်အတွက် သူတို့တည်းခိုရာမြေမဆံ့နိုင်သောကြောင့်၊
8 ဧဒုံ၊ တစ်နည်း ဧသောသည် စိရတောင်တန်းပေါ်မှာနေလေ၏။
9 စိရတောင်တန်းပေါ်မှာ ဧဒုံလူမျိုးတို့အဘဦး ဧသော၏သားစဉ်မြေးဆက်တို့ကိုဆိုဦးအံ့။
10 ဧသော၏သားတို့အမည်ကား မယားအာဒတွင်မြင်သောသားဧလိဖတ်၊ မယားဗာရှမတ်တွင် မြင်သောသားရွေလတို့တည်း။
11 ဧလိဖတ်သားများကား တေမန်၊ သြမရ၊ ဇေဖော၊ ဂါတံ၊ ကေနတ်တို့တည်း။
12 ဧသော့သား ဧလိဖတ်၏မယားငယ် တိမနတွင်မြင်သောသားကား အာမလက်တည်း။ ထိုသူတို့သည် ဧသော့မယားအာဒ၏ သားမြေးဖြစ်ကြသတည်း။
13 ရွေလသားများကား နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတို့တည်း။ ထိုသူတို့သည် ဧသော့မယား ဗာရှမတ်၏သားမြေးဖြစ်ကြသတည်း။
14 ဇိဘောင့်မြေး အာနသမီးဖြစ်သူ ဧသော့မယားအဟောလိဗာမတွင် မြင်သောသားများကား ယုရှ၊ ယာလံ၊ ကောရတို့တည်း။
15 ဧသော့သားမြေးတို့တွင် အကြီးအကဲများမူကား သားဦးဧလိဖတ်၏သားများ တေမန်၊ သြမရ၊ ဇေဖော၊ ကေနတ်၊ ကောရ၊ ဂါတံ၊ အာမလက်တို့သည်၊
16 အကြီးအကဲများဖြစ်ကြသတည်း။ ထိုအကြီးအကဲတို့သည် အာဒ၏သားမြေး၊ ဧဒုံပြည်၌ ဧလိဖတ်ရသောသားများဖြစ်ကြသတည်း။
17 ဧသော့သားရွေလ၏သားများကား နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတို့သည် အကြီးအကဲများဖြစ်ကြသတည်း။ ထိုအကြီးအကဲတို့သည် ဧသော့မယားဗာရှမ၏သားမြေး၊ ဧဒုံပြည်၌ရွေလရသောသားများဖြစ်ကြသတည်း။
18 ဧသောမယားအဟောလိဗာမ၏သားများကား ယုရှ၊ ယာလံ၊ ကောရ တို့သည် အကြီးအကဲများဖြစ်ကြသတည်း။ ထိုအကြီးအကဲတို့သည် အာနသမီး၊ ဧသော့မယားအဟောလိဗာမ၏ သားမြေးများဖြစ်ကြသတည်း။
19 ဧဒုံ၊ တစ်နည်း ဧသော၏သားမြေးများ၊ ၎င်းတို့အနက် အကြီးအကဲများတို့စာရင်းတည်း။
20 ထိုပြည်ရင်းသား ဟောရိလူမျိုးစိရ၏သားများကား၊
21 လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာ၊ ဒိရှန်တို့တည်း။ ထိုသူတို့သည် ဧဒုံပြည်နေ ဟောရိလူမျိုးစိရ၏သားတို့တွင် အကြီးအကဲများဖြစ်ကြသတည်း။
22 လောတန့်သားများကား ဟောရိနှင့်ဟေမံတို့တည်း။ လောတန့်နှမကား၊ တိမနတည်း။
23 ရှောဗလသားများကား အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖော၊ သြနံတို့တည်း။
24 ဇိဘောင့်သားများကား အာယနှင့်အာနတို့တည်း။ ၎င်းအာနကား အဘဇိဘောင်၏မြည်းများကို ထိန်းကျောင်းသောအခါ တော၌ရေပူတွင်းများကို တွေ့သောသူပေတည်း။
25 အာနသားကား ဒိရှုန်နှင့် သမီးအဟောလိဗာမတို့တည်း။
26 ဒိရှုန့်သားများကား ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန်တို့တည်း။
27 ဧဇာ့သားများကား ဗိလဟန်၊ ဇာဝန်၊ အာကန်တို့တည်း။
28 ဒိရှန့်သားများကား ဥဇာနှင့်အာရန်တို့တည်း။
29 ဟောရိလူမျိုးတွင် အကြီးအကဲများကား လောတန်၊
30 ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာ၊ ဒိရှန်တို့သည် အကြီးအကဲများဖြစ်ကြသတည်း။ ထိုသူတို့သည် စိရပြည်၌ ကိုယ့်အရာအလိုက်၊ ဟောရိလူမျိုး အကြီးအကဲဖြစ်ကြသတည်း။
31 ဣသရေလအမျိုးသားတို့တွင် မင်းပြုသူမရှိမီ၊ ဧဒုံပြည်၌မင်းပြုသူများကား၊
32 ဗောရသား ဗေလာသည် ဧဒုံပြည်၌မင်းပြုရာ မြို့တော်ကား၊ ဒိန္နာဗာမြို့တည်း။
33 ဗေလာမင်းကွယ်လွန်၍ သူ့အရိုက်အရာ၌ ဗောဇရမြို့သား ဇေရသားယောဗပ်မင်းပြုလေ၏။
34 ယောဗပ်မင်းကွယ်လွန်၍ သူ့အရိုက်အရာ၌ တေမန်ပြည်သားဟုရှံမင်းပြုလေ၏။
35 ဟုရှံမင်းကွယ်လွန်၍ မောဘပြည်တွင် မိဒျန်လူမျိုးကိုတိုက်ခိုက်အောင်မြင်သူ ဗေဒဒ်သား ဟာဒဒ်သည် ဟုရှံ့အရိုက်အရာ၌မင်းပြုရာ၊ မြို့တော်ကား အာဝိတ်မြို့တည်း။
36 ဟာဒဒ်မင်းကွယ်လွန်၍ သူ့အရိုက်အရာ၌ မာသရက်မြို့သားစာမလ မင်းပြုလေ၏။
37 စာမလမင်းကွယ်လွန်၍ သူ့အရိုက်အရာ၌မြစ်အနီးရှိ ရဟောဘုတ်မြို့သားရှောလ မင်းပြုလေ၏။
38 ရှောလမင်းကွယ်လွန်၍ သူ့အရိုက်အရာ၌ အာခဗော့်သားဗာလဟာနန် မင်းပြုလေ၏။
39 အာခဗော့်သား ဗာလဟာနန်မင်းကွယ်လွန်၍ သူ့အရိုက်အရာ၌ ဟာဒါ မင်းပြုရာ မြို့တော်ကား၊ ပေါမြို့တည်း။ မိဖုရားကား မေဇဟပ်မြေး မာတရက်သမီး မဟေတဗေလတည်း။
40 ဧသောမှဆင်းသက်၍ ကိုယ့်အမျိုးအနွယ်၊ နေရာအရပ်အလိုက်၊ ဘွဲ့နာမနှင့်အကြီးအကဲများကား၊
41-42 တိမနာ၊ အာလဝ၊ ယေသက်၊ အဟောလိဗာမ၊ ဧလာ၊ ပိနုန်၊ ကေနတ်၊ တေမန်၊ မိဗဇာ၊ မာဂဒျေလ၊ ဣရံတို့သည် အကြီးအကဲများဖြစ်ကြသတည်း။
43 ထိုသူတို့သည် ပိုင်သောပြည်၌ ကိုယ့်နေရာအလိုက်၊ ဧဒုံလူမျိုးတွင် အကြီးအကဲများဖြစ်ကြသတည်း။ ဧသောသည် ဧဒုံလူမျိုးတို့အဘဦးဖြစ်ကြောင်းကား ဤသို့တည်း။