19
ညဥ့်ဦးယံအချိန်၌ သောဒုံမြို့သို့ စေတမန်တော်နှစ်ပါးရောက်လာကြရာ လောတသည် မြို့တံခါး၀တွင်ထိုင်လျက်ရှိသည်နှင့် သူတို့ကိုမြင်သော် ခရီးဦးကြိုပြုခြင်းငှာထပြီးလျှင်၊ ပျပ်၀ပ်ရှိခိုးလျက် အရှင်ဘုရားတို့၊ ကျွန်တော့်အိမ်သို့လှည့်၀င်၍ခြေကိုဆေးကြပါ။ တည်းခိုပြီးမှ နံနက်ထ၍ကြွသွားတော်မူကြပါဟု လျှောက်ဆို၏။ ငါတို့မ၀င်လို။ လမ်းတွင်နေတော့မည်ဟု စေတမန်တော်တို့ဆိုကြသော်လည်း၊ လောတပင့်ခေါ်လှသောကြောင့် သူ့ဘက်သို့လှည့်၍အိမ်သို့၀င်ကြသော် သူတို့ကိုကျွေးမွေးရန် လောတပြင်ဆင်လျက် မုန့်ကိုပေါင်းပြီးမှသူတို့သုံးဆောင်ရကြ၏။ ထိုသူတို့သည်မအိပ်မီအတွင်း သောဒုံမြို့သားအရပ်ရပ်ရှိလူကြီးလူငယ်အပေါင်းတို့သည် အိမ်ကို၀န်း၍၊ လောတကိုဟစ်ခေါ်လျက် ယနေ့ညဥ့်သင့်ထံရောက်လာသူများ အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့ဆက်ဆံလိုသည်ဖြစ်၍ ထုတ်ခဲ့လော့ဟုဆိုကြသော်၊ လောတသည် သူတို့ရှိရာတံခါးပြင်သို့ထွက်၍ နောက်ကတံခါးပိတ်ပြီးလျှင်၊ ညီအစ်ကိုတို့၊ ၒၔၕၔဤသို့မမှားယွင်းကြပါနှင့်။ အကျွန်ုပ်တွင် ကညာစစ်ဖြစ်သူသမီးနှစ်​ေယာက်ရှိ၍ သင်တို့ရှိရာထုတ်ပေးပါမည်။ ပြုလိုသမျှအတိုင်း သူတို့ကိုပြုကြပါလေ။ အကျွနု်ပ်အိမ်မိုးရိပ်ခို၀င်သော ဤသူတို့ကိုမူကား အလျှင်းမပြုကြပါနှင့်ဟု တောင်းပန်သော်လည်း၊ သူတို့က ဖယ်လော့ဟူ၍လည်းေကာင်း၊ တည်းခိုရုံမျှသာတစ်​ေယာက်တည်းလာခဲ့သူသည် တရားသူကြီးလုပ်လိုပါသည်တကား။ သူတို့ထက်သင့်ကို ယခုသာ၍မကောင်းပြုမည်ဟူ၍လည်းေကာင်း၊ လောတကိုဆိုလျက် ကြမ်းတမ်းစွာထိုး​ေ၀ှ့ပြီးလျှင် တံခါးကိုေဖာက်ဖျက်အံ့သောငှာ ချဥ်းလာကြ၏။ 10 ထိုအခါ စေတမန်တော်တို့သည် ကိုယ်ရှိရာအိမ့်အတွင်းသို့ လောတကိုလက်ဆန့်ဆွဲငင်၍ တံခါးကိုပိတ်ပြီးလျှင်၊ 11 အိမ်တံခါးအနီးရှိသူအကြီးအငယ်တို့ကို စက္ခုအလင်းကွယ်စေရန်ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာလျက် ပင်ပန်းခြင်းသို့ရောက်ကြ၏။ 12 စေတမန်တော်တို့ကလည်း ဤမြို့တွင်သင်နှင့်စပ်ဆိုင်သူမည်သူရှိသေးသနည်း။ သားသမီးသမက်တို့မှစ၍ မြို့တွင်းရှိသင့်လူဟူသမျှတို့ကို ဤမြို့မှထုတ်ဆောင်လော့။ 13 ဤမြို့တစ်ဘက်အော်ဟစ်သံသည် ထာ၀ရဘုရားမျက်မှောက်တော်တွင် ပြင်းထန်သည်ဖြစ်၍ ဖျက်ဆီးစေခြင်းငှာ ထာ၀ရဘုရားသည် ငါတို့ကိုစေလွှတ်တော်မူသည့်အလျောက် ဤမြို့ကိုငါတို့ဖျက်ဆီးရမည်ဟု လောတအားပြောဆိုကြ၏။ 14 လောတထွက်၍ သမီးနှင့်စုံဖက်သူသမက်တို့အား၊ ထကြ။ ဤမြို့မှထွက်သွားကြ။ ဤမြို့ကိုထာ၀ရဘုရား ဖျက်ဆီးတော်မူမည်ဟုဆိုသော်လည်း ကျီစယ်သည်ဟုသမက်တို့ထင်ကြ၏။ 15 အရုဏ်တက်သောအခါ စေတမန်တော်တို့သည် လောတကိုနှိုးဆော်၍ ထလော့၊ အိမ်ရှိမယားနှင့် သမီးနှစ်ယောက်တို့ကိုခေါ်သွားလော့။ သို့မဟုတ် ထိုမြို့၏ဒုစရိုက်မှုစီရင်ရာ ပါသွားလိမ့်မည်ဟု ဆိုကြသော်လည်း၊ 16 သူဖင့်နွှဲသောခါ ထာဝရဘုရားသနားတော်မူသောကြောင့် စေတမန်တော်တို့သည်သူမှစ၍ မယားနှင့်သမီးနှစ်ယောက်တို့ကိုလက်ဆွဲလျက် မြို့ပြင်သို့ထုတ်ဆောင်ကြ၏။ 17 ပြင်သို့ထုတ်ဆောင်ခဲ့ပြီးသောအခါ အသက်ချမ်းသာရအံ့သောငှာပြေးလော့။ ေနာက်သို့လှည့်မကြည့်နှင့်။ မြစ်ကမ်းပြင်၌အလျင်းမနေဘဲ တောင်တန်းသို့ပြေးလော့။ သို့မဟုတ် ပယ်ရှင်းခြင်းကိုခံရလိမ့်မည်ဟုဆိုလေ၏။ 18 လောတကလည်း အရှင်ဘုရား၊ ထိုသို့မိန့်ဆိုတော်မမူပါနှင့်။ 19 ကျွန်တော်သည် ရှေ့တော်၍မျက်နှာသာရသည်ဖြစ်သဖြင့် ကျွန်တော့်အသက်ချမ်းသာစေလျက် ပြုတော်မူသောမေတ္တာကျေးဇူးကြီးလှပါ၏။ တောင်တန်းသို့ရောက်အောင် ကျွန်တော်မပြေးနိုင်ပါ။ ခုလတ်တွင်ဘေးထက်ကြပ်သင့်၍ သေမည်ကိုစိုးရိမ်ပါ၏။ ရှုတော်မူပါ။ 20 ထိုမြို့နီး၍ ပြေးသာပါ၏။ မြို့ငယ်လည်းဖြစ်ပါ၏။ အသက်ချမ်းသာရစေရန် ထိုမြို့သို့ပြေးခွင့်ပြုတော်မူပါ။ သိမ်ငယ်သောမြို့ မဟုတ်ပါလောဟုလျှောက်ဆိုသော်၊ 21 ဤအမှုအရာနှင့်စပ်၍လည်း သင့်ကိုမျက်နှာသာပေးသဖြင့် သင်တောင်းပန်သည့်အတိုင်း ထိုမြို့ကိုဖြိုလှဲမည်မဟုတ်။ 22 ထိုမြို့သို့အလျင်အမြန်ပြေးလော့။ သင်မရောက်မီ မည်သည်ကိုမျှငါမပြုနိုင်ဟု မြွက်ဆိုလေ၏။ ထိုကြောင့် ၎င်းမြို့ကို 19.22 အနက်ကား၊သိမ်ငယ်ေသာဇောရမြို့ဟု သမုတ်ကြ၏။ 23 လောတသည် ဇောရမြို့သို့ဝင်ရောက်သောအခါ နေထွက်ချိန်ဖြစ်သတည်း။ 24 ထိုအခါထာဝရဘုရားသည် စံတော်မူရာကောင်းကင်မှ သောဒုံမြို့၊ ဂေါမောရမြို့များအပေါ်သို့ ကန့်မီးကျရွာစေတော်မူ၍၊ 25 ထိုမြို့များကိုလည်းေကာင်း၊ မြစ်ကမ်းပြင်တစ်၀ှမ်းလုံးကိုလည်းေကာင်း၊ မြို့သူမြို့သားအပေါင်းတို့ကိုလည်းေကာင်း၊ မြေ၌ပေါက်သမျှကိုလည်းေကာင်း၊ ဖြိုလှဲဖျက်ဆီးတော်မူ၏။ 26 လောတမယားမှာ လိုက်သွားစဥ်လှည့်ကြည့်၍ ဆားတိုင်ဖြစ်ရရှာလေ၏။ 27 အာဗြဟံသည် နံနက်အချိန်ထ၍ ထာဝရဘုရားမျက်မှောက်တော်တွင် ရပ်ခဲ့ဘူးသောနေရာသို့သွားပြီးလျှင်၊ 28 သောဒုံမြို့၊ ဂေါမောရမြို့များမှစသော မြစ်ကမ်းပြင်တစ်၀ှမ်းလုံးကိုစီးကြည့်ရာ မီးဖိုမှအခိုးတက်သကဲ့သို့ ထိုပြည်မှအခိုးတက်သည်ကို မြင်ရလေ၏။
29 ထိုသို့ဘုရားသခင်သည် ြမစ်ကမ်းပြင်ရှိမြို့များကို ဖျက်ဆီးသောအခါ၊ အာြဗဟံကိုသတိရတော်မူ၍ လောတနေသောမြို့များကို ဖြိုလှဲဖျက်ဆီးစဥ်တွင်၊ ဖြိုလှဲရာမှလောတကိုလွှတ်တော်မူ၏။
30 လောတသည် ဇောရမြို့မှာမနေ၀ံ့သောကြောင့် ထိုမြို့မှသမီးနှစ်ယောက်နှင့်တကွ ထွက်ခဲ့၍ တောင်တန်းပေါ်တွင်နေကြ၏။ သမီးနှစ်​​ေယာက်နှင့်အတူ ဥမင်၌နေစဥ် သမီးအကြီးက၊ ငါတို့အဘအိုပြီ။ 31 လောကသားတို့ဓမ္မတာအတိုင်း ငါတို့ထံ၀င်ရောက်အံ့သော ​ေယာက်ျားတ​စ်ေယာက်မျှ မြေပေါ်မှာမရှိ။ 32 လာလော့။ ငါတို့အဘကိုစပျစ်ရည်တိုက်ကြကုန်အံ့။ အဘအားဖြင့် အမျိုးမပြတ်ဆက်နွယ်စေရန် သူနှင့်အိပ်ကြကုန်အံ့ဟု ညီမအားပြောဆို၏။ 33 ထိုညဥ့်တွင်ပင် သူတို့သည် အဘကိုစပျစ်ရည်တိုက်ပြီးလျင် သမီးအကြီး၀င်၍ သူနှင့်အိပ်လေ၏။ အိပ်ကြောင်း၊ ထကြောင်းကိုပင် အဘမသိ။ 34 နောက်နေ့၌ အစ်မက၊ ယမန်ညဥ့်တွင် ငါသည်အဘနှင့်အိပ်ခဲ့ရပြီ။ ယနေ့ညဥ့်တစ်ဖန် စပျစ်ရည်တိုက်ကြဦးအံ့။ အဘအားြဖင့် အမျိုးမပြတ်ဆက်နွယ်စေရန် သင်လည်း၀င်၍ သူနှင့်အိပ်လော့ဟု ညီမအားပြောဆို၏။ 35 ထိုညဥ့်တွင်လည်း သူတို့သည် အဘကိုစပျစ်ရည်တိုက်ပြန်ပြီးလျှင် အငယ်၀င်၍သူနှင့်အိပ်လေ၏။ အိပ်ကြောင်း၊ ထကြောင်းကိုပင် အဘမသိ။ 36 ထိုသို့လောတသမီးနှစ်ယောက်တို့သည် အဘအားြဖင့် သန္ဓေရကြသည်နှင့်၊ 37 အကြီးသည် သား​ေယာက်ျားကိုဖွား၍ မောဘအမည်ြဖင့်မှည့်လေ၏။ ထိုသူသည် ယခုတိုင်အောင်ရှိသော မောဘလူမျိုးတို့၏အဘဦးဖြစ်သတည်း။ 38 အငယ်လည်း သား​ေယာက်ျားကိုဖွား၍ ဗေနမ္မိအမည်ြဖင့်မှည့်လေ၏။ ထိုသူသည် ယခုတိုင်အောင်ရှိသော အမ္မုန်လူမျိုးတို့၏အဘဦးြဖစ်သတည်း။