20
အာဗြဟံသည် သူ့နေရာမှနေဂပ်ခရိုင်သို့ ခရီးသွားသဖြင့် ကာဒေရှမြို့နှင့်ရှုရမြို့စပ်ကြားမှာနေပြီးလျှင် ဂေရာမြို့တွင်တည်းခို၏။ ထိုအခါ မယားစာရာနှင့်စပ်၍ ငါ့နှမဖြစ်သည်ဟုပြောလေ့ရှိသောကြောင့် ဂေရာမင်းအဘိမလက်သည် လူလွှတ်၍ စာရာကိုခေါ်ဆောင်လေ၏။ ညဉ့်အချိန် အဘိမလက်မင်းအိပ်မက်တွင် ဘုရားသခင်ကြွရောက်လျက် သင်ခေါ်ဆောင်ခဲ့သူမိန်းမမှာ ကာမပိုင်လင်ရှိ၍ သင်သည်အသေဖြစ်ပြီဟုမိန့်ဆိုတော်မူလျင်၊ အဘိမလက်မင်းသည် ထိုမိန်းမနှင့်မသင့်မြတ်သေးသည်ြဖစ်၍ အရှင်ဘုရား၊ ဖြောင့်မတ်သောလူမျိုးကို ကွပ်မျက်တော်မူမည်လော။ နှမဖြစ်သည်ဟု အကျွန်ုပ်အားထို​ေယာက်ျားဆိုခဲ့သည်မဟုတ်ပါလော။ မောင်ဖြစ်သည်ဟု မိန်းမကိုယ်တိုင်လည်း ဆိုခဲ့သည်မဟုတ်ပါလော။ ရိုးသားသောစိတ်၊ အပြစ်ကင်းသောလက်ဖြင့် ဤအမှုကိုအကျွန်ုပ်ပြုမိပါပြီဟု လျှောက်ဆို၏။ ထိုအိပ်မက်တွင်ပင် ဘုရားသခင်က၊ သင်သည်ရိုးသားသောစိတ်နှင့်ပြုမှန်းကို ငါသိ၏။ ငါ့အားမပြစ်မှားစေခြင်းငှာ သင့်ကိုငါတားမြစ်ပြီ။ သို့ဖြစ်၍ ထိုမိန်းမကို သင်ထိပါးခွင့်ငါမပေးခဲ့ချေ။ ထိုကြောင့် လင်အားသူ့မယားကိုပြန်အပ်လော့။ သူသည်ပရောဖက်ဖြစ်၍ သင့်အဖို့ပဌနာပြုလျှင် သင်သည်အသက်ချမ်းသာရလိမ့်မည်။ ပြန်၍မအပ်ခဲ့မူ သင်မှစ၍ သင်နှင့်ဆိုင်သူအပေါင်းတို့သည် မုချသေရကြမည်ကိုသိမှတ်လော့ဟု မိန့်တော်မူ၏။ အဘိမလက်မင်းသည် နံနက်အချိန်ထ၍ ကျွန်အပေါင်းတို့ကိုခေါ်ပြီးလျှင် ထိုအခြင်းအရာအလုံးစုံကို ပြန်ကြားသဖြင့် အလွန်ကြောက်ကြကုန်၏။ အာဗြဟံကိုလည်း အဘိမလက်မင်းခေါ်၍ သင်သည် ငါတို့၌မည်သို့ပြုဘိသနည်း။ ငါအားလည်းေကာင်း၊ ငါ့နိုင်ငံအားလည်းေကာင်း၊ ကြီးလေးသောအပြစ်ကိုရောက်လိုစေရန် သင့်အပေါ်တွင်မည်သို့ငါပြစ်မှားသနည်း။ မပြုအပ်သောအမှုများကို ငါ၌သင်ပြုခဲ့ြပီတကားဟု မိန့်ဆိုလေ၏။ 10 အဘိမလက်မင်းကလည်း မည်သည်ကိုမြော်ြမင်၍ ထိုအမှုကိုပြုခဲ့သနည်းဟု အာဗြဟံကိုမေးပြန်လျှင်၊ 11 အာဗြဟံက၊ ဤမြို့တွင် ဘုရားသခင်ကိုခန့်ညားသောသဘောကင်းကြသည်ြဖစ်၍ မယားအတွက် ကျွန်တော်ကိုသတ်ကြလိမ့်မည်ထင်သောကြောင့် ပြုမိပါြပီ။ 12 ၎င်းပြင် သူသည်အဘတူ၊ အမိကွဲနှမမှန်ပါ၏။ ကျွန်တော့်မယားလည်းြဖစ်ပါ၏။ 13 ဘုရားသခင်သည် ကျွန်တော်ကိုဆွေမျိုးသားချင်းတို့နှင့်ခွာ၍ လှည့်လည်စေတော်မူသောအခါ ကျွန်တော်က ငါ၌သင်ပြုအပ်သောကျေးဇူးကား ရောက်လေရာရာတွင် သင့်မောင်ဖြစ်ကြောင်းပြောရမည်ဟူ၍ မယားအားမှာထားပါသည်ဟု လျှောက်ပြန်လေ၏။ 14 ထိုနောက် အဘိမလက်မင်းသည် သိုး၊ ဆိတ်၊ နွား၊ ကျွန်​ေယာက်ျား၊ ကျွန်မိန်းမများကိုယူ၍ အာဗြဟံအားပေးလျက် မယားစာရာကိုလည်းပြန်အပ်ပြီးလျှင်၊ 15 ငါ့ပြည်သည် သင့်ရှေ့တွင်ရှိ၏။ အလိုရှိရာအရပ်မှာနေလော့ဟု အမိန့်ရှိသည့်ပြင်၊ 16 စာရာအားလည်း ပါရှိသူအပေါင်းတို့တွင် မျက်နှာဖုံးအဖြစ် သင့်မောင်အား သင့်အဖို့ငွေတစ်ထောင်ကိုငါပေးပြီ။ ထိုသို့လူအပေါင်းတို့ရှေ့ သင်ကိုအသရေရှိစေပြီဟု မိန့်ဆိုလေ၏။ 17 အာဗြဟံလည်း ဘုရားသခင့်ထံပဌနာပြုသည့်အတိုင်း ဘုရားသခင်သည် အဘိမလက်မင်းမှစ၍ မိဖုရား၊ မောင်းမမိဿံတို့ကို ကျန်းမာစေတော်မူသဖြင့် သူတို့သည်သားများရကြ၏။ 18 အကြောင်းမှာ အာဗြဟံ့မယားစာရာ့အတွက် ထာ၀ရဘုရားသည် အဘိမလက်မင်း၏မိဖုရား၊ မောင်းမမိဿံအပေါင်းတို့အား သားမရစေခြင်းငှာ စီရင်တော်မူခဲ့သောကြောင့်တည်း။