18
1 ထာဝရဘုရားသည် မံရေညန်မြိုင်အနီး၊ အာဗြဟံအားထင်ရှားတော်မူသည်မှာ နေပူသောအချိန်တွင် တဲ၀၌အာဗြဟံထိုင်လျက်ရှိစဥ်၊
2 ေမျှာ်ကြည့်၍ ရှေ့တွင်ရပ်နေသူသုံးဦးတို့ကိုမြင်သောအခါ ခရီးဦးကြိုပြုရန် ထိုတဲ၀မှပြေးပြီးလျှင် ပျပ်၀ပ်ရှိခိုးလျက်၊
3 အရှင်ဘုရား၊ ကိုယ်တော့်ထံမျက်နှာသာရပါလျှင် ကျွန်တော့်ထံမှလွန်ကြွတော်မမူပါနှင့်။
4 ကျွန်တော့်ထံသို့ရောက်ရှိတော်မူကြပါပြီးဖြစ်၍ ရေအနည်းငယ်ကိုယူခဲ့ပါရစေ။ ခြေကိုဆေးပြီးလျှင် သစ်ပင်ရိပ်၌ နားေနတော်မူကြပါ။
5 ခဲဖွယ်စားဖွယ်အနည်းငယ်ကိုလည်း ယူခဲ့ပါမည်။ အားဖြည့်တင်းပြီးမှ ကြွတော်မူကြပါဟုလျှောက်သော် ထိုသူတို့က သင့်စကားအတိုင်းပြုလေလော့ဟု ဆိုကြ၏။
6 အာဗြဟံလည်း တဲအတွင်း စာရာ့ထံသို့အလျင်ဝင်သွားပြီးလျှင် ဂျုံမုန့်ညက်သုံးစိတ်ကို အမြန်ပြင်ဆင်နယ်၍ မုန့်လုပ်ပါဟုဆိုလေ၏။
7 ထိုနောက် နွားအုပ်သို့ပြေးလျက် နူးညံ့၍စားဖွယ်ကောင်းသောနွားပေါက်တစ်ကောင်ကို ယူခဲ့ပြီးလျှင် လူငယ့်လက်သို့အပ်သဖြင့် မြန်မြန်ပြင်ဆင်စေ၏။
8 တစ်ဖန်နို့ဓမ်းနှင့်နို့ရည်ကိုလည်းေကာင်း၊ ပြင်ဆင်ပြီးသောနွားပေါက်ကိုလည်းေကာင်းယူ၍ ထိုသူတို့ရှေ့ပွဲခင်းပြီးလျှင် သုံးဆောင်ကြရာ သူတို့အပါးသစ်ပင်ရိပ်တွင်ရပ်နေ၏။
9 သူတို့ကလည်း သင့်မယားစာရာသည် အဘယ်မှာရှိသနည်းဟုမေးကြလျှင်၊
10 တဲအတွင်း၌ရှိပါသည်ဟု ပြန်လျှောက်ရာ နောင်နှစ်မိုးဦးကာလ၌ သင့်ထံငါမုချပြန်လာဦးမည်ဖြစ်၍ သင့်မယားစာရာသည် သားကိုရလိမ့်မည်ဟုမိန့်မြွက်တော်မူသော် ကိုယ်တော့်နောက်တဲ၀တွင်ရှိေနသူ စာရာကြားရ၏။
11 အာဗြဟံနှင့်စာရာတို့သည် အသက်အရွယ်ကြီးရင့်လှပြီ။ စာရာလည်း မိန်းမတို့ဓမ္မတာကုန်ခန်းပြီးဖြစ်၍၊
12 စာရာက၊ ငါလည်းအိုမင်းပြီ။ သခင်လည်းအိုမင်းပြီ။ ပျော်ပါးခွင့်ငါရှိအံ့လော့ဟုဆိုလျက် စိတ်တွင်ရယ်လေ၏။
13 သင့်မယားစာရာက၊ အိုမင်းသောငါသည် သားကိုအမှန်ရနိုင်မည်လောဟုဆိုလျက် အဘယ်ကြောင့်ရယ်သနည်း။
14 ငါထာဝရဘုရားမတတ်နိုင်သောအမှု တစ်စုံတစ်ရာရှိသလော။ နောင်နှစ်ယခုအခါသမယ မိုးဦးကာလရောက်လျှင် သင့်ထံငါပြန်လာဦးမည်ဖြစ်၍ စာရာသည်သားကိုရလိမ့်မည်ဟု အာဗြဟံအားထာ၀ရဘုရားမိန့်တော်မူ၏။
15 စာရာကလည်း ကျွန်မ မရယ်ပါဟုကြောက်၍ကွယ်ဆိုလျှင် သင်မရယ်သည်မဟုတ်ဟုမိန့်တော်မူ၏။
16 ထိုအရပ်မှ သူတို့ထ၍ သောဒုံမြို့ကိုစီးကြည့်ကြရာ၊
17-18 အာြဗဟံသည် လမ်းညွှန်ရန်လိုက်လေ၏။ ထာ၀ရဘုရားကလည်း အာြဗဟံအားဖြင့် ကြီးမြတ်၍တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်သည့်ပြင် မြေပေါ်ရှိလူမျိုးခပ်သိမ်းတို့သည် ကောင်းကြီးမင်္ဂလာခံရကြလိမ့်မည်ကိုထောက်၍ ငါပြုဆဲအမှုကို အာဗြဟံအားထိမ်ချန်ရမည်လော။
19 ငါဘုရားကတိထားသည့်အတိုင်း အာြဗဟံ့အပေါ်သက်ရောက်ခွင့်ရှိစေရန် ငါဘုရား၏နည်းလမ်းကို နောက်သားနောင်လာ အိမ်သူအိမ်သားတို့စောင့်ရှောက်၍ တရားသဖြင့် ဖြောင့်မှန်စွာဆောင်ရွက်ကြရမည့်အကြောင်း ပညတ်ထားစေခြင်းငှာ ထိုသူ့ကိုငါ၁ 18.19 ပါဠိၒ ၒ- သိမှတ်ပြီရွေးကောက်ပြီဟု မြွက်ဆိုတော်မူ၏။
20 တစ်ဖန်ထာဝရဘုရားက သောဒုံ၊ ဂေါမောရမြို့များတစ်ဘက် အော်ဟစ်သံပြင်းထန်၍ ၎င်းမြို့များ အပြစ်အလွန်ကြီးလေးသောကြောင့်၊
21 ငါ့ရှေ့သို့ရောက်ရှိသောအော်ဟစ်သံအတိုင်း အမှန်ပြုမပြုကို ငါဆင်းသက်ရှုမှတ်မည်ဟု မိန့်တော်မူသော်၊
22 သူတို့သည် ထိုအရပ်ကိုကျောခိုင်း၍ သောဒုံမြို့သို့သွားကြ၏။ အာဗြဟံမူကား၊ ထာဝရဘုရားမျက်မှောက်တော်တွင် ရပ်နေသေးသတည်း။
23 ထိုအခါ အာဗြဟံတိုး၀င်၍ သူတော်ကောင်းတို့ကို မသူတော်တို့နှင့်အတူ ကိုယ်တော်ပယ်ရှင်းတော်မူမည်လော။
24 ထိုမြို့တွင် အကယ်၍သူတော်ကောင်းငါးဆယ်ရှိလျှင် ထိုသူတော်ကောင်းငါးဆယ်အတွက် ၎င်းမြို့ကိုမနှမြောဘဲ ပယ်ရှင်းတော်မူမည်လော။
25 ထိုသို့သူတော်ကောင်းတို့ကို မသူတော်တို့နှင့်ရောပြွမ်း၍ ကွပ်မျက်ရခြင်းအမှုသည် ကိုယ်တော်နှင့်ကင်းေ၀းပါစေသော။ မြေတစ်ပြင်လုံး၏တရားမင်းသည် တရားသဖြင့်ပြုတော်မူမည်မဟုတ်လောဟုလျှောက်ဆိုရာ၊
26 သောဒုံမြို့အတွင်း သူတော်ကောင်းငါးဆယ်ငါတွေ့ရလျှင် သူတို့အတွက်တစ်မြို့လုံးကို ငါနှမြောမည်ဟု ထာ၀ရဘုရားမိန့်တော်မူ၏။
27 တစ်ဖန်အာဗြဟံက၊ မြေမှုန့်နှင့်ဖုတ်မျှသာဖြစ်သောအကျွှန်ုပ်သည် အရှင်ဘုရားအားေလျှာက်၀ံ့သည်မှာ၊
28 ဆိုခဲ့သောသူတော်ကောင်းငါးဆယ်အနက် အကယ်၍ငါးေယာက်လျော့လျှင် ထိုငါးေယာက်လျော့သောကြောင့် တစ်မြို့လုံးကိုဖျက်ဆီးတော်မူမည်လောဟု မေးလျှောက်ပြန်သော် ထိုမြို့တွင်လေးဆယ့်ငါးေယာက်ကိုတွေ့ရလျှင် ငါဖျက်ဆီးမည်မဟုတ်ဟု မိန့်တော်မူ၏။
29 တစ်ဖန် ထိုမြို့တွင်အကယ်၍ လေးဆယ်ကိုတွေ့တော်မူအံ့ဟုလျှောက်ဆိုပြန်လျှင် ထိုလေးဆယ့်အတွက် ငါစီရင်မည်မဟုတ်ဟု မိန့်တော်မူ၏။
30 နောက်တစ်ဖန် အရှင်ဘုရား၊ စိတ်ရှိတော်မမူပါနှင့်။ အကျွန်ုပ်လျှောက်ပါရစေဦး။ ထိုမြို့တွင်အကယ်၍သုံးဆယ်ကိုတွေ့တော်မူအံ့ဟု လျှောက်ဆိုပြန်သော် ထိုမြို့တွင်သုံးဆယ်ကိုတွေ့ရလျှင် ငါစီရင်မည်မဟုတ်ဟု မိန့်တော်မူ၏။
31 တစ်ဖန်အကျွန်ုပ်သည် အရှင်ဘုရားအားလျှောက်၀ံ့သည်မှာ ထိုမြို့တွင် အကယ်၍နှစ်ဆယ်ကို တွေ့တော်မူအံ့ဟု လျှောက်ဆိုပြန်သော် နှစ်ဆယ့်အတွက်ငါဖျက်ဆီးမည်မဟုတ်ဟု မိန့်တော်မူ၏။
32 အရှင်ဘုရား၊ စိတ်ရှိတော်မမူပါနှင့်။ ယခုတစ်ကြိမ်သာအကျွန်ုပ်လျှောက်ပါရစေဦး။ ထိုမြို့တွင် အကယ်၍တစ်ဆယ်ကိုတွေ့တော်မူအံ့ဟု လျှောက်ဆိုပြန်သော် တစ်ဆယ့်အတွက်ငါဖျက်ဆီးမည်မဟုတ်ဟု မိန့်တော်မူ၏။
33 ထာဝရဘုရားသည် အာဗြံဟံအားမိန့်မြွက်တော်မူခြင်းကိုအဆုံးသတ်ပြီးမှ ကြွသွားတော်မူ၏။ အာဗြဟံလည်း ကိုယ့်နေရာသို့ပြန်သွားလေ၏။