2
1 ထိုကာလ လေဝိသမီးနှင့် လေဝိအနွယ်သားတစ်ဦးအိမ်ထောင်ဘက်ပြု၍၊
2 ထိုမိန်းမသည် သေန္ဓရသဖြင့် သားယောက်ျားကိုဖွားမြင်လျှင် ၎င်းသားအဆင်းလှသည်ကိုမြင်၍ သုံးလပတ်လုံးဝှက်ထားလေ၏။
3 ထိုထက်ကြာအောင် မဝှက်နိုင်သောကြောင့် ကိုင်းရိုးဖြင့်ရက်သောကြုတ်ကိုယူ၍ ကတ္တရာစေးသစ်စေးနှင့် သုတ်လူးပြီးလျှင် ကြုတ်တွင်သားငယ်ကိုထည့်၍ မြစ်ကမ်းစကျူတော၌ထားလေ၏။
4 သူငယ့်အစ်မလည်း မည်သို့ဖြစ်မည်ကိုသိလို၍ အဝေးမှရပ်ကြည့်နေခိုက်၊
5 ဖာရောမင်း၏သမီးတော်သည် အပျိုတော်တို့ကမ်းခြေလှည့်လည်ကြစဉ်၊ မြစ်၌ရေသုံးသပ်ရန်ဆင်းသွားရာ ကျူတောတွင်ကြုတ်ကိုမြင်၍ ဆောင်ယူခဲ့စေရန် ကျွန်မိန်းမတစ်ယောက်ကိုခိုင်းသည့်အတိုင်း
6 ကြုတ်ကိုဖွင့်သောအခါ ငိုလျက်နေသောထိုသူငယ်ကိုမြင်သဖြင့် သနား၍ ဤသူငယ်ကား ဟေဗြဲအမျိုးဖြစ်လေစွဟု ဆိုသော်၊
7 သူငယ့်အစ်မက၊ သခင်မအဖို့ သူငယ်ကိုမွေးမြူရန် ဟေဗြဲနို့ထိန်းတစ်ယောက်ကို ကျွန်မသွား၍ခေါ်ခဲ့ရပါအံ့လောဟု ဖာရောမင်း၏သမီးတော်အားမေးလျှောက်ရာ၊
8 သွားချေဟုမင်းသမီးဆိုသည့်အတိုင်း၊
9 မိန်းမငယ်သွား၍ သူငယ့်မိခင်ကိုခေါ်ခဲ့လျှင် ဖာရောမင်း၏သမီးတော်က၊ ဤသူငယ်ကိုယူသွား၍ ငါ့အဖို့မွေးလော့။ နို့ဖိုးကိုငါပေးမည်ဟုဆိုသည်နှင့်အညီ ထိုမိန်းမသည်သူငယ်ကိုယူသွား၍ မွေးမြူလေ၏။
10 သူငယ်ကြီးပွား၍ ဖာရောမင်း၏သမီးတော့်ထံသွင်းခဲ့သော် မင်းသမီးသည်သားအရာ၌ထားလျက် ရေထဲမှငါ၁ 2.10 ပါဠိ - ေမာေရှဟူေသာအမည်နှင့်ညီ၏။ဆယ်ယူရသည်ဟုဆို၍ မောရှေအမည်ဖြင့်မှည့်၏။
11 မောရှေသည် အရွယ်ရောက်သောအခါ ကိုယ့်အမျိုးသားချင်းတို့ရှိရာသို့သွား၍ ၎င်းတို့အလုပ်ဝန်များကို ကြည့်ရှုရာ၊ အမျိုးသားချင်းဖြစ်သော ဟေဗြဲလူတစ်ယောက်ကို အိဂျစ်လူရိုက်နှက်သည်ကိုမြင်လျှင်၊
12 ထိုထိုဤဤလှည့်ကြည့်လျက် လူသူမရှိကြောင်းသိမြင်သောအခါ အိဂျစ်လူကိုရိုက်သတ်၍ သဲထဲတွင်မြှုပ်ဝှက်လေ၏။
13 နောက်နေ့ထွက်သွားပြန်သော် ဟေဗြဲလူချင်းနှစ်ယောက် သတ်ပုတ်လုံးထွေးကြသည်ကိုမြင်လျှင်၊ သင်သည်အပေါင်းအဖော်ချင်းကို အဘယ်ကြောင့်ရိုက်နှက်သနည်းဟု လွန်ကျူးသူအားမေးသော်၊
14 ထိုသူက၊ ငါတို့အပေါ်တွင် သင့်ကိုအုပ်ချုပ်သူအဖြစ်၊ တရားသူကြီးအဖြစ် မည်သူခန့်ထားသနည်း။ အိဂျစ်ပြည်သားကို သတ်ပစ်သည့်နည်းတူ ငါ့ကိုလည်းသတ်ရန်ကြံစည်သလောဟု ပြန်ဆိုလျှင် မောရှေသည် ဤအမှုဧကန်ပေါ်ပြီဟုအောက်မေ့လျက် ကြောက်လေ၏။
15 ထိုအမှုသတင်းကို ဖာရောမင်းကြားသောအခါ မောရှေကိုကွပ်မျက်ရန်ရှာကြံသဖြင့် မောရှေသည် ဖာရောမင်းထံမှထွက်ပြေး၍ မိဒျန်ပြည်တွင်နေထိုင်၏။ ရေတွင်းအနီးထိုင်နေသောအခါ၊
16 မိဒျန်ပရောဟိတ်၌ရှိသော သမီးခုနစ်ယောက်တို့သည် အဘသိုးဆိတ်များကို ရေတိုက်ရန်လာရောက်ခပ်လောင်း၍ စားခေါင်းကိုပြည့်စေကြရာ၊
17 အခြားသိုးထိန်းတို့လည်းလာ၍ ထိုသမီးတို့ကိုနှင်ထုတ်ကြသော် မောရှေထရပ်ကူညီလျက် သိုးဆိတ်များကိုရေတိုက်လေ၏။
18 ၎င်းသမီးတို့သည် အဘရွေလထံရောက်ကြလျှင် အဘက၊ အဘယ်ကြောင့် ယနေ့အမြန်ရောက်လာကြသနည်းဟုမေးသော်၊
19 အိဂျစ်ပြည်သားတစ်ယောက်သည် ကျွန်မတို့ကို သိုးထိန်းတို့လက်မှကယ်၍ ရေကိုလည်းခပ်ပေးလျက် သိုးဆိတ်များကိုတိုက်ပါသည်ဟု ပြန်ပြောကြသည်နှင့်၊
20 အဘက၊ ထိုသူကားအဘယ်မှာနည်း။ အဘယ်ကြောင့်ထားခဲ့ကြသနည်း။ အစာစားစေရန်ခေါ်ချေဟု သမီးတို့အားဆို၏။
21 မောရှေလည်း ထိုသူ့ထံနေလိုသည်နှင့်အညီ မောရှေကိုသမီးဇိပေါရနှင့်ထိမ်းမြား၍၊
22 ထိုမိန်းမသားယောက်ျားကိုဖွားလျှင် မောရှေက၊ သူစိမ်းပြည်တွင်ငါ၁ 2.22 ပါဠိ - ေဂရဧည့်သည်ဖြစ်သည်ဟုဆိုလျက် ဂေရရှုံအမည်ဖြင့်မှည့်လေ၏။
23 ကာလအတန်ကြာသော် အိဂျစ်ဘုရင်ကွယ်လွန်သတည်း။ ဣသရေလအမျိုးသားတို့လည်း ကျွန်ခံရသောအဖြစ်ကြောင့် ညည်းတွားအော်ဟစ်ကြကုန်၏။ ထိုအဖြစ်ကြောင့် ဟစ်ကြသောအသံသည် ဘုရားသခင့်အထံတော်သို့တက်ရောက်၍၊
24 ထိုသူတို့မြည်တမ်းသံကို ဘုရားသခင်ကြားတော်မူလျှင် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ဖွဲ့ခဲ့သောပဋိညာဉ်ကို သတိရလျက်၊
25 ဣသရေလအမျိုးသားတို့ကို ရှုမြင်သိမှတ်တော်မူ၏။