3
1 မောရှေသည်၊ ယောက္ခမဖြစ်သူ မိဒျန်ပရောဟိတ်ယေသရော၏သိုးဆိတ်များကို ထိန်းကျောင်းရာတွင် သဲတောအနောက်ဘက်သို့ဆောင်သွား၍ ဟောရပ်ခေါ် ဘုရားသခင်တောင်တော်သို့ရောက်သော်၊
2 ချုံထဲမှထွက်သောမီးလျှံတွင် ဘုရားသခင့်စေတမန်တော်ထင်ရှားသဖြင့် မီးတောက်လျက် ချုံမကျွမ်းသည်ကို မောရှေမြင်ရာ၊
3 အဘယ်ကြောင့် ချုံမလောင်ကြောင်းသိလို၍ ဤထူးဆန်းသောပြာဋိဟာကို ငါလှည့်သွားကြည့်ဦးအံ့ဟုကြံသည့်အတိုင်း၊
4 လှည့်ကြည့်သည်ကို ထာဝရဘုရားမြင်တော်မူလျှင် မောရှေ၊ မောရှေဟု ချုံထဲမှခေါ်တော်မူ၏။ အကျွန်ုပ်ရှိပါသည်ဟု မောရှေထူးလေသော်၊
5 ဘုရားသခင်က၊ ဤသို့မချဉ်းလင့်။ သင်ရပ်တန့်သောနေရာကား သန့်ရှင်းသောမြေဖြစ်သောကြောင့် ဖိနပ်ကိုချွတ်လော့ဟူ၍လည်းေကာင်း၊
6 ငါသည်သင့်အဘ၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်ဟူ၍လည်းေကာင်း မိန့်တော်မူလျှင် မောေရှသည် ဘုရားသခင်ကိုမဖူးဝံ့သောကြောင့် မျက်နှာကိုကွယ်ဝှက်လေ၏။
7 ထိုအခါ ထာဝရဘုရားက၊ အိဂျစ်ပြည်ရှိငါ့လူမျိုးခံရသော ညှဉ်းပန်းခြင်းကို ဒိဋ္ဌငါမြင်ပြီ။ အအုပ်အချုပ်တို့ကြောင့် အော်ဟစ်သံကိုငါကြားပြီ။ ၎င်းတို့ဒုက္ခဝေဒနာအကြောင်းကိုလည်းငါသိပြီ။
8 သူတို့ကို အိဂျစ်လူတို့လက်တွင်းမှ ကယ်လွှတ်၍ ခါနနိ၊ ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိလူမျိုးတို့နေရာ၊ သာယာကျယ်ဝန်းလျက် နို့ရည်ပျားရည်လွှမ်းစီးသောပြည်သို့ ထိုပြည်ကပို့ဆောင်ရန် ငါသက်ဆင်းပြီ။
9 ယခုလည်း ဣသရေလအမျိုးသားတို့အော်ဟစ်သံသည် ငါ့ထံသို့ရောက်၍ ထိုသူတို့အား အိဂျစ်လူတို့နှိပ်စက်ညှဉ်းပန်းခြင်းအမှုကို ငါမြင်ပြီးဖြစ်သောကြောင့်၊
10 ငါ့လူမျိုးတော် ဣသရေလအမျိုးသားတို့ကို အိဂျစ်ပြည်မှထုတ်ဆောင်ရန် ဖာရောမင်းထံ သင့်ကိုငါစေလွှတ်မည်ဟု မိန့်တော်မူ၏။
11 မောရှေကလည်း၊ ဖာရောမင်းထံဝင်၍ ဣသရေလအမျိုးသားတို့ကို အိဂျစ်ပြည်မှထုတ်ဆောင်နိုင်ရန် အကျွန်ုပ်ကားမည်သူနည်းဟု ဘုရားသခင်အား ပြန်လျှောက်လျှင်၊ သင်နှင့်အတူငါရှိမည်။
12 သင့်ကိုငါစေလွှတ်သောအထိမ်းအမှတ်ကား ထိုလူမျိုးကိုအိဂျစ်ပြည်မှ သင်ထုတ်ဆောင်ပြီးသော်၊ ဤတောင်တော်ပေါ်တွင် ငါဘုရားအားဝတ်ပြုရကြလတ္တံ့ဟု ဘုရားသခင်မိန့်တော်မူ၏။
13 မောရှေကလည်း၊ ဣသရေလအမျိုးသားတို့ထံ အကျွန်ုပ်ရောက်၍ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်သည် သင်တို့ရှိရာသို့ ငါ့ကိုစေလွှတ်တော်မူပြီဟုဆိုလျှင် ထိုဘုရား၏နာမတော်ကား အသို့နည်းဟုမေးခဲ့ကြသော် အဘယ်သို့ပြန်ပြောရပါမည်နည်းဟူ၍ ဘုရားသခင်အားမေးလျှောက်ရာ၊
14 ဘုရားသခင်က၊ ငါသည်ငါဖြစ်၏ဟူ၍လည်းေကာင်း၊ ၁ 3.14 ပါဠိ - ေယေဟာ၀ါငါဖြစ်သည်မည်သောကိုယ်တော်သည် သင်တို့ရှိရာသို့စေလွှတ်တော်မူကြောင်း ဣသရေလအမျိုးသားတို့အား ပြန်ပြောလော့ဟူ၍လည်းေကာင်း မောရှေအားမိန့်တော်မူ၏။
15 တစ်ဖန်မောရှေအား ဘုရားသခင်မိန့်တော်မူသည်မှာ၊ သင်တို့ဘိုးဘေးများ၏ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် သင်တို့ရှိရာသို့ ငါ့ကိုစေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အားကြားပြောရမည်။ ထိုအမည်ကား၊ ကာလအစဉ်ငါ့အမည်၊ လူမျိုးအဆက်ဆက် ငါ့၁ 3.15 ပါဠိ - အထိမ်းအမှတ်ဘွဲ့နာမဖြစ်၏။
16 သွား၍ဣသရေလလူကြီးတို့ကို စည်းဝေးစေပြီးလျှင် သင်တို့ဘိုးဘေးများ၏ဘုရားသခင်၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အားထင်ရှားတော်မူလျက် သင်တို့ကိုလည်းေကာင်း၊ အိဂျစ်ပြည်၌သင်တို့အားပြုကြသောအမှုကိုလည်းေကာင်း ဒိဋ္ဌငါကြည့်ရှုမှတ်ထားပြီ။
17 အိဂျစ်ပြည်၌ ခံရသောညှဉ်းပန်းခြင်းမှ၊ ခါနနိ၊ ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိလူမျိုးတို့နေရာ၊ နို့ရည်ပျားရည်လွှမ်းစီးသောပြည်သို့ သင်တို့ကိုပို့ဆောင်ရန် ငါပြဋ္ဌာန်းပြီဟု မိန့်တော်မူကြောင်း ကြားပြောလော့။
18 သင့်စကားကို ထိုသူတို့နားထောင်ကြသည်နှင့်အညီ သင်သည်ဣသရေလလူကြီးတို့နှင့်တကွ အိဂျစ်ဘုရင့်ထံဝင်ပြီးလျှင် ဟေဗြဲလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ကျွန်တော်တို့နှင့်တွေ့ကြုံတော်မူပြီဖြစ်၍၊ ကျွန်တော်တို့ဘုရားသခင်ထာဝရဘုရားအား ပူဇော်ရန် တောသို့သုံးရက်ခရီးသွားခွင့်ပြုတော်မူပါဟု လျှောက်တောင်းရမည်။
19 အိဂျစ်ဘုရင်သည် အားကြီးသောလက်ရုံးတော်ဒဏ်ခံရလျက်ပင် သွားခွင့်မပေးအံ့သည်ကို ငါသိ၏။
20 ငါလည်း လက်ရုံးတော်ဆန့်၍ အိဂျစ်ပြည်တွင်ပြုလတ္တံ့သော အံ့ဖွယ်ရာအမှုတော်ရှိသမျှဖြင့် ထိုပြည်ကိုဒဏ်သင့်စေမည်။ ထိုနောက်မှ သင်တို့ကိုလွှတ်လိမ့်မည်။
21 ထိုလူမျိုးကို အိဂျစ်လူတို့ထံ မျက်နှာသာရစေ၍ သင်တို့ထွက်သွားရာကာလ လက်ချည်းမသွားရဘဲ၊
22 မိန်းမတို့က၊ ကိုယ့်အိမ်နီးချင်း၊ အိမ်တွင်တည်းခိုသူတို့ထံ ရွှေထည်၊ ငွေထည်၊ အဝတ်ထည်များကိုတောင်း၍ သင်တို့သားသမီးများကိုဝတ်ဆင်စေလျက် အိဂျစ်လူတို့ဥစ္စာကို သိမ်းသွားရကြလတ္တံ့ဟု မိန့်တော်မူ၏။