17
1 ဣသရေလအမျိုးသားအပေါင်းပရိသတ်သည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သိန်တောမှခရီးကောက်ချီ၍၊ ရေဖိဒိမ်စခန်း၌ စွဲရပ်ကြ၏။ ၎င်းစခန်းတွင် သောက်ရန်ရေမရှိသောကြောင့်၊
2 ထိုလူမျိုးက၊ သောက်ရန်ရေပေးပါဟုဆို၍ မောရှေကိုရန်ပြုကြလျှင် ငါ့ကိုအဘယ်ကြောင့်ရန်ပြုကြသနည်း။ ထာ၀ရဘုရားကိုလည်း အဘယ်ကြောင့်စုံစမ်းကြသနည်းဟု မောရှေပြန်ဆို၏။
3 လူမျိုးရေငတ်သဖြင့် မောရှေအားညည်းညူလျက် ငါတို့မှစသောသားသမီးတိရစ္ဆာန်တို့ကို ရေငတ်၍သေစေရန် အိဂျစ်ပြည်မှအဘယ်ကြောင့် ဆောင်ခဲ့သနည်းဟုဆိုကြသော်၊
4 မောရှေသည် ထာဝရဘုရားထံဟစ်၍ ဤလူမျိုးအား အကျွန်ုပ်မည်သို့ပြုရပါအံ့နည်း။ အကျွန်ုပ်ကိုခဲနှင့်ပစ်လုကြပါပြီဟူ၍ လျှောက်လေ၏။
5 ထာဝရဘုရားကလည်း၊ ဣသရေလလူကြီးတို့ကိုခေါ်ပြီးလျှင် နိလမြစ်ကိုရိုက်ခဲ့သောသင့်တောင်ဝေးကိုကိုင်စွဲလျက် လူမျိုးအားရှေ့ဆောင်၍သွားလော့။
6 ဟောရပ်အရပ်၌ ကျောက်တောင်ပေါ်တွင် သင့်ရှေ့ငါရပ်တန့်မည်။ ထိုကျောက်တောင်ကိုသင်ရိုက်သဖြင့် လူမျိုးသောက်ရန်ရေထွက်လိမ့်မည်ဟု မောရှေအား မိန့်တော်မူသည့်အတိုင်း ဣသရေလလူကြီးတို့ရှေ့ မောရှေပြုလေ၏။
7 ဣသရေလအမျိုးသားတို့ ရန်ပြုလျက် ငါတို့တွင်ထာဝရဘုရား ရှိ၊ မရှိလောဟု ထာဝရဘုရားအား စုံစမ်းကြောင်းအစွဲပြုသဖြင့် ထိုအရပ်ကို၁ 17.7 အနက်ကား၊ စုံစၔမ်းမဿာဟူ၍လည်းေကာင်း၊ ၂ 17.7 အနက်ကား၊ ရန်ပြုမေရိဘဟူ၍လည်းေကာင်း သမုတ်သတည်း။
8 ထိုနောက်အာမလက်လူတို့ချီလာလျက် ရေဖိဒိမ်အရပ်တွင် ဣသရေလလူတို့နှင့်စစ်တိုက်ကြရာတွင်၊
9 ယောရှုအား မောရှေက၊ လူများကိုရွေးချယ်၍ အာမလက်လူတို့နှင့်စစ်တိုက်ခြင်းငှါ ထွက်ချီလော့။ ငါမူကား၊ နက်ဖြန်နေ့၌ ဘုရားသခင့်တောင်ဝေးတော်ကိုကိုင်စွဲလျက် တောင်ထိပ်ပေါ်က ရပ်တန့်မည်ဟုဆို၏။
10 မောရှေမှာထားသည့်အတိုင်း အာမလက်လူတို့နှင့်စစ်တိုက်ရန် ယောရှုစီမံ၍ မောရှေ၊ အာရုန်၊ ဟုရတို့သည် တောင်ထိပ်သို့တက်ကြပြီးနောက်၊
11 မောရှေလက်ချီ၍ထားစဉ် ဣသရေလလူတို့အရေးသာ၏။
12 လက်ချလျှင် အာမလက်လူတို့သာ၏။ သို့ရာတွင် မောရှေလက်ညောင်းသောကြောင့် အာရုန်၊ ဟုရတို့သည် ကျောက်ကိုယူ၍ မောရှေထိုင်စေရန် အောက်သို့သွင်းထားပြီးလျှင်၊ တစ်ယောက်တစ်ဖက်စီလက်ကိုမကြသဖြင့် နေဝင်သည့်တိုင်အောင် လက်များတည်မြဲလေ၏။
13 ယောရှုသည် အာမလက်လူမျိုးကိုလုပ်ကြံ၍ ဓားဘေးသင့်စေပြီးလျှင်၊
14 မောရှေအားထာဝရဘုရားက အာမလက်ဟူသောအမှတ်ကို မိုးကောင်းကင်အောက်မှ ငါချေဖျောက်မည်ဖြစ်သောကြောင့် ဤအောင်မှုကိုမှတ်သားရန် စာရင်းသွင်း၍ ယောရှုအား ဖတ်ကြားလော့ဟုမိန့်တော်မူ၏။
15 မောရှေလည်း ပူဇော်ရာပလ္လင်တော်ကိုတည်၍ ၁ 17.15 ထာ၀ရဘုရားသည်ငါ့အလင်းဖြစ်၏။ယေဟော၀ါနိဿိဟု သမုတ်လေ၏။
16 ၎င်းပြင် မောရှေက၊ ထာဝရဘုရားသည် အာမလက်လူတို့အား အမျိုးအစဉ်အဆက်စစ်တိုက်တော်မူလိမ့်မည်ဟူ၍၊ ထာဝရဘုရား၏ပလ္လင်တော်သို့ လက်မြှောက်လျက် သစ္စာပြုလေပြီဟုဆိုသတည်း။