18
1 ဣသရေလလူတို့ကို အိဂျစ်ပြည်မှ ထာဝရဘုရားထုတ်ဆောင်တော်မူရာ မောရှေနှင့်အမျိုးသားချင်း ဣသရေလလူတို့အဖို့ ဘုရားသခင်ပြုတော်မူသမျှကို မောရှေ့ယောက္ခမဖြစ်သူ မိဒျန်ပရောဟိတ်ယေသရောကြားသော်၊
2-5 ယမန်မောရှေက၊ သူစိမ်းပြည်တွင် ငါ၂ 18.2-5 ပါဠိ၊ ေဂရရှုံဧည့်သည်ဖြစ်သည်ဟုဆိုလျက် ဂေရရှုံ့အမည်မှည့်သောသားတစ်ယောက်၊ ငါ့အဘ၏၃ 18.2-5 ဧလျာဇာနှင့်တူၔ၏။ဘုရားသခင်ထောက်မ၍ ဖာရောမင်း၏ဓားဘေးမှ ငါ့ကိုကယ်လွှတ်တော်မူပြီဟုဆိုလျက် ဧလျေဇာအမည်မှည့်သောသားတစ်ယောက်၊ ဤသားနှစ်ယောက်နှင့် မောရှေပြန်လွှတ်လိုက်သောမယားဇိပေါရတို့ကို ယောက္ခမဖြစ်သူယေသရောသည် ခေါ်သွားပြီးလျင် ဘုရားသခင့်တောင်တော်၊ စွဲရပ်ရာတောသို့ မောရှေထံဆိုခဲ့သူတို့နှင့်အတူ ရောက်လေ၏။
6 ယေသရောက၊ သင့်ယောက္ခမဖြစ်သူ ငါယေသရောနှင့် သင့်မယား၊ သားနှစ်ယောက်တို့ပါ သင့်ထံရောက်လာပြီဟု မောရှေအားကြားပြောစေလျှင်၊
7 ယောက္ခမကိုခရီးဦးကြိုပြုခြင်းငှါ မောရှေထွက်၍ ရှိခိုးနမ်းရှုပ်လျက် သာကြောင်းမာကြောင်းကို အချင်းချင်းမေးမြန်းပြီးမှ တဲသို့ဝင်ကြ၏။
8 ဣသရေလလူတို့အတွက် ဖာရောမင်းနှင့်အိဂျစ်လူတို့အပေါ်တွင် ထာဝရဘုရားစီရင်တော်မူသမျှကိုလည်းေကာင်း၊ လမ်းခရီး၌တွေ့ကြုံသမျှသောဒုက္ခကိုလည်းေကာင်း၊ ထာဝရဘုရားကယ်လွှတ်တော်မူခြင်းအကြောင်းကိုလည်းေကာင်း၊ ယောက္ခမအား မောရှေကြားပြောရာ၊
9 ယေသရောသည်၊ ဣသရေလလူမျိုးကို အိဂျစ်လူတို့လက်မှ ထာဝရဘုရားကယ်လွှတ်၍ ပြုတော်မူသောကျေးဇူးကြောင့် ဝမ်းေမြာက်လျက်၊
10 သင်တို့ကို အိဂျစ်လူများနှင့်ဖာရောမင်းလက်မှ ကယ်လွှတ်တော်မူသောဘုရား၊ လူမျိုးတော်ကိုပင် အိဂျစ်လူတို့လက်အောက်မှ ကယ်လွှတ်တော်မူသောထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
11 လူမျိုးတော့်တစ်ဘက် ထကြွထောင်လွှားသူတို့အမှုတွင်ပင် ထာဝရဘုရားသည် ဘုရားဟူသမျှထက်ကြီးမြတ်တော်မူကြောင်း ငါသိပြီဟုဆို၏။
12 ထိုနောက် မောရှေ့ယောက္ခမယေသရောသည် ဘုရားသခင်အားဆက်ကပ်ရန် မီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာများကို ဆောင်လှူပြီးလျှင် အာရုန်နှင့်ဣသရေလလူကြီးအပေါင်းတို့လည်း မောရှေယောက္ခမနှင့်အတူ ဘုရားသခင့်ရှေ့တော်တွင် အစာသုံးဆောင်ခြင်းငှါ ဝင်လာကြ၏။
13 နောက်နေ့၌ မောရှေသည်လူများကို တရားစီရင်ရန်ထိုင်သောအခါ နံနက်မှစ၍ ညဉ့်ဦးတိုင်အောင် မောရှေ့ရှေ့ အများတို့နေရကြ၏။
14 လူမျိုးအပေါ်မောရှေပြုရသမျှကို ယောက္ခမမြင်လျှင် လူများတို့အပေါ်ပြုရသောအမှုကား အသို့နည်း။ သင်သည်တစ်ယောက်တည်းထိုင်လျက် လူအပေါင်းတို့လည်း နံနက်မှစ၍ညဉ့်ဦးတိုင်အောင် သင့်ရှေ့မှာ အဘယ်ကြောင့် နေရကြသနည်းဟုမေးသော်၊
15 မောရှေက၊ ဤလူတို့သည် ဘုရားသခင်ကိုမေးလျှောက်ရန် ကျွန်ုပ်ထံလာသောကြောင့်ဖြစ်ပါ၏။
16 အမှုရှိလျှင်လည်း ကျွန်ုပ်ထံလာ၍ အချင်းချင်းကြားတွင်ကျွန်ုပ်ဆုံးဖြတ်လျက် ဘုရားသခင့်ထုံးဖွဲ့ချက်၊ ဥပဒေချက်များကိုကြားသိစေသည်ဟု ယောက္ခမအားပြန်ပြောလေ၏။
17 ထိုအခါ မောရှေယောက္ခမက၊ သင်ပြုသောအရာကား မသင့်လျော်ချေ။
18 သင်မှစ၍အတူရှိသောလူမျိုးသည် ပင်ပန်းနွမ်းရိကြလိမ့်မည်။ ဤအရာသည် သင်တစ်ယောက်တည်းမတတ်နိုင်အောင် လေးသောအရာဖြစ်၏။
19 ငါ့စကားကိုနာခံလော့။ ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူစေရန် ငါအကြံပေးမည်။ သင်သည်လူမျိုးအဖို့ ဘုရားသခင့်ကိုယ်စားပြုလျက် ၎င်းအမှုများကိုဘုရားသခင့်အထံတော်သို့ တင်သွင်း၍၊
20 သူတို့အားထုံးဖွဲ့ချက်၊ ဥပဒေချက်များကိုသင်ကြားသဖြင့် သွားရသောလမ်း၊ ကျင့်ရသောအကျင့်များကို ကြားသိစေရမည်။
21 ထိုမှတစ်ပါး ဘုရားသခင်ကိုခန့်ညားလျက်၊ သစ္စာစောင့်လျက်၊ လောဘကိုရွံရှာသောစွမ်းရည်ရှိသူတို့ကို လူတစ်မျိုးလုံးထဲမှ ရွေးချယ်၍ တစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ်ခန့်ထားပြီးလျှင်၊
22 ထိုသူတို့သည် မည်သည့်အချိန်အခါမဆို လူမျိုးကိုတရားစီရင်ကြစေ။ အမှုကြီးရှိသမျှကို သင့်ထံသွင်းစေ၍ အမှုငယ်များကိုကား ကိုယ်တိုင်စီရင်ကြစေ။ ထိုသို့သူတို့ကူညီဆောင်ရွက်ကြသဖြင့် သင်သက်သာရလိမ့်မည်။
23 ဘုရားသခင်ခွင့်ပြု၍ ထိုအတိုင်းစီမံလျှင် သင်သည်တည်တံ့နိုင်လိမ့်မည်။ ဤလူအပေါင်းတို့လည်း စိတ်ဧလျက် ကိုယ့်နေရာသို့သွားရကြလိမ့်မည်ဟု ပြောဆို၏။
24 မောရှေလည်း ယောက္ခမစကားကိုနာခံသဖြင့် အကြံပေးသမျှအတိုင်းပြုလျက်၊
25 ဣသရေလတစ်မျိုးလုံးထဲမှ စွမ်းရည်ရှိသူတို့ကို ရွေးကောက်၍ လူမျိုးအပေါ်တွင် တစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်၊ ဦးစီးဦးကိုင်အဖြစ်ခန့်ထားပြီးမှ၊
26 ထိုသူတို့သည် မည်သည့်အချိန်အခါမဆို လူမျိုးကိုတရားစီရင်လျက် ခက်ခဲသောအမှုများကို မောရှေ့ထံသွင်း၍ သေးငယ်သောအမှုရှိသမျှကိုကား ကိုယ်တိုင်စီရင်ကြ၏။
27 ထိုနောက် ပြန်သွားရန်မောရှေခွင့်ပြုသည့်အတိုင်း၊ ယောက္ခမသည် နေရင်းပြည်သို့သွားလေ၏။