2
ထိုနောက်၊ အာရွှေရုမင်းစိတ်ပြေသောအခါ၊ ဝါရှတိနှင့်သူပြုသောအမှုကိုလည်းေကာင်း၊ စီရင်ချက်ကိုလည်းေကာင်း၊ သတိရသော်၊ အထံတော်၌ခစားသောကျေးကျွန်သင်းပင်းတို့က၊ အဆင်းလှသောသမီးကညာတို့ကို၊ ဘုရင်မင်းအဖို့ရှာကြပါစေ။ တွေ့ခဲ့သမျှအဆင်းလှသောထိုသမီးကညာတို့ကို၊ ရှုရှန်မှန်နန်းတော်တွင်၊ ဘုရင်မင်းမိန်းမစိုးဖြစ်သူဟေဂဲလက်သို့အပ်စေခြင်းငှာ၊ နိုင်ငံတော်ပြည်ထောင်တကာတွင်ကြီး ကြပ်သူတို့ကို ခန့်ထားတော်မူပါ။ ကိုယ်ကိုလိမ်းကျံရန်နံ့သာအမျိုးမျိုးအပ်ပေးစေ၍၊ ဘုရင်မင်းမြတ်နိုးတော်မူသောကညာကို၊ ဝါရှတိအရာ၌မိဖုရားမြှောက်တော်မူပါဟုတင်လျှောက်သည့်စကားအတိုင်း၊ ဘုရင်မင်းနှစ်သက်၍စီရင်လေ၏။
5-6 ထိုအခါ၊ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသိမ်းသွားရာပါ၊ ယုဒဘုရင်ယေခေါနိမင်းနှင့်တကွ၊ ယေရုရှလင်မြို့မှ သုံ့ပန်းခံရသူတို့အနက်၊ ယုဒလူမျိုး၊ ဗင်္ယာမိန့်အနွယ်၊ ကိရှမြစ်၊ ရှိမိမြေး၊ ယာဣရသား၊ မော်ဒကဲအမည်ရှိသူတစ်ယောက်သည်၊ ရှုရှန်နန်းမြို့တော်၌နေထိုင်လျက်ရှိ၏။ ထိုမော်ဒကဲသည်၊ မိသက်ဆိုး၊ ဘသက်ဆိုးဖြစ်သူ၊ အဆင်းသဏ္ဌာန်လှ၍ ရှုချင်ဖွယ်ကောင်းသော၊ ဘထွေးသမီး၊ ဟဒသာခေါ်ဧသတာကို၊ မိဘတို့သေကတည်းက၊ သမီးရင်းသဖွယ်ထားလျက်မွေးစားလေ၏။
ဘုရင်မင်းထုတ်ဆင့်သောအမိန့်တော်ကို ကြော်ငြာသည့်အတိုင်း၊ ရှုရှန်မှန်နန်းတော်အုပ်ဟေဂလက်သို့ရောက်သော သမီးကညာအမြောက်အမြားနှင့်ဧသတာလည်း ရောက်၏။ ဧသတာသည်၊ ဟေဂဲစိတ်နှင့်တွေ့၍မျက်နှာရသဖြင့်၊ လိမ်းကျံရန်နံ့သာအမျိုးမျိုးမှစသော အဝတ်အစားများနှင့်၊ နန်းတော်ရှိလက်ရွေးအပျိုတော်ခုနစ်ယောက်ကိုအ ဆောတလျင်အပ်ပေးပြီးလျှင်၊ အပျိုတော်များပါ၊ မှန်နန်းဆောင်အမြတ်ဆုံးနေရာတွင်ထား၏။ 10 မော်ဒကဲမှာထားသည့်အတိုင်း၊ ဧသတာသည် အမျိုးအနွယ်ကိုမဖော်မပြသေး။ 11 မော်ဒကဲလည်း၊ ဧသတာ၌မည်သို့ရှိနေသည်၊ မည်သို့ဖြစ်ပျက်မည်ကိုသိခြင်းငှာ၊ မှန်နန်းတံတိုင်းပြင်မှာ၊ နေ့စဉ်လှေျာက်သွားလေ့ရှိ၏။
12 အပျိုတော်တို့ထုံးနည်းအတိုင်း၊ မုရန်ဆီခြောက်လ၊ နံ့သာမျိုးနှင့်အခြားလိမ်းကျံရန်ဆီခြောက်လ၊ ဆယ့်နှစ်လပတ်လုံးလိမ်းကျံရန်ကာလစေ့ပြီးမှ၊ အာရွှေရုမင်းထံအလှည့်ကျ ဝင်ရကြသောအခါ၊ 13 အဆောင်တော်သို့ဝင်ရသောအပျိုတော်သည်၊ မှန်နန်းတော်မှအလိုရှိသမျှယူသွားရာ၊ 14 ညဉ့်ဦးအချိန်ဝင်၍နံနက်အချိန်ရောက်သော်၊ ဒုတိယမှန်နန်းဆောင်တွင်၊ မောင်းမကိုယ်လုပ်တော်များကိုကြည့်ရှုသူမိန်းမစိုးရှာရှဂါဇထံသို့ပြန်ရလေ၏။ ဘုရင်မင်းအ မြတ်တနိုးအမည်ဖြင့်မခေါ်လျှင်၊ နောက်တစ်ဖန်အထံတော်သို့မဝင်ရ။
15 သမီးရင်းသဖွယ်မော်ဒကဲမွေးစားသော၊ ဘထွေးအဘိဟဲလသမီးဧသတာသည်၊ အလှည့်ကျ၍ဘုရင်မင်းထံဝင်ရသောအခါ၊ မှန်နန်းတော်အုပ်မိန်းမစိုးဟေဂဲစီရင်ရာမှတပါး၊ မည်သည်ကိုမျှမယူဘဲ။ တွေ့သမျှတို့ရှေ့မျက်နှာရသတည်း။ 16 အာရွှေရုမင်းနန်းစံခုနစ်နှစ်၊ တေဗက်ခေါ်ဒသမလတွင်၊ ဧသတာကိုအဆောင်တော်သို့သွင်းဆက်သောအခါ၊ 17 ဘုရင်မင်းသည် မိဖုရားတကာတို့ထက်မြတ်နိုး၍၊ အပျိုကညာအပေၙါင်းတို့ထက်လည်းမျက်နှာသာရေပးသဖြင့် မာလိကတန်ဆာကိုဆင်ယင်ေစလျက်ဝါရှတိအရာ၌မိဖုရားေမြှာက်ပြီးလျှင်၊ 18 ဧသတာ့ပွဲဟူ၍ခမ်းနားသောစားသောက်ပွဲသဘင်ကို၊ မှူးတော်မတ်တော်၊ ကျေးကျွန်သင်းပင်းတို့အဖို့ယင်လျက်၊ ပြည်ထောင်တကာတွင် အငြိမ်းပေးသည့်ပြင်၊ ရက် ရောစွာလှူဒါန်းလေ၏။
19 ဒုတိယအကြိမ် သမီးကညာတို့ရောက်ပြန်သောအခါ၊ မောဒကဲသည် နန်းတော်တံခါးအတွင်း နေထိုင်ရ၏။ 20 ဧသတာလည်းမော်ဒကဲမွေးစားသည်ကကဲ့သို့၊ အမိန့်ကိုနားထောင်လျက်ရှိသည်ဖြစ်၍၊ မှာထားသည့်အတိုင်းအမျိုးအနွယ်ကို မဖော်မပြသေး။ 21 ထိုသို့နန်းတော်တံခါးအတွင်း၊ မော်ဒကဲနေထိုင်လျက်ရှိစဉ်အခါ၊ အဝင်အထွက်စောင့်ကြည့်ရသောမိန်းမစိုးဗိဂသံ၊ တေရက်နှစ်ယောက်တို့သည်၊ အာရွှေရုမင်းကိုစိတ် နာ၍လက်ရောက်ပြုရန်ကြံစည်ကြရာ၊ 22 မော်ဒကဲရိပ်မိသဖြင့်၊ မိဖုရားဧသတာအားဖော်ပြလေ၏။ ဧသတာလည်းမော်ဒကဲဖော်ပြကြောင်းဘုရင်မင်းထံတင်လျှောက်သည့်အတိုင်း၊ စစ်ကြော၍ အမှန်ထင် ရှားသော်၊ 23 ထိုသူနှစ်ယောက်တို့ကိုလည်ဆွဲတိုင်၌ဆွဲထား၍၊ နေ့စဉ်မှတ်စာတန်းတွင်၊ ဘုရင်မင်းရှေ့တင်သွင်းကြသတည်း။