ဧသတာဝတ္ထု
1
1-2 အိန္ဒိယပြည်မှစ၍ ကုရှပြည်တိုင်အောင်၊ တစ်ရာ့နှစ်ဆယ့်ခုနစ်ပြည်ထောင်ကို အုပ်စိုးရသောဘုရင်အာရွှေရုမင်းသည်။ ရှုရှန်နန်းမြို့တော်ရာဇပလ္လင်ထက် နန်းစံသုံးနှစ်တွင်၊ 3-4 ပေရသိ၊ မေဒိဗိုလ်ချုပ်၊ မှူးတော်မတ်တော်၊ အဝေးဝန်တို့ညီလာခံကြစဉ်၊ မှူးတော်မတ်တော်၊ ကျေးကျွန်သင်းပင်းတို့အဖို့၊ ရက်ပေါင်းတစ်ရာ့ရှစ်ဆယ်တိုင်တိုင်စားသောက်ပွဲ သဘင်ယင်လျက်၊ တန်ခိုးကြီးသောနိုင်ငံတော်စည်းစိမ်နှင့်ဘုန်းအသရေတော်ကိုဖော်ပြလေ၏။ 5-6 ထိုနေ့ရက်ကာလလွန်ပြီးနောက်၊ ဘုရင်မင်းသည်၊ ကျောက်ဖြူတိုင်များ၌ငွေချောင်းလျှိုလျက်၊ လျှော်ချည်၊ အမောင်းချည်ကြိုးဖြင့်ဆွဲကာသောပိတ်ချောအဖြူ၊ အပြာ တင်းတိမ်ရံများနှင့်လည်းေကာင်း၊ ေကျာက်အမောင်း၊ အဖြူ၊ အဝါ၊ အနက်ခင်းသော သမံတလင်းပေါ်တွင်ရွှေဖတိုင်၊ ငွေဖတိုင်များနှင့်လည်းေကာင်း၊ ခင်းကျင်းသောနန်းမြို့ရိုးအတွင်း၊ ဥယျာဉ်တော်၌။ ရှုရှန်မြို့နန်းတော်သို့ လာရောက်စုရုံးပြီးလူအယုတ်အလတ်အမြတ်တို့အဖို့၊ ခုနစ်ရက်ပတ်လုံးစားသောက်ပွဲသဘင်ယင်ရာ၊ အထူးထူးအပြားပြားသောရွှေဖလားများနှင့်၊ စပျစ်ရည်များစွာကိုဘုရင်မင်းတည်ခင်းသည့်အလျောက်သောက်ရကြလေ၏။ အသီးအသီးတို့သဘောရှိရာ လိုက်ကြရမည်ဟု၊ နန်းတွင်းအရာရှိတို့အား ဘုရင်မင်းမိန့်ဆိုသည်ဖြစ်၍အနိုင့်အထက်မဟုတ်၊ တရားနှင့်အညီသောက်ရကြ၏။ မိဖုရားဝါရှတိလည်း၊ အာရွှေရုမင်းနန်းတွင်းရှိမိန်းမတို့အဖို့စားသောက်ပွဲသဘင်ယင်လေ၏။
10-11 ခုနစ်ရက်မြောက်သောနေ့၌ ဘုရင်မင်းသည်၊ စပျစ်ရည်သောက်၍ ရွှင်လန်းသောအခါ၊ ရှုချင်ဖွယ်ကောင်းလှသောမိဖုရားဝါရှတိ၏တင့်တယ်ခြင်းကို၊ မှူးတော်မတ် တော်တို့နှင့် ပရိတ်သတ်အားပြလိုသဖြင့်၊ မာလိက တန်ဆာဆင်လျက် ရှေ့တော်သို့ဝင်စေခြင်းငှာ၊ အပါးတော်အမြဲမိန်းမစိုးမဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ်၊ ခုနစ်ယောက်တို့ကိုအမိန့်ထုတ်ရာ၊ 12 မိဖုရားသည် မိန်းမစိုးတို့ပြန်ကြားသောအမိန့်တော်ကိုဖီဆန်၍ မလာသည့်အတွက်၊ ဘုရင်မင်းဒေါသအမျက်ခြောင်းခြောင်းထွက်လေ၏။
13-14 ထိုအခါဘုရင်မင်းက၊ တရားဓမ္မသတ်ကျွမ်းကျင်သူတို့နှင့် တိုင်ပင်မြဲထုံးစံရှိသည်နှင့်အညီ၊ အနီးအပါးတွင်နေရာရလျက်၊ အေမျှာ်အမြင်ပညာရှိသူ၊ မျက်နှာတော်ကို ဖူးမြင်ရလျက် နိုင်ငံတော်တွင် ကြီးမြတ်သောရာထူးရှိသူ၊ ပေရသိ၊ မေဒိမှူးတော် မတ်တော်ကာရှေန၊ ရှေသာ၊ အာဒမာသ၊ တာရှူ၊ မေရက်၊ မာသေန၊ မမုကန်ခုနစ်ပါးတို့အား၊ 15 မိန်းမစိုးတို့ပြန်ကြားသောငါအာရွှေရုမင်းအမိန့်တော်အတိုင်း၊ မလိုက်မနာသောမိဖုရားဝါရှတိ၌၊ ဓမ္မသတ်နှင့်အညီ၊ မည်သို့စီရင်ရမည်နည်းဟု မေးမြန်းလျှင်၊ 16 ဘုရင်မင်းနှင့်မှူးတော်မတ်တော်တို့ရှေ့မမုကန်က၊ မိဖုရားဝါရှတိသည်၊ ဘုရင်မင်းကိုသာတော်လှန်သည်မဟုတ်ပါ။ ဘုရင်မင်းပိုင်ပြည်ထောင်တကာရှိ မှူးမတ်အ ပေါင်းနှင့်ပြည်သူပြည်သားအများကိုလည်း၊ တော်လှန်ရာရောက်ပါပြီ။ 17 မိဖုရားဝါရှတိကို ဘုရင်အာရွှေရုမင်းခေါ်၍မလာဟု၊ အနှံ့အပြားပြောဆိုကြသည့်ကာလ၊ မိဖုရားပြုသောဤအမှုကိုခပ်သိမ်းသောမိန်းမတို့ကြားသိလျှင်၊ ကိုယ့်ခင်ပွန်း အားမထီလေးစားပြုကြမည်သာမက၊ 18 ယနေ့တွင်ပင်၊ ပေရသိ၊ မေဒိမှူးမတ်ကတော်တို့သည်၊ မိဖုရားပြုသောဤအမှုကိုကြားသိလျှင်၊ မှူးတော်မတ်တော်အပေါင်းတို့အား ထိုသို့ပြန်ပြောကြသဖြင့်၊ မထီလေးစားပြုခြင်း၊ ဒေါသအမျက်ထွက်ခြင်းများပြားပါလိမ့်တကား။ 19 သို့ဖြစ်၍၊ ဘုရင်မင်းသဘောတော်ရှိပါလျှင်၊ ဝါရှတိသည် အာရွှေရုမင်းထံနောက်တစ်ဖန်မဝင်ရဟုအမိန့်ထုတ်ဆင့်၍၊ မပမပျောက်နိုင်သော၊ ပေရသိ၊ မေဒိလူမျိုး ဓမ္မသတ်တွင်တင်သွင်းလျက်၊ သူ့ထက်မြတ်သောမိန်းမကို၊ မိဖုရားမြှောက်တော်မူပါ။ 20 ဘုရင်မင်းအမိန့်တော်ကို ကျယ်ဝန်းသောနိုင်ငံတစ်ေလျှာက်၊ ထုတ်ဆင့်တော်မူသောအခါ၊ အယုတ်၊ အလတ်၊ အမြတ်ဖြစ်သောခင်ပွန်းတို့အား၊ မိန်းမအပေါင်းတို့ ရိုသေကြပါလိမ့်မည်ဟုတင်လျှောက်လေ၏။ 21-22 ထိုစကားကိုဘုရင်မင်းနှင့်မှူးတော်မတ်တော်တို့နှစ်သက်သဖြင့်၊ ဘုရင်မင်းသည်၊ လူတိုင်းကိုယ့်အိမ်ကိုအုပ်စိုး၍၊ ထိုသို့အုပ်စိုးရကြောင်းကိုယ့်ဘာသာစကားဖြင့်ကြော် ငြာရမည်ဟူသောအမိန့်တော်စာကို၊ ပြည်ထောင်တကာရှိလူအမျိုးမျိုးတို့ဘာသာအက္ခရာအလိုက်၊ မမုကန်တင်လျှောက်သောစကားအတိုင်းထုတ်ဆင့်လေ၏။