13
1-2 ထိုကာလ၊ မောရှေ၏ ပညတ္တိကျမ်းကို လူပရိသတ်ရှေ့ဖတ်ရွတ်သောအခါ၊ အမ္မုန်အမျိုး၊ မောဘအမျိုးသားတို့သည်၊ ဣသရေလအမျိုးသားတို့အား၊ အစားအသောက် နှင့်မကြိုဆိုဘဲ၊ ငါတို့ဘုရားသခင်မင်္ဂလာဖြစ်စေတော်မူသော အမင်္ဂလာပေးစေရန်၊ ဗာလံကိုငှားသောကြောင့်၊ အခါခပ်သိမ်းဘုရားသခင့်ပရိသတ်တော်၌မပါမဝင်ရဟူသောကျမ်း ချက်ကို တွေ့ရှိကြားသိကြလျှင်။
3 လူမျိုးခြားတို့နှင့် ခွဲခြားလျက်နေကြသတည်း။
4 ထိုသို့မတွေ့မီ၊ တောဘိယနှင့် တော်စပ်သူ၊ ငါတို့ဘုရားသခင့်ဗိမာန်တော်အခန်းများကိုအုပ်စိုးသောပရောဟိတ်ဧလျာရှိပ်သည်၊
5 ဘောဇဉ်သက္ကာ၊ နံ့သာပေါင်း၊ အသုံးအဆောင်တော်များမှစ၍။ လေဝိဂိုဏ်းသား၊ သီဆိုသူ၊ တံခါးစောင့်တို့အဖို့ပြဋ္ဌာန်းခဲ့သည့် ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ ဆယ်ဖို့တစ်ဖို့ အလှူများနှင့်၊ ပရောဟိတ်တို့အား မြှောက်ဆက်ရသောအလှူဟူသမျှ ယမန်သိုထားရာ အခန်းကြီးကို၊ တောဘိယအဖို့ပြင်ဆင်ခဲ့ပြီ။
6 ငါသည်၊ ဗာဗုလုန်ဘုရင်အာတဇေရဇ်မင်းနန်းစံသုံးဆယ့်နှစ်နှစ်တွင်၊ အပါးတော်သို့သွားနေခိုက် ကာလပတ်လုံး၊ ယေရုရှလင်မြို့၌မရှိ။
7 ကာလကြာမှဘုရင်မင်းထံအခွင့်တောင်း၍၊ ယေရုရှလင်မြို့သို့ပြန်ရောက်သောအခါ၊ ဘုရားသခင့်ဗိမာန်တော်တံတိုင်းအတွင်း၊ တောဘိယအဖို့အခန်းပြင်ဆင်သော ပြစ်မှုကို ဧလျာရှိပ်ပြုနှင့်ကြောင်းငါကြားသိလျှင်၊
8 အလွန်စိတ်နာလျက်၊ တောဘိယ၏ပရိဘောဂရှိသမျှကို ထုတ်ပစ်ပြီးမှ၊
9 အခန်းများစင်ကြယ်စေရန်စီရင်၍၊ ဘုရားသခင့်ဗိမာန့်တော်အသုံးအဆောင်ဘောဇဉ်သက္ကာ၊ နံ့သာပေါင်းများကိုဆောင်ယူပြန်သွင်းလေ၏။
10 အမှုတော်ဆောင်လေဝိဂိုဏ်းသားနှင့် သီဆိုသူတို့သည်၊ ရိက္ခာတော်မရသည့်အတွက်၊ ကိုယ့်လယ်မြေရှိရာထွက်သွားကြောင်းငါသိလျှင်၊
11 ဘုရားသခင့်ဗိမာန်တော်ကိုအဘယ့်ကြောင့်စွန့်ခွာကြသနည်းဟု၊ အရာရှိတို့အားပြစ်တင်ပြောဆိုပြီးနောက်၊ လေဝိဂိုဏ်းသားတို့ကိုစုရုံးစေလျက်၊ ရာထူးရင်း၌ခန့်ရပြန်၏။
12 ထိုကာလ၊ ယုဒလူမျိုးအပေါင်းတို့သည်၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ ဆယ်ဖို့တစ်ဖို့အလှူကိုကြက်သရေတိုက်သို့သွင်းမြဲသွင်းရကြသည်နှင့်၊
13 ဆွေမျိုးသားချင်းတို့သို့ဝေဖန်ရန်တာဝန်အတိုင်း၊ သစ္စာစောင့်သူဟုမှတ်ယူသော ပရောဟိတ်ရှေလမိ၊ ကျမ်းတတ်ဆရာဇာဒုတ်၊ လေဝိဂိုဏ်းသားပေဒါယတို့ကို၊ ကြက်သရေတိုက်အုပ်၊ မဿနိမြေး ဇက္ကုရသားဟာနန်ကိုလက်ထောက်၊ ခန့်ထားလေ၏။
14 အိုအကျွန်ုပ်၏ဘုရားသခင်၊ ထိုအမှုကိုထောက်၍ အကျွန်ုပ်အားသတိရတော်မူပါ။ အကျွန်ုပ်ဘုရားသခင့်ဗိမာန်တော်နှင့်ဆိုင်ရာဝတ်အဖို့ပြုခဲ့သောကောင်းမှုကိုချေ ဖျောက်တော်မမူပါနှင့်။
15 ထိုကာလ၊ ဥပုသ်နေ့၌ စပျစ်သီးဖိနင်းခြင်း၊ ကောင်းလှိုင်းသွင်းခြင်း၊ မြည်းဝန်တင်ခြင်းများပြင်၊ ယေရုရှလင်မြို့တွင်းသို့ စပျစ်သီး၊ စပျစ်ရည်၊ သဖန်းသီးမှစ၍၊ အမျိုးမျိုးဆောင်သွင်းကြသော ယုဒလူမျိုးတို့ကိုငါမြင်သောကြောင့်၊ စားဖွယ်သောက်ရာရောင်းချသော နေ့တွင်ပင်ငါသတိပေး၏။
16 ယေရုရှလင်မြို့နေတုရုမြို့သားတို့လည်း၊ ငါးစသည်များကိုယေရုရှလင်မြို့သို့သွင်း၍ ယုဒအမျိုးသားတို့ထံဥပုသ်နေ့၌ရောင်းချသည့်အတွက်၊
17 ယုဒမှူးမတ်တို့အား၊ ဥပုသ်နေ့ကိုဖျက်၍ သင်တို့ပြုသောပြစ်မှုကား၊ အသို့နည်း။
18 ဘိုးဘေးတို့လည်းထိုသို့ပြုသဖြင့်၊ ခံခဲ့ရသောဘေးဒုက္ခအမျိုးမျိုးကို၊ ငါတို့၌လည်းေကာင်း၊ ဤမြို့၌လည်းေကာင်း၊ ငါတို့ဘုရားသခင်သင့်ရောက်စေတော်မူသည်မဟုတ်လော။ သင်တို့သည် ဥပုသ်နေ့ကို ဖျက်သောကြောင့်၊ အမျက်တော်ဒဏ်လွန်ကဲသင့်ရောက်လေစွတကားဟု၊ ငါအပြစ်တင်ပြီးမှ၊
19 အဖိတ်နေ့နေရောင်ကွယ်သည်မှ ဥပုသ်နေ့ကုန်သည့်တိုင်အောင်၊ ယေရုရှလင်မြို့တံခါးများ ပိတ်ထားရမည်ဟုစီရင်၍၊ ဥပုသ်နေ့၌မြို့တွင်းသို့ကုန်စည်မသွင်းစေရန်၊ ငါ့ငယ်သားအချို့ကိုတံခါးစောင့်ခန့်ထားရ၏။
20 သို့ဖြစ်၍၊ ကုန်သည်၊ စျေးသည်တို့သည်၊ ယေရုရှလင်မြို့ပြင်မှာပင်တစ်ကြိမ်နှစ်ကြိမ်ဆိုင်ခင်းကြသဖြင့်၊
21 ငါက၊ မြို့ရိုးပတ်လည်တွင် အဘယ့်ကြောင့်ဆိုင်ခင်းကြသနည်း။ နောက်တစ်ဖန်ခင်းလျှင်၊ ရိုက်ဒဏ်စီရင်မည်ဟု၊ သတိပေးသည်ကစ၍၊ ဥပုသ်နေ့တွင်မလာကြချေ။
22 လေဝိဂိုဏ်းသားတို့အားလည်း၊ ကိုယ်ကိုသန့်ရှင်းစေပြီးလျှင်၊ ဥပုသ်နေ့ကိုသီးသန့်စိမ့်သောငှာ၊ တံခါးစောင့်သွားကြရမည်ဟုငါစီမံ၏။ အိုအကျွန်ုပ်ဘုရားသခင်၊ ဤအမှု ကိုလည်းထောက်၍အကျွန်ုပ်အားသတိရလျက်၊ မဟာကရုဏာတော်အလျောက် သနားတော်မူပါ။
23-24 ထိုကာလ၊ အာဇုတ်၊ အမ္မုန်၊ မောဘအမျိုးသမီးများနှင့် ထိမ်းမြားလျက်၊ ယုဒဘာသာစကားကိုမတတ်၊ အမိဘာသာအလိုက်၊ အာဇုတ်စကားရောနှောပြောဆိုသော သားသမီးရှိသူ ယုဒလူမျိုးတို့ကိုငါတွေ့မြင်ရာ၊
25 အပြစ်တင်ခြင်း၊ ကဲ့ရဲ့ခြင်း၊ ရိုက်နှက်ခြင်း၊ ဆံပင်ဆွဲမွှေ့ခြင်းများကိုပြုပြီးလျှင်၊ သင်တို့သမီးကိုချင်းတို့သားနှင့်လည်းေကာင်း၊ ချင်းတို့သမီးကို ကိုယ်နှင့်လည်းေကာင်း၊ သားနှင့်လည်းေကာင်း၊ မထိမ်းမြား မည့်အကြောင်း၊ ဘုရားသခင်ကိုတိုင်တည်၍ သစ္စာဆိုစေလျက်၊
26 ဣသရလဘုရင်ရှောလမုန်မင်းသည် ထိုသို့ပြုသောကြောင့်၊ ပြစ်မှားရာရောက်သည်မဟုတ်လော။ ဘုရားသခင်မြတ်နိုးတော်မူသဖြင့်၊ အတိုင်းတိုင်းအပြည်ပြည်၌ဘု ရင်တူမရှိရအောင်။ ဣသရေလတစ်မျိုးလုံးအပေါ်တွင် မင်းမြှောက်တော်မူသောထိုမင်းကိုပင်၊ မျိုးခြားမိန်းမတို့ပြစ်မှားစေခဲ့ပြီတကား။
27 ထို့ကြောင့်၊ မျိုးခြားမိန်းမတို့နှင့် ထိမ်းမြားခြင်းအပြစ်ကြီးပြု၍၊ ငါတို့ဘုရားသခင့်သစ္စာတော်ကိုဖောက်ကျော်သောသင်တို့စကားအတိုင်း၊ ငါတို့လိုက်ရမည်လောဟုဆို၏။
28 ပရောဟိတ်မင်း ဧလျာရှိပ်မြေးယောယဒသားတစ်ယောက်သည်၊ ဟောရုန်မြို့သားသမ္ဘာလတ်၏သမက်ဖြစ်သောကြောင့်၊ သူ့ကိုငါနှင်ထုတ်၏။
29 အိုအကျွန်ုပ်ဘုရားသခင်၊ ပရောဟိတ်ရာထူးကိုလည်းေကာင်း၊ ပရောဟိတ်နှင့်လေဝိဂိုဏ်းသားတို့ခံရသောပဋိညာဉ်သစ္စာတော်ကိုလည်းေကာင်း၊ ဖောက်ကျော်သူတို့အားမှတ်တော်မူပါ။
30 ထိုသို့ငါသည်၊ ယုဒလူမျိုးကိုလူမျိုးခြားတို့နှင့်ကင်းရှင်းစေပြီးမှ၊ ပရောဟိတ်၊ လေဝိဂိုဏ်းသားအသီးအသီးတို့တာဝန်အတိုင်းဝတ္တရားကိုလည်းေကာင်း၊
31 ချိန်းချက်သောအချိန်၌ ထင်းအလှူ၊ လက်ဦးလက်ဖျားအလှူများကိုလည်းေကာင်း၊ ငါစီမံ၏။ အိုအကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကိုသတိရ၍ ကျေးဇူးပြုတော်မူပါဟူ၍တည်း။