ဧဖက်ဩဝါဒကျမ်း
1
ဘုရားသခင့်အလိုတော်အတိုင်း ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သောပေါလုကဧဖက်မြို့ရှိ သီးသန့်ထားတော်မူသူ၊ ခရစ်တော်ယေရှု၌သစ္စာရှိသူတို့ထံ ရေးလိုက်သည်မှာ၊ ငါတို့အဘ ဘုရားသခင်နှင့်အရှင်ယေရှုခရစ်အထံတော်မှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ တည်ရှိပါစေသော။
ခရစ်တော်အားဖြင့်နာမ်ဝိညာဉ်အဖို့ ကောင်းကင်ဆိုင်ရာမင်္ဂလာအမျိုးမျိုးကိုသနားတော်မူသော ငါတို့အရှင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်၌ မင်္ဂလာရှိ၏။ 4-6 ထိုအကြံတော်နှင့် ကိုယ်တော်သည် စေတနာသဘောတော်အလျောက်မြတ်နိုးတော်မူသော၊ သားတော်အားဖြင့်သနားတော်မူသော ကျေးဇူးတော်၏ဘုန်းတော်ကိုချီးမွမ်းကြစေခြင်းငှါ ယေရှုခရစ်အားဖြင့် ကိုယ်တော်၏သားအဖြစ် ငါတို့ကိုမေတ္တာတော်၌တင်ရင်မှတ်သားလျက် ရှေ့တော်တွင် သန့်ရှင်းစင်ကြယ်ရာရောက်ကြစေခြင်းငှါ ဤလောကမတည်မီရွေးကောက်တော်မူလေပြီ။ သားတော်၏အသွေးတော်ကြောင့် ကြွယ်ဝသောကျေးဇူးတော်အလျောက် ငါတို့အား ရွေးနုတ်တော်မူခြင်းတည်းဟူသော ကျူးလွန်မှုများပြေလွတ်ခွင့်ကို ပေး​သနား​တော်မူသည့်ပြင်၊ 8-10 အချိန်ကာလပြည့်သော် ကောင်းကင်အရာ၊ မြေကြီးအရာခပ်သိမ်းကို ခရစ်တော်၌ချုပ်ခြာမည့် စေတနာအကြံတော်အလျောက် နက်နဲသောသဘောတော်ကိုဖော်ပြတော်မူလျက်၊ ဉာဏ်ပညာ၊ ဉာဏ်ပဋိဘာန်အမျိုးမျိုးနှင့် ကျေးဇူးတော်ကိုကြွယ်ဝစွာသနားတော်မူ၏။ 11-12 ခရစ်တော်၌ ဦးစွာေမျှာ်လင့်လျက်နေခဲ့ကြသောငါတို့သည် ဘုရားသခင့်ဘုန်းတော်ကို ချီးမွမ်းရာအကြောင်းဖြစ်စေခြင်းငှါ ကြံရွယ်သောသဘောတော်အလိုက် အရာရာကိုပြုပြင်တော်မူသောအရှင်၏ အကြံတော်နှင့်အညီ တင်ရင်မှတ်သားတော်မူခြင်းခံပြီးလျှင် ထိုအရှင်အားဖြင့် ပိုင်ရာတော်ဖြစ်ကြလေပြီ။ 13-14 သင်တို့လည်း ကိုယ်၏ကယ်တင်ခြင်းသတင်းတော်မြတ် တည်းဟူသော သမ္မာတရားတော်ကိုကြားနာရပြီးနောက် ထိုအရှင်ကိုယုံကြည်ကြသည်ဖြစ်၍ ပိုင်ဆိုင်တော်မူရာကို ရွေးနုတ်တော်မူသဖြင့် ဘုန်းတော်ကိုချီးမွမ်းကြစေခြင်းငှါ ငါတို့ပိုင်နက်စရန်ဖြစ်သောကတိတော်ထားပြီး သန့်ရှင်းသောဝိညာဉ်တော်နှင့် တံဆိပ်ခတ်တော်မူခြင်းခံရကြလေပြီ။
15 ထိုအကြောင်းကြောင့် အရှင်ယေရှုအား သင်တို့ယုံကြည်ခြင်း၊ သီးသန့်ထားတော်မူသူအပေါင်းတို့အား သင်တို့ချစ်ခြင်းအကြောင်းကို ကြားရသောငါကလည်း၊ 16 သင်တို့ကိုမပြတ်သတိရလျက်၊ သင်တို့အတွက်ကျေးဇူးတော်ကိုချီးမွမ်းရာ၊ 17-19 ငါတို့အရှင်ယေရှုခရစ်၏ဘုရားသခင်၊ ဘုန်းကြီးတော်မူသောအဘခမည်းတော်သည် ခေါ်ထားတော်မူခြင်းဆိုင်ရာ ေမျှာ်လင့်ခြင်း၊ သီးသန့်ထားတော်မူသူတို့ခံစားရသော ပိုင်စုဆိုင်ရာ ဘုန်းအသရေကြွယ်ဝခြင်း၊ ယုံကြည်သူငါတို့အပေါ်၌တည်သော တန်ခိုးတော့်ဆိုင်ရာကြီးမြတ်လွန်ကဲခြင်းများကို သိမြင်ကြစေရန် မနောစက္ခုပွင့်လင်းစေလျက် ကိုယ်တော်ကိုသိကျွမ်းရာ၌ ဗျာဒိတ်တော်နှင့် ဉာဏ်ပညာသဘောကို ပေးသနားတော်မူပါမည့်အကြောင်း ပဌနာပြု၏။ 20-22 ဆိုခဲ့သည့်ခွန်အားအစွမ်းသတ္တိတန်ခိုးတော်ဖြင့် ခရစ်တော်၌ပြုပြင်တော်မူလျက် သူသေတို့အထဲမှ ရှင်ပြန်ထမြောက်ခြင်းကိုလည်းေကာင်း၊ နတ်မင်း၊ အာဏာရှင်၊ တန်ခိုးရှင်၊ အုပ်စိုးရှင်ဟူသမျှမှစသော၊ ယခုဘဝ၊ နောင်ဘဝ၌သမုတ်သော ဘွဲ့နာမရှိသမျှတို့အထက်၊ ကောင်းကင်ဘုံတွင် ယာဘက်တော်၌စံနေခြင်းကိုလည်းေကာင်း၊ အရာခပ်သိမ်းကို ခြေတော့်အောက်ချထားခြင်းကိုလည်းေကာင်း၊ ရှိသမျှ၏ဦးထိပ်အဖြစ် အသင်းတော်အားသနားခြင်းကိုလည်းေကာင်း၊ စီရင်တော်မူ၏။ 23 အသင်းတော်မူကား ရှိရှိသမျှ၏အချက်အခြာဖြစ်တော်မူသော အရှင်၏အဖြည့်အစွက်၊ ကိုယ်တော်၏ကိုယ်ခန္ဓာဖြစ်သတည်း။