6
1 ညီအကိုတို့ တဦးဦးလွန်ကျူးစဉ်ပင်တွေ့မိလျင် ဝိညာဉ်သက်ဝင်သော သင်တို့သည် စုံစမ်းမခံမိစေရန် ကိုယ်ကိုသတိမူလျက် သိမ်မွေ့သောစိတ်နှင့် ပဲ့ပြင်ကရလော့။
2 တယောက်ဝန်ကိုတယောက်ထမ်းဆောင်သဖြင့် ခရစ်တော်၏ တရားတော်ကို ပြည့်စုံစေကရလော့။
3 တဦးဦးသည် အရေရသူဖြစ်ကြောင်း ထင်မြင်လျှင် မရေရသူဖြစ်သည့်အလျောက် ကိုယ်ကိုလှည်းစား၏။
4 အသီးသီးသည် ကိုယ့်အလုပ်ကိုစံချစေ။ သို့မှအခြားသူနှင့်စပ်၍မဟုတ် ဘဲ ကိုယ့်အကြောင်းနှင့်စပ်၍ ဂုဏ်တင်ခွင့်ရကြလိမ့်မည်။
5 အသီးသီးသည် ကိုယ့်ဝန်ထုပ်ကို ထမ်းသွားရလိမ့်မည်။
6 နှုတ်ကပတ်အရာ၌ သင်ကြားခံရသူတပည့်သည် သင်ကြားသူဆရာအား စည်းစိမ်ချမ်းသာအမျိုးမျိုးနှင့်ထောက်ပံ့စေ။
7 အထင်မလွဲကြနှင့်၊ ဘုရားသခင်သည် ပြောင်လှောင်ခြင်းကိုခံတော်မမူ လူသည်စိုက်ပျိုးသည့်အတိုင်းပင် ရိတ်သိမ်းရလိမ်မည်။
8 ရုပ်ခန္ဓာအလို့ငှာစိုက်ပျိုးသူသည် ရုပ်ခန္ဓာဆိုင်ရာပုပ်ပျက်ခြင်းကို၄င်း၊ ဝိညာဉ်တော်အလို့ငှာ စိုက်ပျိုးသူသည် ဝိညာဉ်တော်မှ ထာဝရအသက်ရှင်ခြင်းကို၄င်း၊ ရိတ်သိမ်းရလိမ့်မည်။
9 ကောင်းမှုကိုလက်မလွတ်ဘဲပြုကြကုန်အံ့။ အားလျော့ခြင်းကင်းလျှင် အချိန်စေ့သော် ငါတို့ရိတ်သိမ်းကြရလိမ့်မည်။
10 သို့ဖြစ်၍ ယုံကြည်ခြင်းတရားဆိုင်ရာ အိမ်သူအိမ်သားများမှစသော သူခပ်သိမ်းတို့အား အခါအခွင့်ရရှိသည့်အတိုင်း ကျေးဇူးပြုကြကုန်အံ့။
11 ငါသည်သင်တို့ထံမည်မျှကြီးသောအက္ခရာနှင့် ကိုယ့်လက်ဖြင့်ရေးလိုက်သည်ကို ကြည့်ကြလော့။
12 ကိုယ်ကာယ၌ ဂုဏ်အသရေထင်ပေါ်စေလိုသမျှသောသူတို့သည် အခြားမဟုတ် ခရစ်တော်၏ ကားတိုင်အတွက် ကိုယ်တိုင်ညှင်းပန်းခံရမည်စိုး၍ သင်တို့ကို လှီးဖြတ်ခြင်းမင်္ဂလာ ခံစေကြ၏။
13 မုချအားဖြင့် လှီးဖြတ်ခြင်းမင်္ဂလာခံသောသူတို့ပင် ပညတ်တရားကိုကိုယ်တိုင်မစောင့်ရှောက်ဘဲ သင်တို့ကိုယ်ကာယအတွက်ကြောင့် ဂုဏ်တင်ခွင့်ရရန် သင်တို့ကိုလှီးဖြတ်ခြင်းမင်္ဂလာခံစေကြ၏။
14 ငါတို့အရှင်ယေရှုခရစ်၏ ကားတိုင်တော်မှတပါး မည်သည့်အရာကြောင့်မျှ ဂုဏ်မတင်မိပါစေနှင့် ထိုကားတိုင်ပေါ်မှ ဤလောကသည် ငါနှင့်စပ်၍တင်ခြင်း ငါသည် ဤလောက၌ စပ်၍တင်ခြင်းကို ခံခဲ့ရပြီ။
15 လှီးဖြတ်ခြင်းမင်္ဂလာရှိမရှိ ပဌာနမဟုတ် လူသစ်ဖြစ်ခြင်သာ ပဌာနဖြစ်၏။
16 ဘုရားသခင်၌ ဣသရေလလူမျိုးဖြစ်သူ ဤနည်းလမ်းအတိုင်းလျောက်လိုက်သမျှသောသူတို့ အပေါ်၌ ငြိမ်သက်ခြင်းနှင့် ကရုဏာတော်သည် တည်ရှိပါစေသော်။
17 ယခုမှစ၍ မည်သူမျှငါ့ကို ဒုက္ခမရှာစေနှင့် ယေရှု၏တံဆိပ်တော်သည် ငါ့ကိုယ်ခန္ဓာ၌ ရိုက်ထင်လျက်ရှိ၏။
18 ညီအကိုတို့ ငါတို့အရှင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့စိတ်ဝိညာဉ်နှင့်အတူ တည်ရှိပါစေသော်။